နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကွင်းထဲမှာ ဆိုရင် လူပါ သတ်ချင်တယ်လို့ ဖွင့်ဟလိုက်တဲ့ မာတီနက်ဇ်၊ ခရာဘောင်ဖလား ဗိုလ်လုပွဲနဲ့ လွဲချော်နိုင်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ကွင်းထဲမှာ ဆိုရင် လူပါ သတ်ချင်တယ်လို့ ဖွင့်ဟလိုက်တဲ့ မာတီနက်ဇ်၊ ခရာဘောင်ဖလား ဗိုလ်လုပွဲနဲ့ လွဲချော်နိုင်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကွင်းထဲမှာ ဆိုရင် လူပါ သတ်ချင်တယ်လို့ ဖွင့်ဟလိုက်တဲ့ မာတီနက်ဇ်

မန်ချက်စတာယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က သူဟာ ကွင်းထဲမှာ ဆိုရင် ဘယ်လို ခံစားချက်တွေ ဖြစ်လာတတ်သလဲ ဆိုတာကို ဖွင့်ဟလာပါတယ်။ မာတီနက်ဇ် ကတော့ အေဂျက်ဇ် ကနေ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ယူနိုက်တက်ရဲ့ အဓိက ကစားသမား အဖြစ် ရှိနေခဲ့ပြီး သူ့ရဲ့ ခပ်ကြမ်းကြမ်း ကစားဟန်ကို ပရိသတ်တွေက သဘောကျနေခဲ့ကြပါတယ်။

ပရီးမီးယား လိဂ်
တော့တင်ဟမ် ဟော့စပါး
ချဲလ်ဆီး
1X2 တော့တင်ဟမ် ဟော့စပါး 2.49
တော့တင်ဟမ် ဟော့စပါး ပထမပိုင်း အာရှ ဟန်းဒီးကပ် -0.25 @ 2.17
ဂိုးပေါ် 2.25 @ 1.82
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

“ ကွင်းထဲမှာ ပြိုင်ဘက်တွေကို ကြမ်းကြမ်းတမ်းတမ်း ကစားရင်း ကျနော် ကိုယ့်ကိုကိုယ် ထိန်းချုပ်ရပါတယ်၊ အဲဒီလိုမှ မဟုတ်ရင် ပွဲတိုင်း အပယ်ခံနေရမှာ၊ လိမ္မာဖို့ဆိုတာက ခက်တယ်ဗျ၊ တကယ် ခက်တယ်၊ တခါတလေ ကျနော် သတ်ချင်စိတ်တွေပါ ပေါ်လာတာ၊ ဒါပေမယ့် အဲဒါကို ထိန်းချုပ်နေရတယ်”

“ ဒါက ကျနော်တို့ အာဂျင်တီးနားရဲ့ ယဉ်ကျေးမှုလို့ ထင်တယ်၊ ကျနော်တို့ အတွက် အရာအားလုံးမှာ ဒီလိုမျိုး စိတ်ထားတွေနဲ့ပါ၊ ကျနော် ကလေး ဘ၀တုန်းက ဆိုရင် ၄ နှစ်၊ ၅ နှစ်လောက်မှာ ရန်စဖြစ်တယ်၊ ကျနော် ရှုံးပြီး ဆိုရင် ငိုတော့တာပဲ၊ ဒါကြောင့် အဲဒီစိတ်က ကျနော့် အသွေးအသား၊ နှလုံးသားထဲက လာတာလို့ ပြောရပါမယ်” လို့ မာတီနက်ဇ်က ဆိုပါတယ်။


ခရာဘောင်ဖလား ဗိုလ်လုပွဲနဲ့ လွဲချော်နိုင်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာကို အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ် အပြီးမှာ ထော့နဲ့ထော့နဲ့ ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် ပရိသတ်တွေ အကြားမှာ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ရပါတယ်။ အခုအခါမှာ သူဟာ ဒဏ်ရာရရှိသွားခဲ့ပြီး နယူးကာဆယ်နဲ့ ကစားရမယ့် ခရာဘောင်ဖလား ဗိုလ်လုပွဲကို လွဲချော်နိုင်တယ်လို့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က ပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာကို အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ် အပြီးမှာ ထော့နဲ့ထော့နဲ့ ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် ပရိသတ်တွေ အကြားမှာ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ရပါတယ်။
ခရာဘောင်ဖလား ဗိုလ်လုပွဲကို လွဲချော်နိုင်ချေ ရှိနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်

