နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ်နဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းဝင် ခမ်းနားမှု | ချန်ပီယံလိဂ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်က ကာဗာဟယ်၊ ဗင်နီးစီးယပ်စ် ဂျူနီယာ တို့နဲ့ သွင်းဂိုးတွေနဲ့ ဒေါ့မန်ကို အနိုင်ရ ဗိုလ်စွဲသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ အီဒင် တာဇစ်ရဲ့ ဒေါ့မန်က ပိုကောင်းတဲ့ ခြေစွမ်းနဲ့ ကစားနိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ကတော့ ရီးရဲလ်မက်ဒရစ်ပဲ ဖြစ်ခဲ့ပြီး ၁၅ ကြိမ်မြောက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး ဒေါ့မန်က ပိုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး ဒေါ့မန်တို့ အခွင့်အရေး များစွာ ရရှိခဲ့ပြီး အပိုင်အသုံးမချနိုင်ခဲ့လို့သာ သွင်းဂိုးတွေ အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ် လမ်းကြောင်းတွေကို ၄-၅-၁ Midblock နဲ့ ဖြတ်တောက်နိုင်ခဲ့တာကြောင့် ဗင်နီးစီးယပ်စ်၊ ရိုဒရီ၊ ဘယ်လင်ဟမ်တို့ ခြေစွမ်းမပြနိုင် ဖြစ်နေခဲ့ပါတယ်။

တိုနီ ခရူးစ်နဲ့ ကာမာဗင်ဂါရဲ့ ပါးပါးနပ်နပ် ဖန်တီးပေးမှုတွေ ကလည်း အရာမထင်ခဲ့ပဲ ပထမပိုင်း တစ်ပိုင်းလုံး ရီးရဲလ်မက်ဒရစ်တို့ ဂိုးပေါက် တစ်ကြိမ်မှ မတည့်ခဲ့တဲ့ အထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။ ဒုတိယပိုင်း ၇၄ မိနစ် မှာတော့ ရီးရဲလ်မက်ဒရစ်တို့ ဒေါင့်ကန်ဘော ကနေ တဆင့် ကာဗာဟယ်ရဲ့ ခေါင်းတိုက် အဆုံးသတ်မှုကြောင့် ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် ဒေါ့မန်တို့ ချေပဂိုး ရရှိဖို့ အားစိုက်ခဲ့ပေမယ့် မတ်ဆန်ရဲ့ လူပေးမှားမှု ကနေ ဘယ်လင်ဟမ် ဘောလုံးရယူသွားပြီး ဖန်တီးပေးတာကို ဗင်နီးစီးယပ်စ်က အမှားအယွင်း မရှိ အဆုံးသတ်သွားခဲ့လို့ ရီးရဲလ်မက်ဒရစ်တို့ ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲ နောက်ဆုံး ၉ ကြိမ်ဆက် အနိုင်ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ဒီပွဲနဲ့ပတ်သတ်ပြီး အထွေအထူး ပြောစရာ မရှိသလို ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် နဲ့ တစ်သားတည်း ဖြစ်နေမှုကလည်း အံ့အားသင့်စရာ မရှိခဲ့ပါဘူး။ ခြေစွမ်းအရလည်း ဒေါ့မန် ကတောင် ပိုကောင်းခဲ့ပေမယ့် အချိန်တန်တော့လည်း ရီးရဲလ်မက်ဒရစ်ပဲ အတွေ့အကြုံ၊ သမ္ဘာတွေကို ကောင်းကောင်း အသုံးချသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မန် ကတော့ အကောင်းဆုံး အရှုံးသမား ဖြစ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် ဆန်းကို မကျော်နိုင်ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်ဟာ ဘယ်အခြေအနေ ရောက်ရောက်၊ ခြေစွမ်း ဘယ်လောက်ပဲ မကောင်းမကောင်း ချန်ပီယံလိဂ်ဟာ သူတို့ အတွက် အပိုင်ယူထားတဲ့ ဖလား လို့ပဲ ပြောရလောက်အောင်ပါပဲ။

နည်းပြ အန်ဆယ်လော့တီ ကိုယ်တိုင်က ဒေါ့မန်ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်ကြောင်း ဝန်ခံခဲ့သလို တစ်ဖက်က ဒေါ့မန် နည်းပြ အီဒင် တာဇစ် ကလည်း ရီးရဲလ်မက်ဒရစ်ဟာ စစ်မှန်တဲ့ ချန်ပီယံ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။ တာဇစ်က “ဒီနေ့မှာတော့ ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၁၅ ကြိမ် ချန်ပီယံ ဖြစ်ခဲ့သလဲ ဆိုတာ အဖြေထွက်ခဲ့ပါတယ်။ အဲ့ဒါက ထိထိရောက်ရောက် လုပ်နိုင်စွမ်းပါ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ လိုအပ်ခဲ့တဲ့ အရာပါ။ ရီးရဲလ်မက်ဒရစ်က စစ်မှန်တဲ့ ချန်ပီယံပါ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ဥက္ကဌကြီး ဖလောရန်တီနို ပီရက်ဇ် ကတော့ သူတို့ အသင်း အနေနဲ့ ချန်ပီယံလိဂ် ဖလားကို ၁၅ ကြိမ်မြောက် စံချိန်တင် ပိုင်ဆိုင်ခဲ့ပေမယ့် ၁၆ ကြိမ်မြောက် ဖလားကို ယူဖို့တောင် ကြိုတင် ယုံကြည်မှုတွေ ရရှိနေခဲ့ပြီ ဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်တို့ ၁၅ ကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့သလိုပဲ ကစားသမားတွေ အနေနဲ့ ဆိုလည် ဒန်နီ ကာဗာဟယ်၊ လူကာမိုဒရစ်နဲ့ တိုနီ ခရူးစ် တို့ဟာ ကစားသမား ဘဝ တစ်လျှောက် ချန်ပီယံလိဂ် ချန်ပီယံဆုကို ၆ ကြိမ်မြောက် စံချိန်တင် ရယူနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ ဂန္တဝင် ကစားသမားတွေရဲ့ ဘောလုံးသမိုင်းမှာ ခမ်းနားမှု ကတော့ ဘယ်တော့မှ မေ့လို့ရတော့မှာ မဟုတ်ပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်