နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြင်သစ်ကို ရှုံးလို့ နာကျင်ရပေမယ့် ပေါ်တူဂီ အသင်းသားတွေ အတွက် ဂုဏ်ယူရမယ် ဆိုတဲ့ ရော်ဘတ်တို မာတီနက်ဇ် | ယူရို ၂၀၂၄

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ် မှာတော့ ပြင်သစ်က ပေါ်တူဂီကို ပင်နယ်တီ အဆုံးအဖြတ်မှာ ၅-၃ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံးက ခြေစွမ်း ကွာဟမှု သိပ်မရှိခဲ့ပဲ သာမန် ပွဲချိန်အတွင်း ဂိုးမရှိ သရေကျခဲ့တာကြောင့် အချိန်ပို ပင်နယ်တီတွေ အထိ ရောက်ခဲ့ရတာလည်း ဖြစ်ပါတယ်။ 

ပင်နယ်တီမှာတော့ ပြင်သစ် ဘက်က ဒမ်ဘီလီ၊ ဖိုဖာနာ၊ ကွန်ဒေး၊ ဘာကိုလာ၊ ဟာနန်ဒက်ဇ် တို့ အားလုံး ဂိုးဝင်ခဲ့ပါတယ်။ ပေါ်တူဂီ ဘက်မှာလည်း အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို၊ ဘာနာဒို ဆေးလ်ဗား၊ နူနို မန်းဒက်စ်တို့ ဂိုးဝင်ခဲ့ပေမယ့် ယာအို ဖီးလစ် လွဲချော်ခဲ့တာကြောင့် ယူရို ၂၀၂၄ ကနေ လက်ပြနှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပေါ်တူဂီဟာ အနိုင်ရရှိဖို့ ရွှေရောင် အခွင့်အလမ်းတွေ ပိုင်ဆိုင်ခဲ့ပေမယ့် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ နူနို မန်းဒက်စ်တို့ရဲ့ ဖြုန်းတီးမှုတွေက အလျော်အစား ကြီးမားသွားစေခဲ့တာလည်း ဖြစ်ပါတယ်။

ပြင်သစ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့တဲ့နောက် ပေါ်တူဂီ နည်းပြ ရော်ဘတ်တို မာတီနက်ဇ်က ရှုံးနိမ့်ခဲ့လို့ နာကျင်ရပေမယ့် ပေါ်တူဂီ ကစားသမားတွေ အတွက် ဂုဏ်ယူရမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မာတီနက်ဇ်က သူ့အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ပေါ်တူဂီက ပြင်သစ်ထက် ပိုကောင်းခဲ့တယ်လို့ ယုံကြည်နေခဲ့တာ ဖြစ်ပါတယ်။

မာတီနက်ဇ်က “ကျွန်တော်တို့ တိုက်စစ်ပိုင်းမှာ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ကစားသမားတွေ အတွက် ဂုဏ်ယူရမှာ ဖြစ်ပါတယ်။ ဘောလုံးက ရက်စက်ပါတယ်။ ပေါ်တူဂီ လူမျိုးတွေကို ပျော်ရွှင်စေချင်ပြီး ပေးချင်တဲ့ မက်ဆေ့ချ် ကတော့ အသင်းက အရာအားလုံး အတွက် ပေးဆပ်ခဲ့ပြီး ပေါ်တူဂီ ဆိုတဲ့ တန်ဖိုးတွေကို ပြသနိုင်ခဲ့ပါတယ်။

“ ဒီပွဲက ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပြီး ပြင်သစ် ကလည်း အသင်းကောင်း တစ်သင်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော် တို့မှာ ဘောလုံး ပိုရခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပေမယ့် တိကျမှုရှိရှိနဲ့ ဂိုးသွင်းယူနိုင်ဖို့တော့ လိုအပ်ချက် ရှိခဲ့ပါတယ်။ ကျွန်တော်တို့မှာ အခွင့်အရေးတွေ အများကြီးရခဲ့ပြီး နည်းစနစ်ပိုင်းနဲ့ နည်းဗျူဟာပိုင်း အဆင့်မြင့်ခဲ့တဲ့ ကစားပွဲ တစ်ခုပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဟမ်းဘတ်မှာ ကစားခဲ့တဲ့ ဒီပွဲ ပြီးဆုံးလို့ ခရာမှုတ်ချိန်မှာတော့ ပေါ်တူဂီ ဝါရင့်နောက်ခံလူ ပီပီ တစ်ယောက် မျက်ရည်ကျခဲ့ပြီး ရီးရဲလ်မက်ဒရစ် အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုက အားပေး နှစ်သိမ့်ခဲ့ပါတယ်။ နိုင်ငံလက်ရွေးစင် အသင်း အတွက် ပွဲပေါင်း ၁၄၀ ကစားပေးထားတဲ့ ပီပီ ကတော့ ယူရို ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့တဲ့ အသက် အကြီးဆုံး ကစားသမား ဖြစ်လာခဲ့ပြီး ပေါ်တူဂီ အတွက် သူ့ရဲ့ နောက်ဆုံး ပွဲစဉ်လည်း ဖြစ်သွားဖို့ ရှိနေပါတယ်။ 

ပွဲပြီး အင်တာဗျူးမှာ ပီပီက “ဘောလုံးက ရက်စက်ပြီး ဝမ်းနည်းမှုတွေလည်း ပါဝင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ အသင်း အတွက် အနိုင်ရချင်ခဲ့ပြီး ပြည်သူတွေကို ပျော်ရွှင်စေဖို့ အတွက် ရည်ရွယ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅ ရက်က ပင်နယ်တီမှာ အနိုင်ရခဲ့ပြီး ဒီနေ့မှာတော့ ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အရေးကြီးဆုံးက ဒီပွဲ အတွက် ကျွန်တော်တို့ရဲ့ အသင်းဖော်တွေကို ချီးကျူးဂုဏ်ပြုဖို့ပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

အနိုင်ရရှိခဲ့တဲ့ ပြင်သစ် ကတော့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်မှာ ဂျာမနီကို အနိုင်ယူ ကျော်ဖြတ်လာတဲ့ စပိန်နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ယူရို ပြိုင်ပွဲမှာ ချန်ပီယံ ၂ ကြိမ် ဖြစ်ထားတဲ့ ပြင်သစ်တို့ စပိန်နဲ့ ဂျာမနီ (၃ ကြိမ်စီ) တို့ရဲ့ အောင်မြင်မှုတွေကို လိုက်မှီနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်