နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီး ဂန္တဝင်က စံပြပုဂ္ဂိုလ် ဖြစ်ခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ အိုဆင်ဟန်၊ အဓိပ္ပာယ်မရှိတဲ့ သတင်းတွေကို အရေးမစိုက်ဘူး ဆိုတဲ့ ကင်မင်ဂျေး (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ချဲလ်ဆီး ဂန္တဝင်က စံပြပုဂ္ဂိုလ် ဖြစ်ခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ အိုဆင်ဟန်၊ အဓိပ္ပာယ်မရှိတဲ့ သတင်းတွေကို အရေးမစိုက်ဘူး ဆိုတဲ့ ကင်မင်ဂျေး စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၇ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချဲလ်ဆီး ဂန္တဝင်က စံပြပုဂ္ဂိုလ် ဖြစ်ခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ အိုဆင်ဟန်

ဒီနှစ် ဘောလုံးရာသီမှာ နာပိုလီ အတွက် ခြေစွမ်းပြနေတဲ့ ဗစ်တာ အိုဆင်ဟန်က သူ့အတွက် ငယ်ဘဝ စံပြပုဂ္ဂိုလ်က ချဲလ်ဆီး ဂန္တဝင် တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာ ဖြစ်ခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။

နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူးဟာ ဒီရာသီမှာ နာပိုလီရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ခြေစွမ်းပြနေပြီး စီးရီးအေ ရွှေဖိနပ်ဆု ကိုပါ ဆွတ်ခူးနိုင်ဖို့ အခြေအနေ ကောင်းနေသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကို ခေါ်ယူဖို့ ချဲလ်ဆီး အပါအဝင် ဥရောပထိပ်တန်း အသင်းကြီးတွေက စိတ်ဝင်စားနေပြီး ဒီလိုအချိန်မျိုးမှာ အိုဆင်မ်ဟန်က အခုလိုပဲ ဖွင့်ဟခဲ့တာပါ။

အိုဆင်ဟန်က ကျွန်တော့်ရဲ့ ငယ်ဘဝ စံပြပုဂ္ဂိုလ်က ဒရော့ဘာ ဖြစ်ခဲ့ကြောင်း၊ ကျွန်တော် ချဲလ်ဆီးကို ဂိုးသွင်းနိုင်ခဲ့ချိန်မှာ တော်တော်လေး ပျော်ရွှင်ခဲ့ကြောင်း၊ သူငယ်ချင်း အများစုက ချဲလ်ဆီး ပရိသတ်တွေ ဖြစ်ကြပေမယ့် လိုင်လီ ကစားသမားဘဝက ချဲလ်ဆီးနဲ့ မရင်ဆိုင်ခင် ချဲလ်ဆီး ဘက်ကို ဂိုးသွင်းနိုင်ရင် ဂိုးပြတ် ရှုံးပါစေဦး၊ ကျွန်တော် ဂိုးသွင်းနိုင်ရင် ပျော်မှာ ဖြစ်ကြောင်း၊ သူတို့က ကျွန်တော့် အိပ်မက်တွေကို အကောင်အထည် ပေါ်စေခဲ့ပြီး ဒါက ကစားသမားဘဝ အတွက် အကောင်းဆုံး အမှတ်တရတွေ ထဲက တစ်ခု ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။


မော်ရိုကို ကွင်းလယ်လူကို အငှားနဲ့ ခေါ်ချင်ခဲ့တဲ့ ယူနိုက်တက်

ပရီးမီးယား လိဂ်
ချဲလ်ဆီး
အက်စတန် ဗီလာ
1X2 အက်စတန် ဗီလာ @ 4.90
ချဲလ်ဆီး ပထမပိုင်း အာရှ ဟန်းဒီးကပ် -0.50 @ 2.29
ဂိုးပေါ် 1.25 @ 2.35
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ (၂၀၂၂) ကမ္ဘာ့ဖလားမှာ မော်ရိုကို လက်ရွေးစင် အသင်း အတွက် အထူး ခြေစွမ်းပြခဲ့တဲ့ ဖီအိုရင်တီးနား ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ဒီကစားသမား အတွက် ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ မှာတင် ကြိုးစားခဲ့တာ ဖြစ်ပြီး မအောင်မြင်ခဲ့တာကြောင့် ဘေယန်မြူးနစ် ကွင်းလယ်လူ မာဆယ် ဆာဘစ်ဇာ ကိုသာ အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။

