နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆန်ချိုကို ရောင်းထုတ်ဖို့ အစီအစဉ် ရှိနေသေးတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

အဲရစ်ခ် တန်ဟက်ဂ်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့သည့်တိုင်အောင် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဒီနွေရာသီမှာ ဂျေဒန်ကို ရောင်းချဖို့ စိတ်ကူးရှိနေဆဲ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

ဆန်ချိုနဲ့ တန်ဟက်ဂ် တို့ဟာ ပြီးခဲ့တဲ့ရာသီက လူသိရှင်ကြား သဘောထား ကွဲလွဲမှုတွေ ဖြစ်ခဲ့ပြီးနောက် ကစားသမားဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဒေါ့မန်ကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဆန်ချိုက ယူနိုက်တက် စီနီယာ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပေမယ့် The Guardian ရဲ့ အဆိုအရတော့ အိုးလ်ထရက်ဖို့ဒ်မှာ ကစားသမားရဲ့ အနာဂတ် ကတော့ မသေချာသေးဘူးလို့ သိရပါတယ်။

ယူနိုက်တက် ကတော့ ဆန်ချိုဟာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်နိုင်မယ့် ကစားသမား အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ယူနိုက်တက်က အကျိုးအမြတ် အတွက် ဆန်ချိုကို ဈေးကွက်အတွင်းမှ ဆက်ရှိနေဖို့ လိုလားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်က နယ်သာလန် လူငယ် တိုက်စစ်မှူး ဂျော်ရွှာ ဇီယက်ခ်ဇီးကို ဘိုလော့ဂ်နာ အသင်းဆီ ကနေ ပေါင် ၃၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ တွဲဖက် ပိုင်ရှင် ဖြစ်တဲ့ ဆာဂျင်မ် ရက်ကလစ်ဖ် ဦးဆောင်တဲ့ INEOSက ကစားသမား ရောင်းချရမှု ကနေ ပေါင်သန်း ၁၀၀ နီးပါး ရရှိဖို့ မျှော်လင့်ထားပြီး ကစားသမားသစ်တွေ ခေါ်ယူဖို့ ပြန်လည် အသုံးချချင်နေတာ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ဟာ ဆန်ချိုကို အပြီးပိုင် ခေါ်ယူလိုကြောင်း လူသိရှင်ကြား ထုတ်ဖော် ဝန်ခံထားခဲ့ပေမယ့်လည်း ဆန်ချိုနဲ့ တန်ဟက်ဂ်တို့ အပြုသဘောဆောင်တဲ့ စကားဝိုင်း မတိုင်ခင် ကတည်းက သဘောတူညီမှု မရရှိခဲ့တာ ဖြစ်ပါတယ်။ မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ ကောလဟာလတွေ အရ ဆန်ချိုကို စီးရီးအေ ကလပ် ဂျူဗင်တပ်စ်က ခေါ်ယူချင်နေပေမယ့် ယူနိုက်တက် ဘက်က လိုချင်တဲ့ ပြောင်းရွှေ့ကြေးကိုတော့ ပေးချေနိုင်ဖို့ ခက်ခဲဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ ဒီနွေရာသီမှာ အနည်းဆုံး ဗဟိုခံစစ် ကစားသမား နှစ်ဦး ခေါ်ယူဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ပြင်သစ် လူငယ် နောက်ခံလူ လီနီ ယိုရိုကို ခေါ်ယူဖို့ လိုင်လီနဲ့ သဘောတူညီမှု ရရှိထားပေမယ့် ကစားသမား ကတော့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ လိုလားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က အဲဗာတန် နောက်ခံလူ ဂျရတ် ဘရန့်ဝိတ်သ် အတွက် အဲဗာတန်ကို ကမ်းလှမ်းမှု နှစ်ကြိမ် ပြုလုပ်ထားပေမယ့် ပယ်ချခံထားရပါတယ်။ ဒါကြောင့် ယူနိုက်တက်က ဘေယန်မြူးနစ် ကွင်းလယ်လူ မားသီးယက်စ် ဒီလစ်ဂျ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပြီး ကစားသမား ကိုယ်တိုင် ကလည်း အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ဆိုရင် ယူနိုက်တက်ဟာ သူတို့ အသင်းရဲ့ လူငယ် နောက်ခံလူ ဝီလီ ကမ်ဘွယ်လာကို ဗီလာရီးရဲလ် အသင်းထံ ပေါင် ၁၀ သန်း ဝန်းကျင်နဲ့ ရောင်းချဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်