နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန် အတွက် ကစားခွင့်မရခဲ့လို့ ဝမ်းနည်းပေမယ့် တွန်းအား အဖြစ် အသုံးချသွားမယ် ဆိုတဲ့ ဂရီးလစ်ရှ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးရဲ့ သန်း ၁၀၀ တန် ဂျက် ဂရီးလစ်ရှ် ကတော့ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ မှာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ အတူ ပါဝင်ဆင်နွဲခွင့် မရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂရီးလစ်ရှ်က သူ့ အနေနဲ့ အင်္ဂလန် အတွက် ပါဝင်ကစားခွင့်မရခဲ့တာကြောင့် စိတ်ပျက် ဝမ်းနည်းခဲ့ရပေမယ့်လည်း တွန်းအား တစ်ခု ဖြစ်ခဲ့ကြောင်း ဝန်ခံ ပြောကြားလာခဲ့ပါတယ်။

ဂရီးလစ်ရှ်က အင်တာဗျူး တစ်ခုမှာ လက်ရွေးစင် အသင်း ကနေ ချန်လှပ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ အခုလိုပဲ ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။ ဂရီးလစ်ရှ်က “ကျွန်တော် ရိုးရိုးသားသား ပြောရမယ် ဆိုရင် ကျွန်တော့်ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံး ကြုံခဲ့ဖူးသမျှတွေထဲကမှ အခက်အခဲဆုံး အရာ ဖြစ်နိုင်ပါတယ်။ ဒါက ကျွန်တော့်အတွက် အတော်လေး ကြေကွဲ ဝမ်းနည်းစရာ ဖြစ်ခဲ့ရပါတယ်။ အားလပ်ရက်တွေမှာ ဘယ်နေရာပဲ သွားသွား ဖုန်းဖွင့်လိုက်တဲ့ အချိန် တီဗီဖွင့်လိုက်တဲ့ အချိန်တိုင်း ပြိုင်ပွဲနဲ့ ပတ်သက်တာတွေ မြင်နေရတာ ဆိုတော့ ကျွန်တော့် အတွက် တကယ့်ကို ခက်ခဲတဲ့ ကိစ္စ ဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်က ရှေ့ဆက်သွားဖို့ပဲ ရှိနေပါတယ်။ ဒီဖြစ်ရပ်ကို လာမယ့် ရာသီ ကျွန်တော့် အတွက် တွန်းအား ဖြစ်အောင် ကြိုးစား လုပ်ဆောင်ရပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဂရီးလစ်ရှ်က အခုလို အခြေအနေမျိုးကို လွန်ခဲ့တဲ့ ၂ နှစ် လောက်ကတည်းက ကြုံခဲ့ဖူးကြောင်း သူ့ရဲ့ မန်စီးတီး ကစားသမားဘဝ ပွဲဦးထွက်ရာသီတုန်းက တက်နိုင်သလောက် စွမ်းဆောင်နိုင်ခဲ့တယ်လို မထင်မိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယရာသီမှာတော့ သူ့ အနေနဲ့ ပွဲတော်တော်များများ ကစားခွင့်ရလာကြောင်း ပထမရာသီကထက် ပိုကောင်းလာအောင် သေချာပေါက် လုပ်ဆောင်ချင်ခဲ့ကြောင်း၊ ဒါကြောင့် အခုတစ်ကြိမ် မှာလည်း သူ့အနေနဲ့ အဲဒီလိုပဲ ပြန်လည် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်မိကြောင်း ဖွင့်ဟသွားခဲ့ပါသေးတယ်။ နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ ဂရီးလစ်ရှ် အနေနဲ့ ရာသီသစ်မှာ အကောင်းဆုံး ပြန်လာနိုင်ဖို့ အတွက် မျှော်လင့်နေကြောင်းလည်း ပြောကြားခဲ့ဖူးပါတယ်။

ဂျက် ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီး အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၃၆ ပွဲအထိ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။
အင်္ဂလန် အသင်းရဲ့ လူစာရင်းမှာ အရွေးမခံခဲ့ရတဲ့ ဂရီးလစ်ရှ်

မန်စီးတီး တောင်ပံ ကစားသမား ဂျက် ဂရီးလစ်ရှ်ဟာ အင်္ဂလန် အသင်းနဲ့ အတူ ယူရို ၂ဝ၂ဝနဲ့ ၂ဝ၂၂ ကမ္ဘာ့ဖလားတွေမှာ အဓိက နေရာ ကနေ ပါဝင်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၂၃/၂ဝ၂၄ ဘောလုံးရာသီ မှာတော့ ပရီးမီးယားလိဂ် ကလပ် အတွက် ပုံမှန် ပွဲကစားခွင့် နည်းပါးခဲ့သလို ပုံမှန်ခြေစွမ်းလည်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် အင်္ဂလန် နည်းပြ ဂါရက်သ် ဆောက်ဂိတ်က ဂရီးလစ်ရှ်ကို အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ လူစာရင်း ကနေ ချန်လှပ်ခဲ့ပါတယ်။

အင်္ဂလန် နည်းပြဟောင်း ဂါရက်သ် ဆောက်ဂိတ်ဟာ အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ ကစားသမား စာရင်း ကနေ ဂျက် ဂရီးလစ်ရှ် အပြင် မားကပ်စ် ရပ်ရှ်ဖိုဒ်၊ ဂျေဒန် ဆန်ချို၊ ဟာဗေး အဲလီးယော့တ်၊ ဂျိမ်းစ် မက်ဒီဆန် တို့လို ကစားသမားကောင်းတွေ ကိုပါ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ အဲဒီ ပြိုင်ပွဲမှာ ဗိုလ်လုပွဲ အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမယ့် စပိန်ကို အရေးနိမ့်ပြီး ပြိုင်ပွဲ နှစ်ကြိမ်ဆက် ဒုတိယ အဖြစ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဂျက် ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီး အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၃၆ ပွဲအထိ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲအများစုမှာတော့ အင်္ဂလန်သားက အရန်ကစားသမား အဖြစ်သာ ပါဝင်ခွင့်ရခဲ့တာပါ။ ဂရီးလစ်ရှ်ဟာ လက်ရှိ ရာသီကြို ခြေစမ်းပွဲ ၃ ပွဲမှာတော့ ၃ ပွဲစလုံး ပါဝင်ကစားခွင့်ရထားပြီး ဆဲလ်တစ်နဲ့ ပွဲမှာ ၆၈ မိနစ်၊ အေစီမီလန်နဲ့ ပွဲမှာ ၇၉ မိနစ်နဲ့ ဘာစီလိုနာနဲ့ ပွဲမှာတော့ ၈၄ မိနစ် ပါဝင်ထားပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးက သူပါဝင်ကစားထားတဲ့ ၃ ပွဲစလုံး နိုင်ပွဲ မရသေးပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်