နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိဆက်ခ်ကို ခေါ်ချင်ရင် ပေါင် သန်း ၁၅၀ ကျော် သုံးရမယ်လို့ ဆိုလိုက်တဲ့ နယူးကာဆယ် | ပရီးမီးယားလိဂ်

သတင်းတွေရဲ့ ဖော်ပြချက် အရ နယူးကာဆယ် အသင်းဟာ အလက်ဇန္တား အိဆက်ကို အခု နွေရာသီမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၅၀ ကျော် ရရှိရင် ရောင်းချသွားမယ်လို့ သိရပါတယ်။ အိဆက်ခ် ကိုတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ် အသင်းက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် ကသာ အလက်ဇန္တား အိဆက်ခ်ကို အမှန်တကယ် ခေါ်ယူချင်တယ် ဆိုရင် များပြားလှတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် အသုံးပြုသွားရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

အိဆက်ခ်ဟာ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ် ယူနိုက်တက် အတွက် (၂၂) ဂိုး သွင်းယူပေးခဲ့ပြီး ဟာလန်းနဲ့ ပါးလ်မား တို့ပြီးရင် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို (၂) ရာသီ ဆက်တိုက် လွဲချော်ခဲ့ပြီးနောက် နည်းပြ ဖြစ်သူ မီခဲလ် အာတေးတားက လာမယ့် အပြောင်းအရွှေ့ ဈေးကွက်မှာ သူတို့ အသင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အသင်းကို အင်အား တောင့်တင်းလာစေရေး အတွက် ကစားသမားကောင်း တချို့ ခေါ်ယူ အားဖြည့်ဖို့ စိတ်အားထက်သန်နေသလို အသင်း ပိုင်ရှင်တွေ ဘက်ကလည်း ကတိပေးထားတာ ဖြစ်ပါတယ်။

ခရွန်ကီ ကတော့ အာဆင်နယ် အသင်း လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် အပါအဝင် ဆုဖလား အောင်မြင်မှုတွေ ရရှိဖို့ အတွက် နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ပေးဖို့ ရှိကြောင်း ကတိ ပြုထားခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်း အင်တာဗျူး တစ်ခုမှာ ခရွန်ကီက “ကျွန်တော်တို့ တိုးတက်မှု အတွက် သေချာပေါက် ဂုဏ်ယူနေပါ။ ဒါပေမယ့် ဒီနေရာမှာပဲ ဆက်ရှိနေမှာ မဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ကျွန်တော်တို့ အားလုံး ရှေ့ဆက်သွားဖို့၊ အမြဲတမ်း ရှေ့ဆက်နိုင်ဖို့ နောက်ကွယ်မှာ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ ပြည်တွင်းမှာရော ဥရောပမှာပါ အောင်မြင်ချင်ပါတယ်။ အာဆင်နယ် သမိုင်းမှာ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဇာတ်လမ်း အသစ် ရေးထိုးနိုင်ဖို့ အာရုံစိုက်ထားပါတယ်။”

အာဆင်နယ်ဟာ မကြာသေးခင်ကမှ ကစားသမား တော်တော်များများနဲ့ ချိတ်ဆက်နေပြီး ဖီနာဘာချီ ဘယ်နောက်ခံလူ ဖာဒီ ကာဒီယိုဂလူနဲ့ ဘိုလော့ဂ်နာ ကွင်းလယ်လူ ဂျော်ရွှာ ဇီယက်ဇီး တို့ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

သတင်းတွေအရ ဆိုရင် အိဆက်ခ်ဟာ အာဆင်နယ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ရဲ့ ထိပ်တန်း ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ခံထားရပြီး တခြားအလားအလာရှိတဲ့ စပိုတင်းအသင်းက ဗစ်တာ ဂိုကီးရက်စ်၊ ဘရန့်ဖိုဒ်က အိုင်ဗန် တိုနေး တိုကိုလည်း ချိတ်ဆက်မှုတွေ ရှိထားတယ်လို သိရပါတယ်။

တယ်လီဂရပ်ဖ် မှာတော့ နယူးကာဆယ်ဟာ သူတို့ အသင်းရဲ့ အားထားရတဲ့ အဓိက တိုက်စစ်မှူး အိဆက်ခ်ကို ရောင်းချသွားဖို့ မရှိဘူး လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် သတင်းတွေမှာ ဖော်ပြနေကြတဲ့ ပေါင် သန်း ၉၀နဲ့ ကမ်းလှမ်းရင် အဆင်ပြေနိုင်တယ် ဆိုတဲ့ သတင်းတွေ ကိုလည်း ပယ်ချခဲ့ပြီး အာဆင်နယ် အနေနဲ့ အိဆက်ခ်ကို လိုချင်ရင် သတင်းထွက်နေတဲ့ ပြောင်းရွှေ့ကြေးရဲ့ (၂) ဆနဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

တစ်ဖက်မှာတော့ နယူးကာဆယ် အနေနဲ့ ပရီးမီးယားလိဂ် ရဲ့ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့နိုင်မှု စည်းမျဉ်းအရ ကစားသမား တချို့ ရောင်းထုတ်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အစောပိုင်းမှာလည်း နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ကို ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်ထားပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်