နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဇီယက်ခ်ဇီးကို ရောင်းထုတ်ပြီး တိုက်စစ်မှူးသစ် ခေါ်ယူချင်နေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ စပို့တင်းလစ္စဘွန်းရဲ့ ဆွီဒင် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူချင်ကြောင်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်က အခုလည်း ယိုကီးရက်စ်ကို ခေါ်ယူဖို့ အတွက် နယ်သာလန် တိုက်စစ်မှူး ဇီယက်ခ်ဇီးကို အလိုက်ပေးဖို့ အတွက်ပါ စီစဉ်နေတယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ်ဟာ ဇီယက်ခ်ဇီးကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ပေါင် ၃၆.၅ သန်းနဲ့ ခေါ်ယူပြီး ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇီယက်ခ်ဇီး အနေနဲ့ အစောပိုင်း ပွဲစဉ်မှာသာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်း ပွဲတွေမှာ တောက်လျောက် ခြေစွမ်းကျဆင်းသွားတာကြောင့် ယူနိုက်တက် ဘက်က သဘောမကျတော့ပဲ ပြန်လည် ရောင်းထုတ်ဖို့ လိုလားနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ဗစ်တာ ယိုကီးရက်စ် ကိုလည်း ခေါ်ယူဖို ဆန္ဒရှိနေပြီးတော့ ဇီယက်ခ်ဇီးနဲ့ ငွေသား အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ယိုကီးရက်စ်ဟာ လက်ရှိ ရာသီမှာ စပို့တင်းလစ္စဘွန်း အတွက် ပြိုင်ပွဲစုံ ၁၈ ပွဲမှာ သွင်းဂိုး ၂၃ ဂိုး အထိ သွင်းယူထားပြီးတော့ သူ့ကို ခေါ်ယူဖို့ ဥရောပ ထိပ်တန်း အသင်း များစွာက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ဇီယက်ခ်ဇီးကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ပေါင် ၃၆.၅ သန်းနဲ့ ခေါ်ယူပြီး ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဇီယက်ခ်ဇီးနဲ့ ယိုကီးရက်စ်ကို အလဲထပ် လုပ်ချင်နေတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြသစ် ရူဘင် အမော်ရင် အနေနဲ့ စပို့တင်းလစ္စဘွန်း အသင်းမှာ လက်တွဲညီခဲ့တဲ့ ယိုကီးရက်စ်ကို ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ဇီယက်ခ်ဇီးကို အသုံးချဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။ ဘိုလော့ဂ်နာမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဇီယက်ခ်ဇီး ကိုတော့ စီးရီးအေ ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းလည်း သိရပါတယ်။ လက်ရှိမှာ အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နယ်သာလန် တိုက်စစ် ကစားသမား ဇီယက်ခ်ဇီး အနေနဲ့ လက်ရှိရာသီ ယူနိုက်တက်မှာ ပြိုင်ပွဲစုံ ၁၁ ပွဲ ကစားပြီး ၁ ဂိုးသာ သွင်းယူထားတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ စျေးကွက်တွေမှာ ငွေကြေး အများအပြား အသုံးပြုကာ ကစားသမားသစ်တွေကို ခေါ်ယူထားခဲ့ပေမယ့်လည်း ရလဒ်ကောင်းမွန်ခြင်း မရှိဘဲ အသင်းရဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကိုလည်း ရာထူး ကနေ ထုတ်ပယ်ခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ လက်ရှိမှာတော့ ပေါ်တူဂီ လူမျိုး လူငယ် နည်းပြ ရူဘင် အမော်ရင်ကို အသင်း နည်းပြ အဖြစ် ခန့်အပ်ခဲ့ပြီးတော့ သူ့အနေနဲ့ စပို့တင်းလစ္စဘွန်းမှာ လက်တွဲခဲ့ဖူးတဲ့ ဆွီဒင် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တချို့သော သတင်းတွေ မှာတော့ အမော်ရင် အနေနဲ့ စပို့တင်းလစ္စဘွန်း ကစားသမားတွေကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလ အတွင်း ယူနိုက်တက်ဆီ မခေါ်ယူဖို့ ပေါ်တူဂီ ကလပ်ရဲ့ တာဝန်ရှိသူတွေနဲ့ သဘောတူညီမှု ရယူထားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ယူနိုက်တက်ရဲ့ နည်းပြသစ်နဲ့ နည်းစနစ်ပိုင်း၊ ကစားသမား အပြောင်းအလဲနဲ့ အလားအလာတွေကို ဆက်လက် စောင့်ကြည့်သွားရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်