နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ ရက်ရှ်ဖို့ဒ်ကို စိတ်ဝင်စားနေတဲ့ ဟန်ဆီ ဖလစ်ခ် | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ နည်းပြသစ် ဟန်ဆီ ဖလစ်ခ် ကတော့ ထူးဆန်းစွာနဲ့ပဲ မန်ချက်စတာယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဖလစ်ခ်ဟာ အသင်းရဲ့ ဘယ်တောင်ပံနေရာ အတွက် ကစားသမားသစ် တစ်ဦးလောက် ခေါ်ယူ အားဖြည့်ချင်နေခဲ့ပြီး ပစ်မှတ်စာရင်းထဲမှာတော့ ယူနိုက်တက်က ရက်ရှ်ဖို့ဒ်ကို ထည့်သွင်းထားတာ ဖြစ်ကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေ ကနေ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ ကလပ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ စပိန်လက်ရွေးစင် အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ နီကို ဝီလီယံစ်နဲ့ ဒန်နီ အော်လမို တို့ကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ အနေနဲ့ လက်ရှိ အချိန်ထိ အကယ်ဒမီ ကစားသမားဟောင်း ဖြစ်တဲ့ ဒန်နီ အော်လမို တစ်ဦးတည်း ကိုသာ ခေါ်ယူထားနိုင်ခဲ့ပါသေးတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ မှာ စပိန် လက်ရွေးစင် အသင်းနဲ့ အတူ တောင်ပံ နှစ်ဖက်မှာ တွဲဖက် ခြေစွမ်းပြခဲ့ကြတဲ့ လမင်း ယာမယ်နဲ့ နီကို ဝီလီယမ်စ် တို့ကို အသင်းမှာပါ မြင်တွေ့ရဖို့ အတွက် ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လာလီဂါ ဂုန်းဆင်းကြီးတို့ဟာ ဒီနွေရာသီ ဈေးကွက်ထဲမှာ သူတို့ရဲ့ ပစ်မှတ် ကစားသမား နှစ်ဦးစလုံးကို ခေါ်ယူနိုင်ဖို့ မလွယ်ကူတော့တဲ့ အတွက် နောက်ထပ် ပစ်မှတ်တွေ ကိုသာ ချိန်ရွယ်နေခဲ့ရတာ ဖြစ်ပါတယ်။

 
ဒါပေမယ့် လာလီဂါ ဂုန်းဆင်းကြီးတို့ဟာ ဒီနွေရာသီ ဈေးကွက်ထဲမှာ သူတို့ရဲ့ ပစ်မှတ် ကစားသမား နှစ်ဦးစလုံးကို ခေါ်ယူနိုင်ဖို့ မလွယ်ကူတော့တဲ့ အတွက် နောက်ထပ် ပစ်မှတ်တွေ ကိုသာ ချိန်ရွယ်နေခဲ့ရတာ ဖြစ်ပါတယ်။
ယူနိုက်တက်မှာ ပုံမှန် ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်

ဘာစီလိုနာဟာ နီကို ဝီလီယမ်စ်ကို မခေါ်ယူနိုင်ခဲ့ချိန်မှာတော့ ဒီကစားသမားထက် တန်ကြေး ပိုမိုမြင့်မားဖွယ် ရှိတဲ့ အေစီမီလန်က ပေါ်တူဂီ တောင်ပံကစားသမား ရာဖေးလ် လီယောင် ကိုလည်း ပစ်မှတ်ထားခဲ့ပါသေးတယ်။ ဒီကစားသမားရဲ့ လက်ရှိ တန်ကြေးဟာ ဆိုရင်တော့ ယူရို သန်း ၉၀ ဝန်းကျင် ရှိနေပြီး အေစီမီလန်ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး ပိုလို့တောင် များသွားနိုင်ပါသေးတယ်။ တချို့ သတင်းတွေ မှာတော့ ဟန်ဆီ ဖလစ်ခ်က အသင်းရဲ့ ဘယ်တောင်ပံနေရာ အတွက် သူနဲ့ ဘေယန်မြူးနစ်မှာ လက်တွဲခဲ့ဖူးတဲ့ ကင်စလေ ကိုးမန်း အပြင် ယူနိုက်တက်ရဲ့ အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အံ့အားသင့်ဖွယ် ထည့်သွင်းထားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒေါက်တာလေး ကိုတော့ ယူနိုက်တက် ဘက်က လုံးဝ ရောင်းထုတ်လိုခြင်း မရှိသလို မဖြစ်မနေ ရောင်းချရမယ် ဆိုရင်လည်း ယူရို သန်း ၆၀နဲ့ အထက် ပြောင်းရွှေ့ကြေး လိုချင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘာစီလိုနာ အနေနဲ့ ဘေယန်မြူးနစ် တောင်ပံ ကစားသမား ကင်စလေ ကိုးမန်းကို အငှား ခေါ်ယူဖို့ ကြိုးပမ်းဖွယ် ရှိနေသလို ဒါမှမဟုတ်ရင်လည်း ဂျုဗင်တပ်စ် ကနေ ထွက်ခွာဖို့ နီးစပ်လာတဲ့ အီတလီ တောင်ပံကစားသမား ဖက်ဒရစ်ကို ခီယေဇာ ကိုပဲ ယူရို ၁၅ သန်းလောက်နဲ့ ခေါ်ယူဖို့သာ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

ဘာစီလိုနာဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာတော့ ဂီရိုနာ ညာတောင်ပံ ကြယ်ပွင့်လေး ပါအူ ဗစ်တာကို ပေါင် ၂.၆ သန်း၊ ဒန်နီ အော်လမို ကိုတော့ ပေါင် ၄၇ သန်း+ အပိုဆုကြေးတွေနဲ့ ခေါ်ယူထားရပါသေးတယ်။ ကစားသမား အထွက် အနေနဲ့ ကတော့ ဆာဂျီနို ဒက်စ်၊ မာ့ခ် ဂူအီ၊ ပက်ဒရိုလာ၊ ရိုမီယူနဲ့ ဟူလီယန် အာရူဟိုတို့ ရှိထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်