နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မထင်မှတ်ပဲ ရှုပ်ထွေးနေတဲ့ ဝမ်ဘစ်ဆာခါရဲ့ အပြောင်းအရွှေ့ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ သူတို့ အသင်းရဲ့ ညာနောက်ခံလူ အာရွန် ဝမ်ဘစ်ဆာခါကို ဒီနွေရာသီမှာပဲ အသင်း ကနေ ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန် ညာနောက်ခံလူက ပရီးမီးယားလိဂ် ပြိုင်ဘက် ဝက်စ်ဟမ်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပေမယ့် အပြီးသတ်နိုင်ဖို့တော့ ကြန့်ကြာနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာခါကို ရောင်းချပြီးရင်တော့ သူ့နေရာမှာ ဘေယန်မြူးနစ်ရဲ့ မော်ရိုကို ညာနောက်ခံလူ နူဆာ မက်ဇရာရီနဲ့ ပြန်လည် အစားထိုးသွားဖို့ အသင့် ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ မက်ဇရာရီနဲ့ရော ဘေယန်မြူးနစ်နဲ့ပါ သဘောတူညီမှုတွေ ရရှိထားခဲ့ပေမယ့် ဝမ်ဘစ်ဆာခါ ရဲ့ အပြောင်းအရွှေ့ ကိုတော့ အမြန်ဆုံး အပြီးသတ်နိုင်ဖို့ လိုအပ်နေတာပါ။ ဝမ်ဘစ်ဆာခါကို ရောင်းချဖို့ အတွက် လက်ရှိ အချိန်ထိ ပရီးမီးယားလိဂ် ကလပ် နှစ်ခု အကြား ပြောင်းရွှေ့ကြေးအရ သဘောတူညီမှု မရရှိသေးပဲ ကစားသမား ကတော့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီထားပြီလို့ သတင်းတွေ ထွက်နေပါတယ်။ တချို့ သတင်းတွေ မှာတော့ ဝမ်ဘစ်ဆာခါက ပရီးမီးယားလိဂ်မှာ ကစားဖို့ထက် ပြည်ပ ကလပ်တွေဆီ ပိုမို ပြောင်းရွှေ့ချင်နေကြောင်း ဖော်ပြမှုတွေလည်း ရှိနေပါတယ်။

လက်ရှိအချိန်မှာ ဝမ်ဘစ်ဆာခါကို စီးရီးအေ ကလပ် အင်တာမီလန် ကလည်း စောင့်ကြည့်နေပြီး ဒီအခြေအနေမှာ ဝက်စ်ဟမ်းနဲ့ အပြောင်းအရွှေ့ ကြန့်ကြာနေတဲ့ ဝမ်ဘစ်ဆာခါကို အင်တာ ဘက်ကနေ ကြားဖြတ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါကို ယူနိုက်တက် ကလည်း စောင့်ဆိုင်းလျက် ရှိနေပြီး ဝက်စ်ဟမ်းနဲ့ ညှိနှိုင်းလို့ မရရင်တော့ အင်တာမီလန်ဆီ ရောင်းထုတ်သွားချင်နေကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။ အစောပိုင်းမှာ ယူနိုက်တက်က ဝမ်ဘစ်ဆာခါကို အင်တာမီလန် ညာနောက်ခံလူ ဒန်ဇဲလ် ဒမ်းဖရီးစ်နဲ့ ကစားသမားချင်း ဒဲ့အလဲအလှယ် လုပ်ဖို့ ရှိခဲ့ပေမယ့် တကယ့် လက်တွေ့မှာတော့ အပြောင်းအရွှေ့ ဖြစ်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒါကြောင့် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က သူ့ရဲ့ အေဂျက်စ် တပည့်ဟောင်း မက်ဇရာရီ ကိုသာ ပြောင်းလဲ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒမ်းဖရီးစ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့သလို ဒါမီရန် ကလည်း အသက်အရွယ် ရလာတာကြောင့် အင်တာမီလန်က ဝမ်ဘစ်ဆာခါကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် ဘက်က သတ်မှတ်ထားတဲ့ ပေါင် ၁၅ သန်း အတိုင်း ပေးချေ ကမ်းလှမ်းသွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ဝက်စ်ဟမ်း ကလည်း သူတို့ ကနဦး ကမ်းလှမ်းထားတဲ့ ပေါင် ၁၀ သန်းကို ပေါင် ၅ သန်း တိုးကာ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရာသီတွေထဲက ဝမ် ဘစ်ဆာခါ အနေနဲ့ သူ့ရဲ့ ပထမ ပွဲထွက်နေရာကို ဒီယိုဂို ဒါးလော့တ်ဆီ လွှဲအပ်ခဲ့ရပြီးတော့ အသင်း ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ခရစ္စတယ်ပဲလေ့စ် ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဝမ်ဘစ်ဆာခါဟာ အိုးထရက်ဖို့ဒ်မှာ ၅ ရာသီ အတွင်း ပွဲပေါင်း ၁၉၀ ကစားပေးခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်