အဆိုပါ စီးရီးအေ ကွင်းလယ်လူကို ခေါ်ယူဖို့ ယူနိုက်တက် အပြင် ဥရောပထိပ်တန်း ကလပ် ဘာစီလိုနာ ကလည်း ကြိုးစားခဲ့ပြီး ဖီအိုရင်တီးနား ကတော့ အမ်မရာဘတ်ကို အသင်းမှာသာ ဆက်ထိန်းခဲ့ပါတယ်။

အမ်မရာဘတ်ရဲ့ အကို နော်ဒင် အမ်မရာဘတ်က ဆောင်းရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံး ရက်မှာ အသင်း နှစ်သင်း၊ သုံးသင်းလောက်က သူ့ညီ အတွက် ကြိုးစားခဲ့ကြောင်း၊ ယူနိုက်တက် ကလည်း အမ်မရာဘတ်ကို အငှား အပြင် အပြီးသတ် ခေါ်ယူခွင့်နဲ့ပါ ကမ်းလှမ်းခဲ့ကြောင်း၊ ဒါပေမယ့် ဖီအိုရင်တီးနား ဘက်က ပယ်ချခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။


အဓိပ္ပာယ်မရှိတဲ့ အပြောင်းအရွှေ့ သတင်းတွေကို အာရုံမစိုက်ဘူး ဆိုတဲ့ ကင်မင်ဂျေး

ဒီရာသီမှာ စီးရီးအေ ကလပ်ရဲ့ ဗဟိုခံစစ် အတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ကင်မင်ဂျေးကို နည်းပြ လူစီယာနို စပယ်လက်တီက တခုတ်တရ ချီးကျူးထားသလို ကင်မင်ဂျေးကို ခေါ်ယူဖို့ ဥရောပ အသင်းကြီးတွေ ကလည်း စောင့်ကြည့်နေပါတယ်။
အဓိပ္ပာယ်မရှိတဲ့ အပြောင်းအရွှေ့ သတင်းတွေကို အရေးမစိုက်ဘူး ဆိုတဲ့ ကင်မင်ဂျေး

နာပိုလီရဲ့ တောင်ကိုရီးယား ဗဟိုနောက်ခံလူ ကင်မင်ဂျေးက လက်ရှိ အချိန်မှာ အဓိပ္ပာယ် မရှိတဲ့ အပြောင်းအရွှေ့ သတင်းတွေကို အာရုံမစိုက်ဘဲ အသင်း အတွက်သာ အပြည့်အဝ စိတ်နှစ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ စီးရီးအေ ကလပ်ရဲ့ ဗဟိုခံစစ် အတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ကင်မင်ဂျေးကို နည်းပြ လူစီယာနို စပယ်လက်တီက တခုတ်တရ ချီးကျူးထားသလို ကင်မင်ဂျေးကို ခေါ်ယူဖို့ ဥရောပ အသင်းကြီးတွေ ကလည်း စောင့်ကြည့်နေပါတယ်။

ဒီအသင်းတွေ ထဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့လို ထိပ်တန်း အသင်းတွေလည်း ပါဝင်နေပါတယ်။ ဒါပေမယ့် ကင်မင်ဂျေးက အားလုံး သိတဲ့ အတိုင်း ကောလာဟလတွေက မမှန်ကန်ကြောင်း၊ ကျွန်တော်က အသင်း အတွက်ပဲ အာရုံစိုက်ထားပြီး ကစားရမယ့် ပြိုင်ပွဲတွေ အများကြီး ကျန်သေးကြောင်း၊ အဓိပ္ပာယ် မရှိတဲ့ ဒီသတင်းတွေကြောင့် စိတ်အနှောင့်အယှက် အဖြစ်မခံနိုင်ကြောင်း၊ ဒါတွေက အခုထက် ပိုမပျံ့ဖို့ မျှော်လင့်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်