နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းက ဂိုးတွေ သွင်းယူနိုင်ဖို့ လိုအပ်နေကြောင်း ဝန်ခံလာတဲ့ တန်ဟက်ဂ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လက်တလောမှာ ရလဒ်ပိုင်း အနည်းငယ် ပြန်လည် ယိမ်းယိုင်လာပြီး နောက်ဆုံး ကစားခဲ့တဲ့ နှစ်ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ်က သူတို့ အသင်း လက်ရှိ ကြုံတွေ့နေတဲ့ ပြဿနာတွေက ဂိုးမသွင်းယူနိုင်တာ ဖြစ်ကြောင်း အသင်းမှာ ဂိုးသွင်းအား ကောင်းတဲ့ ကစားသမားတွေ ရှိနေပေမယ့်လည်း ဂိုးတွေ မရရှိတာက အဓိက ပြဿနာ တစ်ရပ် ဖြစ်နေကြောင်း ဖွင့်ဟ ပြောဆို သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ နိုင်ငံတကာ ရက်သတ္တပတ် အပြီး ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဘန်စလေနဲ့ ခရာဘောင်ဖလား ပွဲစဉ်တွေမှာ ၀-၃၊ ၀-၇ စတဲ့ ရလဒ်တွေနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီနောက်ပိုင်း ခရစ္စတယ်ပဲလေ့စ်၊ အက်ဖ်စီ တွမ်တီးနဲ့ ပွဲစဉ်တွေမှာ ယူနိုက်တက် ရဲ့ တိုက်စစ်က လိုအပ်နေတဲ့ ဂိုးတွေကို သွင်းယူနိုင်ခြင်း မရှိတာကြောင့် ပွဲကို အပြီးမဖြတ်နိုင်မှုတွေ ရှိခဲ့ပြီး အသင်း အတွက် နစ်နာစေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပွဲစဉ် ၂ ပွဲစလုံးရဲ့ ပထမပိုင်း ပွဲကစားချိန်တွေမှာ ယူနိုက်တက် အနေနဲ့ သွင်းဂိုးတွေ သွင်းယူနိုင်မယ့် အခွင့်အရေးမျိုး ရရှိခဲ့ပေမယ့် ဒီအခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ပဲလေ့စ်နဲ့ ပွဲမှာ ဂိုးမရှိ သရေ ဖြစ်ခဲ့ရပါတယ်။ အလားတူ တွမ်တီးနဲ့ ပွဲမှာလည်း ၁ ဂိုး အသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်း အရောက် မှာတော့ ချေပဂိုး ခွင့်ပြုခဲ့ရပြီး သရေကျခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၅ ပွဲ ကစားပြီး သွင်းဂိုး ၅ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။
အသင်းရဲ့ ဂိုးမသွင်းနိုင်တဲ့ အခြေအနေကို ဝန်ခံခဲ့တဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၅ ပွဲ ကစားပြီး သွင်းဂိုး ၅ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ဒါကတော့ အမှတ်ပေးဇယား အောက်နားက အဲဗာတန်နဲ့ ဝုဗ် တို့ရဲ့ သွင်းဂိုး အရေအတွက်နဲ့ တူညီနေခဲ့သလို ယူနိုက်တက်ထက် ဂိုးပိုပြီး သွင်းယူထားနိုင်တဲ့ အသင်းတွေ ကလည် ၁၂ သင်း အထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေ အပေါ်မှာ အသင်းရဲ့ နည်းပြ တန်ဟက်ဂ်က “ဂိုးတွေ မသွင်းယူနိုင်ခဲ့တာက လက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာပါ။ ကျွန်တော်တို့ ဂိုးတွေ များများ သွင်းယူနိုင်ရပါမယ်။ ကျွန်တော်တို့ အသင်း မှာလည်း ဂိုးတွေသွင်းနိုင်စွမ်း ရှိတဲ့ ကစားသမားတွေ ရှိနေတယ်ဆိုတာလည်း ရှင်းလင်းပါတယ်။ ကျွန်တော် တို့က ဘယ်ပြိုင်ဘက်တိုင်းနဲ့ မဆို အခွင့်အရေးတွေ ဖန်တီးနိုင်တာ ကိုလည်း မြင်တွေ့ရမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး တန်ဟက်ဂ်က“ဒါပေမယ့် အဲ့ဒီ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ဖို့ လိုအပ်နေပြီး လုံလောက်မှုလည်း မရှိသေးပါဘူး။”လို့ ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ Opta ရဲ့ ထုတ်ပြန်ချက်တွေ အရ အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အပိုင် အခွင့်အရေးတွေကို အလွဲချော်ဆုံးသော အသင်း အဖြစ်နဲ့ ရပ်တည်နေရပြီး ပွဲစဉ် ၅ ပွဲ ကစားပြီးချိန်မှာ အပိုင်အခွင့်အရေး ၁၇ ကြိမ် အထိ လွဲချော်ထားခဲ့ရတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်