နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂေါ်ဒွန်ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အာဆင်နယ် ကတော့ လာမယ့်‌ နွေရာသီ အပြောင်းအရွှေ့မှာ နယူးကာဆယ် တောင်ပံကစားသမား အန်သိုနီ ဂေါဒွန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ နောက်ခံလူ တစ်ဦးနဲ့ ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူထားခဲ့ပြီးတော့ နောက်ထပ် ဂိုးသမား တစ်ဦးလောက်သာ ထပ်မံ ခေါ်ယူဖို့ ရှိနေပေမယ့် လာမယ့် နွေရာသီမှာတော့ ကြိုတင် ပစ်မှတ်ထားမှု အနေနဲ့ ဂေါ်ဒွန်ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်ရဲ့ အင်္ဂလန် လက်ရွေးစင် ဘယ်တောင်ပံ ကစားသမား အန်တိုနီ ဂေါ်ဒွန် ကိုတော့ ဒီနွေရာသီမှာ လစ်ဗာပူးလ် အပါအဝင် ထိပ်တန်း ကလပ်တွေက ခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲမှာ အာဆင်နယ် မပါခဲ့ပေမယ့် လာမယ့် နွေရာသီ ဈေးကွက် မှာတော့ အရ ခေါ်ယူသွားဖို့ အာဆင်နယ်တို့ အခုကတည်းက ပစ်မှတ်ထား လုပ်ဆောင်နေကြောင်း Daily Mail ကနေ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် လစ်ဗာပူးလ် မြို့မှာ မွေးဖွားတဲ့ ဒီကစားသမားဟာ ဒီနွေရာသီမှာ လစ်ဗာပူးလ်နဲ့ အပြောင်းအရွှေ့သတင်းတွေ တော်တော်လေး ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့က အမှန်တကယ် ဖြစ်ပေါ်မလာခဲ့ပဲ ဂေါ်ဒွန်ဟာ နယူးကာဆယ်မှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဂေါ်ဒွန်ဟာ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်လို အသင်းမျိုးရဲ့ အနာဂတ် ပစ်မှတ် ကစားသမား ဖြစ်လာပြီး ဂန်းနားတို့ တကယ်ပဲ ခေါ်ယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒီနွေရာသီမှာ လစ်ဗာပူးလ်နဲ့ သတင်း အထွက်ဆုံး ဖြစ်ခဲ့တဲ့ ဂေါ်ဒွန်

အန်သိုနီ ဂေါ်ဒွန်ဟာ ငယ်ရွယ်စဉ်က လစ်ဗာပူးလ် အကယ်ဒမီ ကနေ အဲဗာတန် အကယ်ဒမီဆီ ပြောင်းရွှေ့ခဲ့ပြီးတော့ မာဆေးလ်ဆိုက်ဒ် ကလပ် မှာပဲ စီနီယာ ကစားသမား ဘဝကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ဂေါ်ဒွန်က ၂၀၂၃ ခုနှစ်မှာတော့ နယူးကာဆယ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၄၅.၆ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့သလို လက်ရှိ မှာတော့ ဒီကစားသမားက နယူးကာဆယ်ရဲ့ အမာခံ ကစားသမား တစ်ဦးပါ ဖြစ်နေခဲ့ပါပြီ။ ဒါ့အပြင် ဂေါ်ဒွန်က အင်္ဂလန် လက်ရွေးစင် အသင်း မှာပါ ရွေးချယ်ခံရတဲ့ အထိ သူရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ပြီးတော့ ကလပ် အသင်း အများစုရဲ့ ပစ်မှတ် ဖြစ်လာခဲ့သူပါ။

လက်ရှိမှာ ဂေါ်ဒွန်ဟာ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်လို အသင်းမျိုးရဲ့ အနာဂတ် ပစ်မှတ် ကစားသမား ဖြစ်လာပြီး ဂန်းနားတို့ တကယ်ပဲ ခေါ်ယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ လက်ရှိ ဘယ်တောင်ပံ နေရာမှာ မာတင်နယ်လီနဲ့ ထရောဆာ့ဒ်တို့ ရှိနေပြီး ညာတောင်ပံ မှာတော့ ဘူကာယို ဆာကာနဲ့ ရီးစ် နယ်လ်ဆင်တို့ ရှိနေပေမယ့် နယ်လ်ဆင်က ဒီနွေမှာပဲ အသင်း ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ အတွက် ဘယ်တောင်ပံ ကစားသမား ဂေါ်ဒွန်ကို ဆာကာနဲ့ အတူ ညာခြမ်းမှာ နေရာ အပြိုင်လုဖို့ အတွက် ခေါ်ယူသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။

အဓိက ကတော့ လက်ရှိ ဘယ်တောင်ပံ ကစားသမား မာတင်နယ်လီရဲ့ ခြေစွမ်းက တဖြည်းဖြည်း ကျဆင်းလာခဲ့သလို အသင်း အတွက်လည်း သက်ရောက်မှု နည်းလာခဲ့တာကြောင့် အာတေးတား အနေနဲ့ ဂေါ်ဒွန်လို့ အရည်အသွေးမြင့် လူငယ် တောင်ပံကစားသမားလေးကို စိတ်ဝင်စားလာတာ ဖြစ်နိုင်ပါတယ်။ မာတင်နယ်လီသာ လက်ရှိ ခြေစွမ်းအတိုင်း တိုးတက်လာမှု မရှိဘူး ဆိုရင်တော့ လာမယ့် နှစ်ပိုင်း အတွင်း နေရာ ပျောက်သွားနိုင်ချေ ရှိနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်