နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တီမိုဗာနာကို တစ်ရာသီ သက်တမ်းတိုးခဲ့တဲ့ စပါး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး အသင်း ကတော့ လိုက်ပ်ဇစ် ကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ တိုက်စစ်မှူး တီမို ဗာနာကို တစ်ရာသီသက်တမ်း တိုးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဂျာမန် တိုက်စစ်မှူး အနေနဲ့ ၂၀၂၄/၂၅ ဘောလုံးရာသီကုန်အထိ မြောက်လန်ဒန် ကလပ်မှာ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

တီမိုဗာနာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ပရီးမီးယားလိဂ် ကလပ် စပါး အသင်းထံ ၂၀၂၃/၂၄ ဘောလုံးရာသီအကုန်ထိ အငှားနဲ့ လာရောက် ကစားခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် စာချုပ်ပါ အချက်အလက် အရ ဆိုရင် ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ဗာနာကို အကြမ်းဖျင်း ပေါင် ၁၅ သန်းနဲ့ ခေါ်ယူခွင့်လည်း ရှိနေတာ ဖြစ်ပါတယ်။

ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ မေလ အစပိုင်းလောက်မှာ ပေါင်ခြံ ဒဏ်ရာ ရရှိခဲ့ပြီးနောက် ရာသီကုန်အထိ အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗာနာရဲ့ အခြေအနေကို စပါးဘက်က အသေအချာ စောင့်ကြည့်ခဲ့ရပြီး လက်ရှိမှာတော့ အပြီးသတ် မခေါ်ယူပဲ တစ်ရာသီ သက်တမ်း ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။

နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမီနိုရဲ့ ဖော်ပြချက် အရ စပါးဟာ တီမို ဗာနာကို သူတို့ရဲ့ ယခင် အစီအစဉ် အတိုင်း အငှား သက်တမ်းတိုးဖို့ ဆွေးနွေးခဲ့ပြီး မကြာခင်မှာပဲ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ ဗာနာရဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သတ်လို့ လိုက်ပ်ဇစ် အားကစားဒါရိုက်တာ ရူဗန် ရှရိုဒါက “အပြောင်းအရွှေ့ဈေးကွက်မှာ နှစ်ဖက်စလုံး အတွက် အဖြေကောင်း တစ်ခုကို ရှာတွေ့ခဲ့တဲ့ အတွက် ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ ဆောင်းရာသီမှာ တီမိုရဲ့ အငှားချေးငွေ ကလည်း သေချာပေါက် ပေးချေပြီး ဖြစ်လို့ သူ့ကို ဆက်ကစားဖို့ အခွင့်အရေး ပေးချင်ပါတယ်။

“သူဒဏ်ရာ မရခင် အထိ သူက တော့တင်ဟမ်ဟော့စပါး အတွက် ပုံမှန် ပွဲစဥ်တိုင်းနီးပါးမှာ ပါဝင်ကစားနေပြီး သူ့ရဲ့ အစွမ်းအစ ကိုလည်း သက်သေပြနေပါတယ်။ အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် ကစားပေးခဲ့ပါတယ်။ တီမို အနေနဲ့ လာမယ့်ရာသီမှာ လန်ဒန်မှာ အကောင်းဆုံး ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်၊ အောင်မြင်သော လမ်းကို လျှောက်လှမ်းနိုင်ပါစေ။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Football.London’s ရဲ့ ဖော်ပြချက် အရ စပါး နည်းပြ အန်ဂျီ ပိုစတီကိုဂလူးဟာ တီမို ဗာနာရဲ့ ပရိသတ် တစ်ဦး ဖြစ်ပြီး ဗာနာရဲ့ အတွေ့အကြုံနဲ့ ဘက်စုံ စွမ်းဆောင်နိုင်တွေဟာ လာမယ့်ရာသီ စပါးရဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ အတွက် အကျိုးရှိနိုင်တယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။

တီမိုဗာနာဟာ ပြီးခဲ့တဲ့ ရာသီက စပါး အတွက် ၁၄ ပွဲ ပါဝင်ကစားခဲ့ပြီး သူပါဝင် ၂ ဂိုး သွင်းကာ ၃ ဂိုး ဖန်တီးနိုင်ခဲ့ပြီး အန်ဂျီရဲ့ စိတ်ကြိုက် ကစားသမား ဖြစ်ခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါးက မခေါ်ယူခင်မှာတော့ ဗာနာဟာ လိုက်ပ်ဇစ် အတွက် ၁၄ ပွဲ ကစားပြီး ၂ ဂိုးသွင်းကာ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

လက်တလောမှာတော့ ဗာနာဟာ ဒဏ်ရာကြောင့် အနားယူနေရဆဲ ဖြစ်ပြီး လာမယ့် နွေရာသီမှာ ကစားမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ အတွက်လည်း ဂျာမနီရဲ့ လူစာရင်းမှာ ရွေးချယ်ခြင်း မခံထားရပါဘူး။ တော့တင်ဟမ်ဟော့စပါးဟာ တီမို ဗာနာကို ခေါ်ယူခဲ့တဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ် ကလပ် ဖြစ်ပါတယ်။ ဒီကစားသမားဟာ ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ် အထိ စပါးရဲ့ လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးမှာ ၈၉ ပွဲ ကစားပြီး ၂၃ ဂိုး သွင်းယူခဲ့သလို ချန်ပီယံလိဂ် ဖလားလည်း ကိုင်မြှောက်နိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်