နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နယ်လ်ဆင်ရဲ့ နောက်ဆုံး မိနစ် ဂိုးနဲ့ နိုင်ပွဲ အရ ယူသွားတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

အာဆင်နယ် ၃၂ ဘုန်းမောက်

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်တို့ တန်းဆင်းဇုန်ထဲက ဘုန်းမောက်ကို အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့ရပေမယ့် မထင်မှတ်ပဲ ခက်ခဲခဲ့ပါတယ်။ ၂ ဂိုးပြတ် ရှုံးနေပြီးမှာ လူစားဝင် ကစားသမားတွေရဲ့ ခြေစွမ်းပြမှုကြောင့် အာဆင်နယ်တို့ အဖိုးတန် ၃ မှတ် ရခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ နည်းပြ မီခဲလ် အာတေတာ အနေနဲ့ အဲဗာတန်နဲ့ ပွဲက လူစာရင်းကို အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခဲ့ပါတယ်။ ကွင်းလယ်မှာ ဂျော်ဂျင်ဟိုကို အနားပေးပြီး ပါတေးကို ပြန်သုံးခဲ့သလို ချာကာ နေရာမှာ ဗီအဲရာကို ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ ခံစစ် ညာအစွန်မှာလည်း ဘန်ဝှိုက် အစား ဂျပန်ကြီးကို ပွဲထွက်စေခဲ့ပြီး ထရော့ဆက်ဒ် ကိုတော့ အထောင် တိုက်စစ် နေရာမှာပဲ ဆက်လက် ကစားစေခဲ့ပါတယ်။ ဘုန်းမောက် ကတော့ ထင်ထားသလို ခံစစ် အားပြုတဲ့ ၅-၄-၁ အခင်းအကျင်းနဲ့ပဲ ပွဲထွက်ခဲ့ပြီး ပိတ်ကစားဖို့ ကြိုးစားခဲ့ပါတယ်။

ဘုန်းမောက် ကတော့ အဆင့် ၁၉ နေရာမှာပဲ ရှိနေခဲ့ပြီး ပရီးမီးယားလိဂ် မှာ တင်ကျန်ရေး ဆက်လက် တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။
၂ ဂိုးပြတ် ဦးဆောင်ပြီးမှ အရှုံးပေးခဲ့ရလို့ စိတ်ပျက်သွားခဲ့တဲ့ ဘုန်းမောက်

ဒါပေမယ့်လည်း ဧည့်သည် ဘုန်းမောက်တို့ ပွဲစပြီး ၄၄ စက္ကန့်မှာတင်ပဲ ဦးဆောင်ဂိုး ရသွားခဲ့ပြီး အာဆင်နယ် နောက်ခံလူတွေရဲ့ အထနှေးမှု၊ ပေါ့ဆမှုတွေ ကနေ ဘေးလင်းက အသာအယာ ပိတ်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၂၂ မိနစ် မှာတော့ ထရော့ဆက်ဒ် ဒဏ်ရာရသွားလို့ စမစ်ရိုးဝ်နဲ့ လူစားလဲခဲ့ရပါတယ်။ အဲ့နောက် အာဆင်နယ်တို့ ကစားကွက် တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပေမယ့် အဆင့်ဆင့် ပိတ်ဆို့နေတဲ့ ဘုန်းမောက် ခံစစ်ကို ကျော်ဖြတ်ဖို့ အခက်တွေ့နေခဲ့ပါတယ်။ ဒီကြားထဲ ဘုန်းမောက်ရဲ့ လျင်မြန်တဲ့ တန်ပြန် တိုက်စစ်တွေကို ဆလီဘာနဲ့ ဂါဘရီရယ် တို့ရဲ့ ခံစစ်က သတိထား ထိန်းချုပ်ခဲ့ရပြီး ၁-၀ ရလဒ်နဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ ခြေပျက်နေတဲ့ တိုမီယာဆုကို ထုတ်ပြီး ဘန်ဝှိုက်ကို ထည့်ခဲ့ပါတယ်။ ဒုတိယပိုင်း မှာလည်း အာဆင်နယ် ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ချေပဂိုး ရဖို့ ကြိုးစားနေခဲ့ပေမယ့် တကယ်တမ်း ဂိုးထပ်ရသွားတာက ဘုန်းမောက် ဖြစ်ပြီး ရော့သ်ဝဲလ်ရဲ့ ထောင့်ကန်ဘော ကနေ တဆင့် မားကို့စ်က ခေါင်းတိုက် အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ၂ ဂိုး ပေးလိုက်ရပေမယ့်လည်း အာတေတာရဲ့ အသင်းက စိတ်ဓာတ်ကျမသွားပဲ ချေပဂိုး ရဖို့ တစ်ဖက်သတ် ဖိအားပေး ကစားခဲ့ပါတယ်။ ၆၂ မိနစ် မှာတော့ အာဆင်နယ်တို့ လိုအပ်နေတဲ့ သွင်းဂိုး စတင်ရရှိခဲ့ပြီး စမစ်ရိုးဝ် ခေါင်းတိုက်ချပေးတာကို ပါတေးက ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မိနစ် ၇၀ မှာလည်း အိမ်ရှင်တို့ပဲ နောက်ထပ် ချေပဂိုး ထပ်ရခဲ့ပြီး ဒီတစ်ကြိမ် သွင်းဂိုး ကိုတော့ လူစားဝင် ကစားသမားတွေ ဖြစ်တဲ့ နယ်လ်ဆင်နဲ့ ဘန် ဝှိုက် တို့က ရှာဖွေပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အာဆင်နယ်တို့ ဘုန်းမောက် ဂိုးပေါက်ကို တရစပ် ခြိမ်းခြောက်နေပေမယ့် မိနစ် ၉၀ ပြည့်တဲ့ အထိ အနိုင်ဂိုး မရခဲ့ပါဘူး။ ဒါပေမယ့်လည်း ၉၀+၇ မိနစ် မှာတော့ အာဆင်နယ်တို့ အဖိုးတန် အနိုင်ဂိုး ရသွားခဲ့ပြီး ရီးစ် နယ်လ်ဆင်က လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
လီဗာပူးလ်
မန်ချက်စတာ ယူနိုက်တက်
1X2 မန်ချက်စတာ ယူနိုက်တက် 2.76
မန်ချက်စတာ ယူနိုက်တက် အာရှ ဟန်းဒီးကပ် 0.00 @ 1.80
ဂိုးပေါ် 2.75 @ 185
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