အိုးထရက်ဖို့ဒ်ကွင်း အပြင်ဘက်မှာ စောင့်ဆိုင်းနေတဲ့ ပရိသတ် တစ်ဦးက ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ ရက်ရှ်ဖို့ဒ် တစ်ယောက် ထော့နဲ့ထော့နဲ့ လမ်းလျှောက်သွားခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ မန်ယူနိုက်တက် ပရိသတ်တွေဟာ တနင်္ဂနွေနေ့မှာ နယူးကာဆယ်နဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲ ကစားဖို့ ရှိနေတာကြောင့် ကြယ်ပွင့် ကစားသမားရဲ့ ဒဏ်ရာ ပြင်းထန်မှာကို စိုးရိမ်နေခဲ့ကြတာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်က ယူနိုက်တက် အတွက် ဆက်တိုက် ခြေစွမ်းပြနေတာ ဖြစ်ပြီး သူသာ မပါဝင်နိုင်ရင် ဒါဟာ အသင်း အတွက် ကြီးမားတဲ့ နစ်နာမှု ဖြစ်လာမှာပါ။ အသင်း အတွက် အရေးပါတဲ့ သွင်းဂိုးတွေကို ဒိုင်ခံ သွင်းယူပေးနေတာ ဖြစ်ပြီး သူ ပါဝင်ကစားနိုင်ဖို့ အတွက် ယူနိုက်တက် ပရိသတ်တွေက မျှော်လင့်နေကြရပါပြီ။


အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ ဂရေဟမ် ပေါ်တာ

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းရဲ့ နည်းပြ ဂရေဟမ် ပေါ်တာက သူနဲ့ သူ့မိသားစုကို အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ချဲလ်ဆီး နည်းပြဘ၀မှာ ရလဒ်တွေ ဆိုးရွားနေပြီး အသင်းကို အကောင်းဆုံး ဖြစ်အောင် မတည်ဆောက်ပေးနိုင်ချိန်မှာ အခုလို ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်လာခဲ့ရတာ ဖြစ်ပါတယ်။

ပေါ်တာက “ ကျနော့်မှာ ပံ့ပိုးမှုတွေ ရှိနေသလောက် တချို့က ကျနော်နဲ့ ကျနော့် ကလေးတွေကို သတ်ပစ်မယ် ဆိုတဲ့ အီးမေးလ်တွေ ပို့တာ ကိုလည်း ရင်ဆိုင်နေရပါတယ်၊ ဒါကို လက်ခံနေရတာက အဆင်မပြေဘူး၊ အခြေအနေမှန်ကို လက်ခံရမယ်၊ ဝေဖန်တာကို ခံယူရမယ်၊ ဒါပေမယ့် မမှန်ကန်တဲ့ အရာတွေ ကိုတော့ မလုပ်ပါနဲ့” လို့ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားရမယ့် လန်ဒန်ဒါဘီပွဲ မတိုင်ခင်မှာ ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီး ကတော့ သူ့လက်ထက်မှာ အခြေအနေ ဆိုးရွားနေပြီး ကစားသမားသစ်တွေ အများအပြား ခေါ်ယူကာ ပြင်ဆင်ထားပေမယ့်လည်း နိုင်ပွဲ ရှာတွေ့ဖို့ ခဲယဉ်းနေဆဲ ဖြစ်ပါတယ်။ ဒီတပတ် မှာလည်း စပါးနဲ့ ကစားရမှာဖြစ်လို့ ပွဲကြပ်နေပြီး ဒီပွဲ ကိုသာ အနိုင်မရခဲ့ဘူး ဆိုရင် ပေါ်တာရဲ့ ချဲလ်ဆီး နည်းပြ ရာထူးက ပိုမိုလှုပ်ခတ်လာတော့မှာပါ။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်