နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ သေချာသလောက် ဖြစ်သွားတဲ့ နယူးကာဆယ်နဲ့ မန်ယူနိုက်တက်၊ အိမ်ကွင်း နောက်ဆုံး သွင်းဂိုးနဲ့ အတူ လစ်ဗာပူးလ်ကို နှုတ်ဆက်ခဲ့တဲ့ ဖေမီနို (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ သေချာသလောက် ဖြစ်သွားတဲ့ နယူးကာဆယ်နဲ့ မန်ယူနိုက်တက်၊ အိမ်ကွင်း နောက်ဆုံး သွင်းဂိုးနဲ့ အတူ လစ်ဗာပူးလ်ကို နှုတ်ဆက်ခဲ့တဲ့ ဖေမီနို စတဲ့ သတင်းတွေ အပါအဝင် မေလ ၂၁ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ သေချာသလောက် ဖြစ်သွားတဲ့ နယူးကာဆယ်နဲ့ မန်ယူနိုက်တက်

မနေ့က ပရီးမီးယားလိဂ် ပွဲစဉ်တွေ အပြီးမှာတော့ နယူးကာဆယ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ သေချာသလောက် ရှိသွားခဲ့ပါပြီ။ လစ်ဗာပူးလ်က အက်စတွန်ဗီလာကို အိမ်ကွင်းမှာ သရေကျသွားတာကြောင့် ဖြစ်ပြီး လစ်ဗာပူးလ်တို့ ယူရိုပါလိဂ် ဝင်ခွင့်နဲ့သာ ကျေနပ်ရဖို့ နီးစပ်သွားခဲ့ပါပြီ။ 

ယူနိုက်တက်က အဝေးကွင်းမှာ ဘုန်းမောက်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့လို့ လစ်ဗာပူးလ်ထက် တစ်ပွဲလျော့ ကစားပြီး ၃ မှတ် အသာရသွားခဲ့ပါတယ်။ ဒါကြောင့် လက်ကျန် ၂ ပွဲမှာ ၁ မှတ် ရတာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရပါပြီ။ နယူးကာဆယ် ကလည်း လစ်ဗာပူးလ်ထက် ၁ ပွဲလျော့ ကစားပြီး ၃ မှတ် အသာရထားလို့ လက်စတာနဲ့ ပွဲကို သရေကျတာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
လက်စတာ စီးတီး
1X2 လက်စတာ စီးတီး @ 7.00
ခရစ္စတယ်ပဲလေ့စ် အာရှ ဟန်းဒီးကပ် -1.50 @ 2.05
ဂိုးပေါ် 3.25 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အခြား ဥရောပ ဝင်ခွင့် အတွက် ပြိုင်ဆိုင်မှုတွေ ကလည်း အဖြေထွက်လာသလောက် ရှိနေပြီ ဖြစ်ကာ ကွန်ဖရင့်လိဂ် ဝင်ခွင့် အတွက်တော့ ဗီလာ၊ စပါးနဲ့ ဘရိုက်တန်တို့ ပြိုင်ဆိုင်ရမှာပါ။ တန်းဆင်းဇုန် တိုက်ပွဲ ကလည်း ပြင်းထန်နေပြီး ဆောက်သမ်တန် တန်းဆင်းခဲ့ရပြီ ဖြစ်သလို ကျန် ၂ နေရာ အတွက် အဲဗာတန်၊ လိဒ်ယူနိုက်တက်နဲ့ လက်စတာတို့ ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။


အာဆင်နယ် ရှုံးပွဲကြောင့် ချဲလ်ဆီးနဲ့ ကန်စရာ မလိုဘဲ အမှတ်ပေးဖလား ဆွတ်ခူးခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီး ကတော့ ၂၀၂၂-၂၃ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ပါပြီ။ ၃ နှစ် ဆက်တိုက် ဆွတ်ခူးခဲ့တာ ဖြစ်ပြီး ဒါဟာ မြို့ခံ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် တို့ရဲ့ စွမ်းဆောင်ရည်ကို အမီလိုက်နိုင်ခဲ့တာပါ။ အာဆင်နယ်က တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ နော်တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီး မန်စီးတီးက ဖလားရဖို့ သေချာခဲ့တာပါ။ 

