၅၈ နှစ် အတွင်း ဘရာဇီးလ်ရဲ့ ပထမဆုံး နိုင်ငံခြားသား နည်းပြ ဖြစ်လာဖွယ် ရှိနေတဲ့ အင်းနရစ်ခ်၊ ဂရစ်ဇ်မန်းရဲ့ ခြေစွမ်းပြမှုနဲ့ ဗယ်လာဒိုးလစ်ကို အနိုင်ရခဲ့တဲ့ အက်တလက်တီကို စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၂ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
၅၈ နှစ် အတွင်း ဘရာဇီးလ်ရဲ့ ပထမဆုံး နိုင်ငံခြားသား နည်းပြ ဖြစ်လာဖွယ် ရှိနေတဲ့ အင်းနရစ်ခ်၊
ဘာစီလိုနာနဲ့ စပိန် နည်းပြဟောင်း လူး၀စ္စ အင်းနရစ်ခ်ဟာ ဘရာဇီးလ် လက်ရွေးစင် အသင်းရဲ့ နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြ တီထီက ရာထူး ကနေ နှုတ်ထွက်သွားခဲ့လို့ ဘရာဇီးလ်တို့ နည်းပြ လက်မဲ့ ဖြစ်နေပြီး နည်းပြသစ် တစ်ဦးကို အသည်းအသန် ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။
နည်းပြသစ် စာရင်းထဲမှာ အင်းနရစ်ခ်လည်း ပါဝင်နေပြီး လက်ရှိမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဘရာဇီးလ်ဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်းမှာ ပြည်တွင်း နည်းပြတွေ ကိုသာ ခန့်အပ်ထားခဲ့တာ ဖြစ်ပြီး အင်းနရစ်ခ် ကတော့ ၅၈ နှစ် အတွင်း ပထမဆုံး နိုင်ငံခြားသား နည်းပြ အဖြစ် မှတ်တမ်းဝင်သွားဖွယ်လည်း ရှိနေပါတယ်။
ဒါပေမယ့် အင်းနရစ်ခ် ကလည်း စပိန်ကို ကမ္ဘာ့ဖလားမှာ အောင်မြင်မှု ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့သလို သူ့ရဲ့ လူရွေးချယ်မှုနဲ့ ကစားဟန်တွေက ဝေဖန်ခံခဲ့ရပါတယ်။ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ အတူ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ အင်းနရစ်ခ်က မထင်မရှား ကစားသမားတွေကို ပိုမို အားကိုးတတ်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူသာ ဘရာဇီးလ် နည်းပြ ဖြစ်လာမယ် ဆိုရင် လူငယ် ကစားသမားတွေ ပိုမို အခွင့်အရေး ရနိုင်ဖွယ် ရှိပါတယ်။
ဗယ်လာဒိုးလစ်နဲ့ ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အန်တွမ် ဂရစ်ဇ်မန်း
အန်တွမ် ဂရစ်ဇ်မန်း ကတော့ ဗယ်လာဒိုးလစ်ကို ၃-၀နဲ့ အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ အက်တလက်တီကို မက်ဒရစ် အတွက် ခြေစွမ်းကောင်းတွေ ထပ်မံ ပြသသွားနိုင်ခဲ့ပါတယ်။ ဂရစ်ဇ်မန်းက ဒီရာသီမှာ ဆီမြွန်နီ အတွက် တော်တော်လေး အားကိုးနေရပြီး ကိုယ်တိုင် ၁ ဂိုး သွင်းပြီး ဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ မိုရာတာရဲ့ အဖွင့်ဂိုး အတွက် ဂရစ်ဇ်မန်းက ဖန်တီးပေးခဲ့ပြီး ၄ မိနစ် အကြာမှာတော့ သူကိုယ်တိုင် ၁ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ် လာလီဂါမှာ ဂရစ်ဇ်မန်းက ၆ ဂိုး သွင်းကာ ၆ ကြိမ် ဖန်တီးပေးထားပြီး ဖြစ်ပါတယ်။ ဘာစီလိုနာမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့နောက် ဂရစ်ဇ်မန်းဟာ အသင်းဟောင်း အက်သလက်တီကိုမက်ဒရစ်ကို ပြန်လည် ရောက်ရှိချိန် မှာတော့ အရင်လို ခြေစွမ်းကောင်းတွေ ပြန်ရနေခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲ မှာတော့ ဆီမြွန်နီက သူ့ရဲ့ ကစားသမားသစ်ဖြစ်တဲ့ မမ်းဖစ် ဒီပိုင်း ကိုလည်း ထည့်သွင်း ကစားခဲ့ပါတယ်။ ဒီပိုင်းက လူစားဝင် ကစားသမား အဖြစ်နဲ့ ပါဝင်လာခဲ့တာ ဖြစ်ပြီး နိုင်ပွဲ ရခဲ့တဲ့ အတွက် အသင်းသစ်မှာ အဖွင့်လှခဲ့တယ်လို့ ပြောရပါမယ်။ အက်တလက်တီကို လာမယ့်ပွဲ အဖြစ် ဇန်နဝါရီ ၂၇ မှာ စပိန် ကိုပါဒယ်ရေး ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ဒါဘီပွဲ ကစားရဖို့ ရှိနေပါတယ်။
လာလီဂါ အမှတ်ပေးဖလား ကိုပါ မျှော်လင့်လာနိုင်တဲ့ ရီးရဲလ် ဆိုစီဒက်
ရေယို ဗယ်လက်ကာနိုကို အဝေးကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ရီးရဲလ် ဆိုစီဒက် ကတော့ အမှတ်ပေးဇယား ထိပ်ဆုံးက ဘာဆာနဲ့ ရီးရဲလ်မက်ဒရစ်ကို အနီးကပ် ဖိအားပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ဆိုစီဒက်က ၁၈ ပွဲ ကစားထားရာမှာ ရမှတ် ၃၈ မှတ် ပိုင်ဆိုင်ထားပြီး ဘာဆာနဲ့ ၃ မှတ်သာ ကွာဟသလို ရီးရဲလ်မက်ဒရစ်နဲ့ အမှတ်တူ ဖြစ်နေပါတယ်။
ဒါပေမယ့် ဆိုစီဒက်က ၂ ပွဲ ပိုကစားထားပြီး ဘာဆာနဲ့ ရီးရဲလ်မက်ဒရစ်တို့ နိုင်ပွဲရခဲ့မယ် ဆိုရင်တော့ အမှတ် ကွာဟချက်က ပြန်လည် ကြီးမားသွားမှာ ဖြစ်ပါတယ်။ ဆိုစီဒက်က ၁၈ ပွဲ ကစား အပြီးမှာ နိုင်ပွဲ ၁၂ ပွဲ ရထားပြီး ၄ ပွဲ အရေးနိမ့်ကာ ၂ ပွဲ သရေကျထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.