နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကက်စ်မဲရိုးက ယူနိုက်တက် အတွက် လိုအပ်ကြောင်း ပြောလာတဲ့ တန်ဟက်ဂ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ ကွင်းလယ်ကစားသမား ကက်စ်မဲရိုးဟာ အသင်း အတွက် မရှိမဖြစ် လိုအပ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ ကတ်စ်မဲရိုးဟာ လက်ရှိ အသင်းမှာ ခြေစွမ်းပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းတွေ ကျဆင်းနေပြီး အမှားတွေ တောက်လျောက် ပြုလုပ်နေတဲ့ ကက်စ်မဲရိုးကို အသင်း ပရိသတ်တွေက တော်တော်လေး စိတ်ပျက်ပြီး ဝေဖန်နေကြပေမယ့် တန်ဟက်ဂ် ကတော့ အခုလိုပဲ အသင်း အတွက် လိုအပ်နေတယ် ဆိုပြီး ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ကက်စ်မဲရိုးဟာ ရီးရဲလ်မက်ဒရစ်မှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့သူပါ။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ချိန် ပွဲဦးထွက်ရာသီမှာ ကက်စ်မဲရိုးက အကောင်းဆုံး ပုံစံ တစ်ခု ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းရာသီတွေ မှာတော့ ကက်စ်မဲရိုးက တောက်လျောက်ကို ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ဒီနှစ် နွေရာသီ မှာတော့ ကက်စ်မဲရိုးက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ကနေ ရောင်းချခံရဖို့ နီးစပ်ခဲ့ပေမယ့်လည်း အသင်းမှာသာ ဆက်ရှိနေခဲ့ပြီး သူရဲ့ စာချုပ် ကတော့ ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
ကက်စ်မဲရိုးကို လိုအပ်နေသေးကြောင်း ပြောလာတဲ့ တန်ဟက်ဂ်

လက်ရှိမှာတော့ ယူနိုက်တက်က ပီအက်စ်ဂျီ ကနေ ဥရုဂွေး ကွင်းလယ်လူ မန်ဝဲလ် အူဂါတီကို ခေါ်ယူထားခဲ့ပြီ ဖြစ်တာကြောင့် ကက်စ်မဲရိုး အနေနဲ့ အရန်ခုံကို ရောက်ရှိဖွယ် ရှိလာပြီး အကန့်အသတ်နဲ့ ပွဲထွက်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ယူနိုက်တက် ဘက်ကလည်း ကစားသမားသစ် အူဂါတီနဲ့ လူငယ် ကစားသမားလေး ကိုဘီ မိန်းနူး တို့ကိုသာ ကွင်းလယ်ပိုင်းမှာ ပိုမို နေရာပေးလာဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ကက်စ်မဲရိုးဟာ အသင်း အတွက် အရေးပါတဲ့ ကစားသမား အဖြစ် သေချာပေါက် လိုအပ်နေသေးကြောင်း ပြောဆိုလာခဲ့ပါတယ်။ တန်ဟက်ဂ်က “ကျွန်တော်တို့ သေချာပေါက် ကက်စ်မဲရိုးကို လိုအပ်နေတယ် ဆိုတာ သေချာပါတယ်။ လူတိုင်း လူတိုင်းက သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေမှာ အဆင်မပြေတဲ့နေ့တွေ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် သူက အတွေ့အကြုံရင့် ကစားသမား တစ်ယောက်ပါ။ ဆိုးရွားတဲ့ ပွဲ တစ်ပွဲနဲ့ ကြုံတွေ့ရတာ ကလည်း သူ့ အတွက် ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ဘဝမှာရော ဘောလုံးလောကထဲမှာပါ အနိမ့်အမြင့် အတက်အကျတွေက ရှိတတ်ပါတယ်။ ဒီလို အခြေအနေတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ ကိုလည်း သူကောင်းကောင်း သိပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

ဘရာဇီးလ် ကစားသမား ကက်စ်မဲရိုးဟာ ယူနိုက်တက် အသင်း အတွက် ပြိုင်ပွဲစုံ ၈၇ ပွဲ အထိ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၁၂ ဂိုး သွင်းယူပေးထားခဲ့သလို အသင်းနဲ့လည်း အက်ဖ်အေဖလားနဲ့ ခရာဘောင်ဖလားတွေ ဆွတ်ခူးထားနိုင်ပါတယ်။ ဒီနှစ် နွေရာသီ မှာတော့ ကက်စ်မဲရိုးက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ကနေ ရောင်းချခံရဖို့ နီးစပ်ခဲ့ပေမယ့်လည်း အသင်းမှာသာ ဆက်ရှိနေခဲ့ပြီး သူရဲ့ စာချုပ် ကတော့ ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ကက်စ်မဲရိုး ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေက အသည်းအသန် လိုချင်ခဲ့တာ ဖြစ်ပြီး အားလုံးထဲကမှာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဲလ်နာဆာ ကလည်း ကက်စ်မဲရိုးကို ခေါ်ယူချင်ခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်