နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရစ်ချာလီဆင်ကို ရောင်းပြီး ဆိုလန်ကီကို ခေါ်မယ့် စပါး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ အသင်းမှာ မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်တဲ့ တိုက်စစ်မှူး ရစ်ချာလီဆင်ကို ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ရစ်ချာလီဆင် နေရာမှာတော့ ဘုန်းမောက် တိုက်စစ်မှူး ဒေါမနစ် ဆိုလန်ကီကို ခေါ်ယူ အစားထိုးဖို့ ပြင်ဆင်နေကြောင်း သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

စပါးဟာ ပြီးခဲတဲ့ နွေရာသီက အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ဘေယန်မြူးနစ် အသင်းထံ လက်လွှတ်ခဲ့ရတာကြောင့် တိုက်စစ်ပြသနာကို ရစ်ချာလီဆင်နဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ရစ်ချာလီဆင်ဟာ တစ်ရာသီလုံးမှာ ၁၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဆွန် (၁၇) ဂိုး ပြီးရင် ဂိုးအများဆုံး သွင်းယူထားသူ ဖြစ်ပေမယ့် ၂၀၂၄ ခုနှစ် မှာတော့ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်သားဟာ မကြာခဏ ဆိုသလို ဒဏ်ရာပြသနာတွေ ရှိနေတာကြောင့် စပါး အနေနဲ့ နော့တင်ဟမ်ဖောရက်စ်က ဘရန်နန် ဂျွန်ဆင်ကို ခေါ်ယူခဲ့သလို ဇန်နဝါရီလ မှာလည်း လိုက်ပ်ဇစ်က တီမိုဗာနာ ကိုလည်း အငှားနဲ့ ခေါ်ယူကာ အားဖြည့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စပါးရဲ့ တိုက်စစ်ပိုင်းက အားနည်းနေဆဲ ဖြစ်တာကြောင့် ရစ်ချာလီဆင်ကို ရောင်းထုတ်ပြီး ဒေါမနစ် ဆိုလန်ကီနဲ့ အစားထိုးဖို့ စဉ်းစားနေခဲ့တာ ဖြစ်ပါတယ်။ ဆိုလန်ကီဟာ ဒီရာသီ ဘုန်းမောက် အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၉ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာတော့ ၄၂ ပွဲ ကစားပြီး ၂၁ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဆိုလန်ကီ ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီက စတုတ္ထမြောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့်လည်း အင်္ဂလန် လက်ရွေးစင် အသင်းကြီး အတွက် ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။ ဒါကြောင့် သူ့ အနေနဲ့ အသင်းကြီး တစ်သင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားလာဖွယ် ရှိပြီး စပါး ကသာ အမှန်တကယ် ကမ်းလှမ်းလာရင် ငြင်းဆန်မယ့် သဘောတော့ မရှိပါဘူး။

သတင်းတွေ အရ ဆိုရင် စပါး နည်းပြ အန်ဂျီ ပိုစတီကိုဂလူး ဟာ အသင်းမှာရှိတဲ့ ကစားသမား တော်တော်များများကို ထွက်ခွာခွင့်ပေးသွားဖို့ ရှိနေပြီး အရောင်း စာရင်းမှာ ကစားသမား ၈ ဦး အထိ ရှိနေတယ်လို့ သိရပါတယ်။ ဒီစာရင်းထဲမှာ တိုက်စစ်မှူး ရစ်ချာလီဆင်လည်း ပါဝင်နေပြီး ပိုစတီကိုဂလူး အနေနဲ့ လာမယ့် နွေရာသီမှာ အသင်းကို ပြန်လည် တည်ဆောက်ဖို့ စိတ်အားထက်သန်နေတာပါ။ ဒါပေမယ့်လည်း ကစားသမားသစ်တွေ ခေါ်ယူဖို့ ဆိုရင် စပါး အနေနဲ့ ကစားသမားဟောင်းတွေကို ဦးစွာ ရောင်းထုတ်ပြီး ငွေကြေး ရှာဖွေရမှာ ဖြစ်ပါတယ်။

ရစ်ချာလီဆင် ကို ရောင်းထုတ်ရင် ငွေကြေး အတိုင်းအတာ တစ်ခု ရရှိနိုင်တာကြောင့် သူ့ရဲ့ ပြောင်းရွှေ့ကြေးကို အသင်းရဲ့ အနာဂတ် အတွက် ပြန်လည် တည်ဆောက်ရာမှာ အသုံးပြုဖို့ စဉ်းစားနေတာလည်း ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါး အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား အများအပြား ခေါ်ယူဖို့ အသင်းကို ပြန်လည် ပြင်ဆင်ဖို့ ရှိသလို တစ်ဖက်မှာလည်း ကစားသမား တော်တော်များများကို ရောင်းထုတ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ အဓိက ကတော့ ပိုစတီကိုဂလူး အနေနဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို စိတ်တိုင်းမကျ ဖြစ်နေပြီး ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ချင်နေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်