နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆန်ချိုကို ငွေမက်လို့ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာလို့ ပြောလိုက်တာ ပီတစ် | ပရီးမီးယားလိဂ်

အင်္ဂလန် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချို အနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာက ငွေကြေးကြောင့် ဖြစ်တယ်လို့ ပြင်သစ် ကွင်းလယ်လူဟောင်း အီမန်နူရယ် ပီတစ်က ဝေဖန်လိုက်ပါတယ်။ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့မှာ ကစားခဲ့တဲ့ ပြင်သစ် ကွင်းလယ်လူ ပီတစ်က ဒီနွေရာသီမှာ မထင်မှတ်ပဲ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့ ဂျေဒန် ဆန်ချိုကို စွပ်စွဲပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျေဒန် ဆန်ချို ကတော့ အခုနွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ယူနိုက်တက် ကနေ ချဲလ်ဆီးထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆန်ချိုရဲ့ အပြောင်းအရွှေ့ စာချုပ်မှာတော့ ပေါင်သန်း ၂၀ သို့မဟုတ် ပေါင် ၂၅ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့်လည်း ပါရှိနေတာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ဆန်ချိုဟာ ၂၀၂၁ ခုနှစ် မှာတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ပေါင်သန်း ၈၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၈၂ ပွဲ ကစားကာ ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ရုန်းကန်ခဲ့ရပါတယ်။
ချဲလ်ဆီးကို လစာလျှော့ယူပြီး ပြောင်းရွှေ့သွားတဲ့ ဆန်ချို

ဂျေဒန် ဆန်ချို အနေနဲ့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်မှာ မအောင်မြင်ခဲ့တဲ့ ကစားသမားဘဝကို ပြန်လည် တည်ဆောက်ဖို့ အတွက် အိုးထရက်ဖို့ဒ် ကနေ ရုန်းထွက်ထားခဲ့တာ ဖြစ်ပါတယ်။ ဆန်ချိုဟာ အစောပိုင်းမှာ ဒေါ့မန်၊ ပီအက်စ်ဂျီ တို့လို အသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပေမယ့် ချဲလ်ဆီး အသင်းထံသို့ မထင်မှတ်ပဲ လစာလျှော့ယူကာ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ် ကစားသမားဟောင်းနဲ့ လက်ရှိ ဘောလုံးသုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ အီမန်နျူရယ် ပီတစ်က သူ့ရဲ့ အမြင်အတိုင်း ဝေဖန် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ပီတစ် “ဒီကိစ္စမှာ အဓိက ဆုံးဖြတ်တာက ကစားသမားပါပဲ။ မန်ယူမှာ ဒီလို ဖြစ်ခဲ့တာတောင် ချဲလ်ဆီးကို ဆန်ချို  ဘာလို့ ပြောင်းတာလဲ။ ယူနိုက်တက်မှာ အဆင်မပြေလို့ ဒေါ့မန်ကို အငှားနဲ့ သွားကစားခဲ့ရတယ်။ ပြီးတော့ ယူနိုက်တက်ကို ပြန်လာတယ်။ အခု ကစားသမား ၄၀ ကျော် ရှိတဲ့ ချဲလ်ဆီးကို သူလာတယ်။ သူ ပြောင်းစရာ အသင်း မရှိဘူးလား။ ဒါမှမဟုတ် သူကိုယ်တိုင်က ယုံကြည်မှု ပျောက်နေလို့လား။ ခြေစွမ်းရော၊ ရလဒ်ရော မတည်ငြိမ်တဲ့ အသင်းကို ငွေကြေးကြောင့် မဟုတ်ဘူး ဆိုရင် သူ ဘာကြောင့်လာတာလဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်ချက်စတာစီးတီး အကယ်ဒမီထွက် ကစားသမား ဖြစ်တဲ့ ဂျေဒန် ဆန်ချိုဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ့မန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဆန်ချိုဟာ ဒေါ့မန်မှာ ၅ ရာသီ အတွင်း ၁၃၇ ပွဲ ကစားပြီး ဂိုး ၅၀ သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ဆန်ချိုဟာ ၂၀၂၁ ခုနှစ် မှာတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ပေါင်သန်း ၈၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၈၂ ပွဲ ကစားကာ ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ရုန်းကန်ခဲ့ရပါတယ်။ အဲ့နောက် နည်းပြ တန်ဟက်ဂ်နဲ့ အဆင်မပြေ ဖြစ်ပြီးနောက် အသင်းဟောင်း ဒေါ့မန်ကို အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြန်ရခဲ့ပါတယ်။ ဒီနွေရာသီမှာတော့ ဆန်ချို ယူနိုက်တက်ကို ပြန်လာခဲ့ပေမယ့် အသင်း ဘက်ကတော့ ဒီကစားသမားကို ရောင်းထုတ်ဖို့သာ စဉ်းစားခဲ့ပြီး အပြောင်းအရွှေ့ နောက်ဆုံး ရက်မှာတော့ ချဲလ်ဆီးကို အငှားနဲ့ ထွက်ခွာခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်