အာဆင်နယ် ကတော့ အဓိက ပြိုင်ဘက်တွေကို ရင်ခုန်အောင် လုပ်သွားခဲ့တာပါ။ ၂ ဂိုးပြတ် ရှုံးနေရာ ကနေ ၃ ဂိုး ပြန်လိုက်သွင်းဖို့ ဆိုတာ လွယ်ကူတဲ့ အလုပ် မဟုတ်ပေမယ့် အာတေတာတို့ အုပ်စု ကတော့ လက်တွေ့ စွမ်းဆောင်ပြခဲ့ပါတယ်။ ဒီနေရာမှာ သတိထားမိတာက အာဆင်နယ်ရဲ့ ချန်ပီယံ စိတ်ဓာတ်နဲ့ ကစားပုံ ဖြစ်ပါတယ်။ ဗီလာနဲ့ ပွဲကလိုပဲ Epic Comebackနဲ့ ပြန်လာနိုင်ခဲ့ပြီး ဒီရာသီ အာဆင်နယ်ဟာ အရင်လို အရေးကြီးချိန်တိုင်း ဗရီးဗရားတွေပဲ လုပ်နေတတ်တဲ့ အာဆင်နယ်နဲ့ လုံးဝ ခြားနားသွားတယ် ဆိုရင်လည်း မမှားပါဘူး။ အချက်အလက်တွေအရ ဆိုရင်လည်း ဒီပွဲမှာ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု ၈၁ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး ဂိုးပေါက် ကန်ချက် ၃၁ ကြိမ်၊ ဂိုးပေါက် တည့်မှု ၉ ကြိမ် ရှိခဲ့လို့ ခြေစွမ်းအရ မဆိုးဘူးလို့ ပြောလို့ ရပါတယ်။

အာဆင်နယ်ရဲ့ ဒီနိုင်ပွဲ အတွက် အဓိက အကျဆုံးသူတွေကို ပြောပါ ဆိုရင်တော့ နည်းပြ မီခဲလ်နဲ့ လူစားဝင် ကစားသမား ရီးစ်နဲလ်ဆင် လို့ပဲ ဆိုရပါလိမ့်မယ်။ နည်းပြက လူစားလဲ မှန်ကန်ခဲ့သလို ကစားသမား ကလည်း အသင်း အတွက် သက်ရောက်မှု ကြီးမားလွန်းခဲ့ပါတယ်။ ဘုန်းမောက် အတွက် ကတော့ ၂ ဂိုးပြတ် နိုင်နေပြီးမှ အရှုံးပေးလိုက်ရလို့ စိတ်မကောင်းစရာပါပဲ။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်တို့ မန်စီးတီးကို ၅ မှတ် ဆက်ဖြတ်ပြီး ပရီးမီးယားလိဂ် ဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘုန်းမောက် ကတော့ အဆင့် ၁၉ နေရာမှာပဲ ရှိနေခဲ့ပြီး ပရီးမီးယားလိဂ် မှာ တင်ကျန်ရေး ဆက်လက် တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။


လာမယ့် ပွဲစဉ်များ

အာဆင်နယ်က လာမယ့် မတ် ၁၀ ရက်မှာ စပို့တင်းလစ္စဘွန်းနဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ရှုံးထွက်ပွဲစဉ် ကစားဖို့ ရှိပါတယ်။ ဘုန်းမောက် ကတော့ မတ် ၁၁ ရက်မှာ လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်