နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာကြောင့် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေကို ငြင်းခဲ့သလဲ ဆိုတာကို ရှင်းပြခဲ့တဲ့ ဆက်စ်ကို | ပရီးမီးယားလိဂ်

ဆလိုဗေးနီးယား တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို ကတော့ အခုနွေရာသီ အပြောင်းအရွှေ့ အစောပိုင်းမှာ ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းကလပ်တွေကို ပြောင်းရွှေ့ဖို့ သတင်းကြီးခဲ့သူ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းနဲ့ ဆိုရင် ပုဂ္ဂိုလ်ရေး အရတောင် သဘောတူညီမှု ရရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆက်စ်ကိုက လိုက်ပ်ဇစ်နဲ့ပဲ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။

၂၀၂၃/၂၄ ဘောလုံး ရာသီ နှစ်ကုန်ပိုင်းလောက်မှာ လိုက်ပ်ဇစ်နဲ့ အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဆက်စ်ကိုက အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဆိုရင်လည်း မမှားပါဘူး။ သူဟာ ဘွန်ဒက်စ်လီဂါ ၇ ပွဲ ဆက်တိုက် ဂိုးသွင်းခဲ့ပြီး သူ့ရဲ့ ခြေစွမ်းခြေစတွေကို ထုတ်ဖော်ပြသနိုင်ခဲ့တာပါ။ သူ့ကို အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့လို့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေက မျက်စိကျခဲ့ပြီး ကမ်းလှမ်းမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆက်စ်ကိုက လိုက်ပ်ဇစ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီလို ဆုံးဖြတ်ခဲ့တဲ့ အကြောင်း ကိုလည်း အခုလိုပဲ ပြန်လည် ဖွင့်ဟလာခဲ့ပါတယ်။

ဆက်စ်ကိုက Nogomaniaနဲ့ အင်တာဗျူးမှာ “ကျွန်တော် ကောင်းကောင်း စဉ်းစားခဲ့ပါတယ်။ ကျွန်တော် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် အတွေ့အကြုံတွေ ပိုရချင်တယ်၊ ပိုပြီး လေ့လာချင်တယ်၊ အလျင်စလို မလုပ်ချင်ပါဘူး။ လိုက်ပ်ဇစ်က နောက်တစ်ဆင့် အတွက် လိုအပ်တဲ့ အရာတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အရမ်းကောင်းတဲ့ ကလပ်ပါ။ လိုက်ပ်ဇစ်ရဲ့ အမြင်က ရှင်းပါတယ်၊ အရာအားလုံးက တိုးတက်မှုကို ဦးတည်နေပါတယ်။ တိုးတက်မှုနဲ့ မြင့်မားတဲ့ ပန်းတိုင်တွေ ရှိပါတယ်။ ဒီလို ဆုံးဖြတ်လိုက်တာ မှန်တယ်လို့ ခံစားမိပါတယ်” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စ်ကိုဟာ လိုက်ပ်ဇစ်နဲ့ အတူ ၂၀၂၉ ခုနှစ် အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာကြောင့် သူ့ကို လိုချင်ခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကလည်း ဘိုလော့ဂ်နာက ဇီယက်ခ်ဇီးကို ပြောင်းလဲ ခေါ်ယူခဲ့ရပါတယ်။ နောက်ထပ် အသင်း တစ်သင်း ဖြစ်တဲ့ အာဆင်နယ် ကတော့ နှစ်အတော်ကြာ ပျောက်ဆုံးနေတဲ့ မှန်ကန်တဲ့ အထောင် တိုက်စစ်မှူး တစ်ဦးကို လက်ရှိ အချိန်ထိ ရှာဖွေနိုင်ခြင်း မရှိသေးပဲ ဒီနွေရာသီ မှာတော့ ခံစစ်ပိုင်း အတွက် ရီကာဒို ကာလာဖီအိုရီ တစ်ဦး ကိုသာ ခေါ်ယူထားနိုင်ပါသေးတယ်။

90min ရဲ့ ဖော်ပြချက် အရ ဆက်စ်ကိုရဲ့ စာချုပ်သက်တမ်းတိုးမှုဟာ ရေရှည် အတွက် ဖြစ်ပေမယ့်လည်း၊ ၂၀၂၅ ခုနှစ်မှာတော့ အဆင်ပြေချောမွေ့စေတဲ့ အပြောင်းအရွှေ့ ဖြစ်လာဖို့ ကစားသမားနဲ့ လိုက်ပ်ဇစ် အကြား ပုဂ္ဂိုလ်ရေး အရေ သဘောတူညီမှု ရယူထားတယ်လို့ သိရပါတယ်။ ဘွန်ဒက်လီဂါ ကလပ်ဟာ ဆလိုဗေးနီးယား တိုက်စစ်မှူးကို အသင်းမှာ ဆက်ထိန်းထားဖို့ အတွက် လုပ်ခလစာ တိုးမြှင့်ပေးခဲ့ပေမယ့် ကာလ အတန်ကြာ ထိန်းသိမ်းထားဖို့တော့ ခက်ခဲဖွယ် ရှိနေပါတယ်။ အဲ့ဒီ အချိန်ကျရင်တော့ ဘင်ဂျာမင် ဆက်စ်ကို အနေနဲ့ သူ့ကို သဘောကျခဲ့တဲ့ ကလပ်တွေကိုပဲ ရောက်ရှိသွားမလား ဒါမှမဟုတ် ဒီနှစ်ပိုင်းအတွင်းမှာ ခြေစွမ်းကောင်းတွေ ဆက်လက် ပြသနိုင်တာကြောင်း အာဆင်နယ်၊ ယူနိုက်တက် တို့ထက် ပိုမြင့်တဲ့ အသင်းတွေဆီ ရောက်ရှိသွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်