ဇာနီယိုလိုကို ရိုးမား ကနေ ထွက်ခွာဖို့ သွယ်ဝိုက် တိုက်တွန်းခဲ့တဲ့ အီတလီ နည်းပြ၊ ဂျူဗင်တပ်စ်ရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေတဲ့ ဘရိုက်တန် နည်းပြ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၆ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဇာနီယိုလိုကို ရိုးမား ကနေ ထွက်ခွာဖို့ သွယ်ဝိုက် တိုက်တွန်းခဲ့တဲ့ မန်စီနီ
ဇာနီယိုလိုဟာ စီးရီးအေ ကလပ် ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး တော့တင်ဟမ်ဟော့စပါးက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
မန်စီနီက ဇာနီယိုလို အနေနဲ့ ထိပ်တန်း အဆင့် အရည်အသွေးတွေကို ပိုင်ဆိုင်ထားကြောင်း၊ ဒါပေမယ့် သူ့ကိုယ်သူ သက်သေပြဖို့ အတွက် ပွဲကစားခွင့် ရရှိဖို့ လိုအပ်ကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံဆု အတွက် အားလျှော့လိုက်တဲ့ အင်တာမီလန် ကွင်းလယ်လူ
အင်တာမီလန်က အမ်ပိုလီကို အိမ်ကွင်း ဆန်စီရိုမှာတင် ၀-၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာပါ။
အဆိုပါ ပွဲအပြီးမှာ ချာဟာနိုဂလူးက ပထမ နေရာက အသင်းနဲ့ (၁၃) မှတ် ကွာဟတာက အရမ်းကို များလွန်းကြောင်း၊ ချန်ပီယံဆု အတွက် ယုံကြည်နေဖို့က ခက်ခဲသွားပြီ ဖြစ်ကြောင်း၊ ဒါပေမယ့် ပွဲတွေ အများကြီး ကျန်သေးပြီး အမှား ထပ်မလုပ်နိုင်ဖို့ လိုအပ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
ဂျူဗင်တပ်စ်ရဲ့ ပစ်မှတ်တွေ ထဲမှာ ဘရိုက်တန် နည်းပြလည်း ပါဝင်
အယ်လီဂရီရဲ့ ဂျူဗင်တပ်စ်ဟာ ဒီရာသီ အစောပိုင်းမှာ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်ခဲ့ပြီး ရလဒ် ပြန်ကောင်းလာချိန်မှာလည်း တရားမဝင် စာရွက်စာတမ်း ကိစ္စတွေကြောင့် ရမှတ် (၁၅) မှတ် အလျှော့ခံခဲ့ရပါတယ်။
လက်ရှိအချိန် ထိလည်း အယ်လီဂရီရဲ့ အနာဂတ်က လှုပ်ခတ်နေဆဲ ဖြစ်တာကြောင့် စီးရီးအေ ကလပ်ရဲ့ တာဝန်ရှိသူတွေက နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ဒီဇာဘီကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.