နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟာလန်းက အမ်ဘာပေးထက် ပိုကောင်းတယ်လို့ ပြောလာတဲ့ ရန်းညက်ခ် | ပရီးမီးယားလိဂ်

ဩစတြီးယား လက်ရွေးစင် အသင်းရဲ့ နည်းပြ ရက်ဖ် ရန်းညက်ခ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် ရန်းညက်ခ်က အာလင်း ဟာလန်းက ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးထက် ပိုကောင်းသူ ဖြစ်တယ်လို့လည်း သုံးသပ်သွားခဲ့ပါတယ်။

နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ လက်ရှိမှာ အသက် ၂၄ နှစ် အရွယ် သည် ယခု ရာသီမှာလည်း ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဟာလန်းက ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ ဟက်ထရစ် ၂ ကြိမ် အပါအဝင် သွင်းဂိုး ၇ ဂိုး အထိ သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။ ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကတော့ အခုရာသီ ရီးရဲလ်မက်ဒရစ်မှာ ရုန်းကန်နေရပြီး လာလီဂါ ပွဲစဉ် ၄ ပွဲမှာ သွင်းဂိုး ၂ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ဒါကြောင့် ရန်းညက်ခ်က လက်ရှိမှာ အာလင်း ဟာလန်းက အမ်ဘာပေးထက် ပိုပြီး ကောင်းကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာတဲ့ ဟာလန်းကို ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးက သူတို့ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အရ ခေါ်ယူကာ အင်အား ဖြည့်တင်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်နေတဲ့ ဟာလန်း

ရန်းညက်ခ်က “လွန်ခဲ့တဲ့ လအနည်းငယ်လောက် အထိ ဟာလန်းနဲ့ အမ်ဘာပေး တို့က ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်မှူးလို့ ကျွန်တော် ပြောမှာပါ။ ဒါပေမဲ့ အခုအချိန် မှာတော့ ဟာလန်းက အကောင်းဆုံးလို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အခုအချိန်မှာ အမ်ဘာပေးက ထိပ်တန်း အဆင့် ခြေစွမ်းမျိုး ပြန်လည် မပြသနိုင်သေးလိုပါ။ ဟာလန်းဆီမှာ ပြစ်ချက်ရှာဖို့ ခက်ပါတယ်။ ဟာလန်းက လူကောင်ထွားသလို မြန်လည်း မြန်ပါတယ်။ လေပေါ်ခုန်နိုင်စွမ်း ကလည်း အံ့မခန်းပါပဲ” လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းနဲ့ အမ်ဘာပေး တို့ဟာ မက်ဆီနဲ့ ရော်နယ်ဒို ခေတ်အလွန် ဘောလုံးလောကကို လွှမ်းမိုးမယ့် ကစားသမားတွေ အဖြစ် သတ်မှတ်ခံထားရပြီး ဘယ်လွန်ဒေါဆု အတွက်လည်း အဓိက ယှဉ်ပြိုင်ရမယ့်သူတွေ အဖြစ် ခန့်မှန်းထားကြတာပါ။ လက်ရှိမှာ အသက် ၂၄ နှစ် အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ ဘရိုင်း၊ မိုးလ်ဒီ အသင်းတွေမှာ ကစားသမားဘဝကို စတင်ခဲ့ပြီး ဆဲလ်ဘာ့ဂ် မှာတော့ ၂၇ ပွဲ ကစားပြီး ၂၉ ဂိုး သွင်းကာ စတင် တောက်ပလာခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ဂိုးသွင်း စွမ်းရည်တွေကြောင့် ဘောလုံးလောကမှာ အချိန်တိုတွင်း လူသိများလာခဲ့ပြီး ၂၀၂၀ ခုနှစ် မှာတော့ ဒေါ့မန်ကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ဟာလန်းက ဒေါ့မန် မှာတော့ ၃ ရာသီ အတွင်း ၈၉ ပွဲ ကစားပြီး ၈၆ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာတဲ့ ဟာလန်းကို ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးက သူတို့ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အရ ခေါ်ယူကာ အင်အား ဖြည့်တင်းခဲ့တာ ဖြစ်ပါတယ်။ ပပ် ဂွာဒီယိုလာရဲ့ ကစားသမား ခေါ်ယူမှုက မှန်ကန်လွန်းခဲ့ပြီး ဟာလန်း ကတော့ မန်စီးတီးမှာ ပြီးခဲ့တဲ့ ရာသီက ၄၅ ပွဲ ကစားပြီး ၃၈ ဂိုး သွင်းယူခဲ့သလို ဒီရာသီ မှာလည်း ရာသီ အစ ၄ ပွဲမှာတင် ဟက်ထရစ် ၂ ကြိမ်နဲ့ သွင်းဂိုး ၇ ဂိုး အထိ ရရှိထားပြီး ဖြစ်ပါတယ်။

အမ်ဘာပေး ကတော့ ပြင်သစ် ကလပ် မိုနာကိုနဲ့ အတူ စတင် တောက်ပခဲ့ပြီးနောက် ပွဲ ၆၀ ကစားကာ ၂၇ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် လီဂူးဝမ်း ထိပ်သီး ကလပ် ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၈ ကနေ ၂၀၂၄ ခုနှစ် အထိ ပွဲပေါင်း ၂၆၄ ပွဲ ကစားကာ ၂၃၅ ဂိုး အထိ သွင်းယူပေးခဲ့ပါတယ်။ ဒီနွေရာသီ မှာတော့ အမ်ဘာပေးက လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ရာသီ အစပိုင်းမှာ ရုန်းကန်နေခဲ့ရပေမယ့် ၅ ပွဲ ကစားပြီးချိန် မှာတော့ ၃ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်