မန်ချက်စတာစီးတီး နောက်ခံလူ ရူဘင် ဒီးရာ့စ် ကတော့ သူတို့ အသင်း အနေနဲ့ ရှုံးပွဲတွေ ဆက်နေပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်မလျှော့သေးကြောင်း ပြောကြားလာခဲ့ပါတယ်။ မန်စီးတီးဟာ ပြိုင်ပွဲစုံ ၄ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားခဲ့ပြီးတော့ ပရီးမီးယားလိဂ် မှာလည်း ဇယား ထိပ်က လစ်ဗာပူးလ်နဲ့ ၅ မှတ် ကွာနေပြီး လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ခက်ခဲနေခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ မန်စီးတီးဟာ ၂၀၀၆ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ပြိုင်ပွဲစုံ ၄ ပွဲ ဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ပပ် ဂွါဒီယိုလာရဲ့ နည်းပြ သက်တမ်းမှာ ပထမဦးဆုံး အကြိမ် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး ဟာ ဒီရာသီမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီးတော့ ရှုံးပွဲတွေလည်း ဆက်နေတာကြောင့် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အပြီးမှာ ရမှတ် ၂၃ မှတ် ရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေခဲ့ပြီးတော့ လစ်ဗာပူးလ်နဲ့ ၅ မှတ် ပြတ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေနဲ့ ပတ်သတ်လို့ မန်စီးတီး ဗဟိုခံစစ်မှူး ရူဘင် ဒီးရာ့စ်က အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။
ဒီးရာ့စ်က “ဒီလိုမျိုး ဖြစ်တာက သာမန်ပါပဲ။ လူအများစုက ကျွန်တော် တို့ကို ကျရှုံးစေချင်ကြတယ်။ ဒါကို ကျွန်တော် လက်ခံပါတယ်။ ဒါက စိန်ခေါ်မှုရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ဒါကြောင့်ပဲ ကျွန်တော်တို့ သဘောကျတာပါ။ မဟုတ်ရင် ကျွန်တော်တို့ နိုင်တာက သူတို့လောက် မကြီးကျယ်ဘူးလို့ ပြောနေကြဦးမယ်။ အခုအခြေအနေက ကျွန်တော်တို့ နေထိုင်တဲ့ ဘဝ ဖြစ်ပြီး အကောင်းဆုံး ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက ဦးဆောင်နေတဲ့ လစ်ဗာပူးလ် ကတော့ အကောင်းဆုံး ခြေစွမ်းကို ထိန်းသိမ်းထားပြီး ဒီရာသီမှာလည်း ရှုံးပွဲ တစ်ပွဲသာ ရှိထားသေးတာ ဖြစ်ပါတယ်။ ၂၀၂၄/၂၀၂၅ ရာသီ မစတင်မီက ပပ် ဂွာဒီယိုလာရဲ့ မန်စီးတီးက ချန်ပီယံ ဖြစ်နိုင်ချေ ၈၂.၂ ရာခိုင်နှုန်းနဲ့ ၅ နှစ်ဆက် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ပြီး အာဆင်နယ်က ၁၂.၂ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ လစ်ဗာပူးလ်က ၅.၁ ရာခိုင်နှုန်းနဲ့ တတိယ နေရာမှာသာ ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲစဉ် ၁၁ အပြီးမှာ လစ်ဗာပူးလ်က ချန်ပီယံ ဖြစ်နိုင်ချေ ၅၉.၃ ရာခိုင်နှုန်းနဲ့ ရေပန်းအစားဆုံး ဖြစ်လာခဲ့ပြီး မန်စီးတီးက ၃၆.၂ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ အာဆင်နယ်က ၄.၁ ရာခိုင်နှုန်းနဲ့ တတိယ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။
နိုင်ငံတကာ ရက်သတ္တပတ် အပြီး မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကိုတော့ နိုဝင်ဘာလ ၂၃၊ ၂၄၊ ၂၅ ရက်နေ့တွေမှာ ပြန်လည် ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.