အာဆင်နယ်ဟာ နောက်ဆုံး အချိန်ထိ မန်စီးတီးကို ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့်လည်း တကယ်တမ်း မှာတော့ သူတို့ ကိုယ်တိုင်ပဲ ဖိအားတွေအောက် ရောက်နေခဲ့ပြီး အရေးနိမ့်ခဲ့တာပါ။ တစ်ရာသီလုံးကို အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပြီးမှ နောက်ဆုံး အချိန်မှာ သူတို့တွေ မကျော်ဖြတ်နိုင်ခဲ့ဘဲ မန်စီးတီးကို လက်မြှောက်ခဲ့ရပါတယ်။ 

မီခဲလ် အာတေတာရဲ့ အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရပြီး ဒီပွဲကို စောင့်ကြည့်နေတဲ့ မန်စီးတီး ကစားသမားတွေ ကတော့ ပွဲပြီးချိန်မှာ အောင်ပွဲခံနေခဲ့ကြပါတယ်။ ပပ် ဂွာဒီယိုလာရဲ့ အသင်းဟာ ဖလား ၃ လုံး အတွက် အနီးစပ်ဆုံး ဖြစ်နေပြီး အမှတ်ပေးဖလားကို အရင်ဆုံး ရရှိခဲ့ကာ အက်ဖ်အေဖလားနဲ့ ချန်ပိယံလိဂ် ဗိုလ်လုပွဲတွေကို ကစားရဖို့ ရှိနေပါတယ်။


အိမ်ကွင်း နောက်ဆုံး သွင်းဂိုးနဲ့ အတူ လစ်ဗာပူးလ်ကို နှုတ်ဆက်ခဲ့တဲ့ ဖာမီနို

ဖေမီနို ကတော့ ပရီးမီးယားလိဂ် ကလပ် အတွက် ၈ နှစ်ကြာ ကစားခဲ့ပြီး ၃၆၁ ပွဲမှာ ၁၁၀ ဂိုး အထိ သွင်းယူပေးခဲ့ပါတယ်။
အန်ဖီးလ်မှာ နှုတ်ဆက်ဂိုး သွင်းနိုင်ခဲ့တဲ့ ရော်ဘတ်တို ဖေမီနို

လစ်ဗာပူးလ် တိုက်စစ်မှူး ရောဘတ်တို ဖေမီနို ကတော့ အက်စတွန်ဗီလာနဲ့ ပွဲကို လူစားဝင်လာခဲ့ပြီး အသင်း အတွက် ချေပဂိုး သွင်းယူပေးသွားခဲ့ပါတယ်။ တဖက် တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ဖေမီနိုက အသင်း အတွက် ချေပဂိုးကို ပွဲပြီးခါနီးမှ သွင်းယူပေးကာ လစ်ဗာပူးလ်တို့ အရေးနိမ့်မယ့် အရေး ကနေ ကယ်တင်ပေးခဲ့ပါတယ်။ 

ဒီဂိုးဟာ ရာသီကုန်မှာ လစ်ဗာပူးလ် ကနေ ထွက်ခွာတော့မယ့် ဖေမီနို အတွက်တော့ အိမ်ကွင်း နောက်ဆုံး သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။ ပွဲအပြီးမှာ ဖေမီနိုက ပရိသတ်တွေကို မျက်ရည်တွေနဲ့အတူ နှုတ်ဆက်ခဲ့ပြီး အားလုံးကို စိတ်မကောင်း ဖြစ်စေခဲ့ပါတယ်။ ဖေမီနို ကတော့ ပရီးမီးယားလိဂ် ကလပ် အတွက် ၈ နှစ်ကြာ ကစားခဲ့ပြီး ၃၆၁ ပွဲမှာ ၁၁၀ ဂိုး အထိ သွင်းယူပေးခဲ့ပါတယ်။  

အသင်းနဲ့ သူ လမ်းခွဲတော့မယ် ဆိုတာကိုလည်း အတည်ပြုထားပြီး ဖြစ်ကာ ဘယ်ကို ပြောင်းရွှေ့မလဲ ဆိုတာ ကတော့ မသိရသေးပါဘူး။ ညက ပွဲကို သရေကျခဲ့လို့ လစ်ဗာပူးလ် ကတော့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ဖို့ သေချာသလောက် ဖြစ်သွားခဲ့ကာ ယူရိုပါလိဂ်သာ ဝင်ခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်