နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်ဒရစ် ဒါဘီကို လွဲချော်မယ့် ကီလီယန် အမ်ဘာပေး | လာလီဂါ

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကတော့ အလာဗတ်စ်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ပေါင်ဒဏ်ရာရရှိခဲ့တာကြောင့် အက်တလက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားမယ့် လာလီဂါ ဒါဘီ ပွဲစဉ်ကို လွဲချော်မယ်လို့ သိရပါတယ်။

ဒါ့အပြင် သတင်းတွေအရ ဆိုရင်တော့ အမ်ဘာပေးဟာ အဲဒီ ဒဏ်ရာကြောင့်ပဲ ၃ ပတ်ခန့် အနားယူရဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။ ပြင်သစ် အသင်းခေါင်းဆောင် ကီလီယန် အမ်ဘာပေး ကတော့ အလာဗက်စ်နဲ့ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အတွက် ၂ ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမ်ဘာပေး အနေနဲ့ အဲဒီပွဲစဉ်မှာ ဘယ်ခြေထောက် မသက်မသာ ဖြစ်ခဲ့တာကြောင့် လူစားလဲဖို့ တောင်းဆိုခဲ့ပြီး ပွဲချိန် မိနစ် ၈၀မှာ အာဒါ ဂူလာနဲ့ လူစားလဲခဲ့ရပါတယ်။ 

ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက ပွဲအပြီးမှာ အမ်ဘာပေး အနေနဲ့ အသေးစား ဒဏ်ရာရခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့်လည်း ကလပ် အသင်း ဆရာဝန်တွေရဲ့ စစ်ဆေးမှုအရ ဒဏ်ရာမှာ ထင်မှတ်ထားတာထက် ပိုမို ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ထုတ်ပြန်ချက်အရ ဆိုရင် “ယနေ့မှာ ကစားသမား ကီလီယန် အမ်ဘာပေးကို ရီးရဲလ်မက်ဒရစ် ဆေးအဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ ဘယ်ဘက်ပေါင်မှာ ဒဏ်ရာရနေတာ တွေ့ရပါတယ်။” လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ရဲ့ ထုတ်ပြန်ချက်မှာ ကီလီယန် အမ်ဘာပေး အနေနဲ့ ပေါင်ခြံဒဏ်ရာကြောင့် အချိန် ဘယ်လောက် အနားယူရမယ် ဆိုတာ ကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း The Athletic သတင်းဌာန ကတော့ အမ်ဘာပေး အနေနဲ့ အနည်းဆုံး (၃) ပတ် အနားယူရမယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အမ်ဘာပေး အနေနဲ့ စက်တင်ဘာလ ၂၉ ရက် (တနင်္ဂနွေနေ့)မှာ ကစားမယ့် လာလီဂါ မက်ဒရစ်ဒါဘီ အဝေးကွင်း ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် အမ်ဘာပေး အနေနဲ့ စက်တင်ဘာလ ၂၉ ရက် (တနင်္ဂနွေနေ့)မှာ ကစားမယ့် လာလီဂါ မက်ဒရစ်ဒါဘီ အဝေးကွင်း ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် အတွက် နောက်ဆုံး ၅ ပွဲဆက် ဂိုးသွင်းထားနိုင်တဲ့ အမ်ဘာပေး

ဒါ့အပြင် အမ်ဘာပေး အနေနဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာ ကစားမယ့် လိုင်လီနဲ့ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်၊ စက်တင်ဘာ ၆ ရက်မှာ ကစားမယ့် ဗီလာရီးရဲလ်နဲ့ လာလီဂါ အိမ်ကွင်း ပွဲစဉ်များကို လွဲချော်မှာ ဖြစ်ကြောင်း သိရပါတယ်။ အမ်ဘာပေး အောက်တိုဘာ နိုင်ငံတကာ ရက်သတ္တပတ်မှာလည်း ပြင်သစ် လက်ရွေးစင် အသင်း အတွက် ကစားဖွယ် မရှိဘဲ ဒဏ်ရာ ပြန်လည် သက်သာရန် ကြိုးပမ်းဖွယ် ရှိပြီး အောက်တိုဘာ ၂၀ ရက်နေ့မှာ ကစားမယ့် ဆယ်လ်တာဗီဂိုနဲ့ လာလီဂါ ပွဲစဉ်မှာ ပါဝင် ကစားဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

လက်ရှိ အသက် ၂၅ နှစ် အရွယ် အမ်ဘာပေး အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီ ကမှ ပီအက်စ်ဂျီ ကနေ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အမ်ဘာပေးဟာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲ ဆက် ဂိုးသွင်းထားပြီး အခုလို ဒဏ်ရာရရှိခဲ့ခြင်းက ရီးရဲလ်မက်ဒရစ် အတွက် ထိုးနှက်ချက်လည်း ဖြစ်ခဲ့ကြောင်း Marca သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်