နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးကို ချက်ချင်း စွန့််ခွာသွားဖို့ စိတ်ကူး မရှိတဲ့ အန်ကွန်ကူ | ပရီးမီးယားလိဂ်

ပြင်သစ် တိုက်စစ် ကြယ်ပွင့် ခရစ္စတိုဖာ အန်ကွန်ကူ ကတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။ အန်ကွန်ကူ ကတော့ လက်ရှိမှာ ချဲလ်ဆီး အတွက် ပွဲထွက် ကစားခွင့် ကန့်သတ်ချက်နဲ့သာ ကစားနေရပေမယ့်လည်း အသင်း ကနေ ချက်ချင်း ထွက်ခွာသွားဖို့ စိတ်ကူး မရှိသေးကြောင်း သိရပါတယ်။

အန်ကွန်ကူက ဒီရာသီမှာ ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၇ ပွဲအထိ ကစားထားပြီး သွင်းဂိုး ၁၀ ဂိုးလည်း ရရှိထားပါတယ်။ ဒါပေမယ့်လည်း အန်ကွန်ကူက ၈ ပွဲသာ ပွဲထွက် ကစားသမား အဖြစ် ကစားခဲ့ရပြီးတော့ အဓိက ကတော့ ပရီးမီးယားလိဂ် ပွဲတွေမှာ အရန် ကစားသမား လူစားဝင် ကစားသမား အဖြစ်နဲ့သာ ကစားနေရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် အန်ကွန်ကူရဲ့ အနာဂတ်က လှုပ်ခတ်လာခဲ့ပြီးတော့ အသင်းဟောင်း ပီအက်စ်ဂျီနဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းချင်နေတဲ့ မန်ချက်စတာယူနိုက်တက် တို့က ခေါ်ယူသွားဖို့ပါ စိတ်ဝင်စားနေကြပါတယ်။ အန်ကွန်ကူ ကလည်း ချဲလ်ဆီး ကနေ ထွက်ခွာဖို့ စီစဉ်နေပြီ ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်နေခဲ့ပါတယ်။

လက်ရှိမှာ ယူနိုက်တက်က နယ်သာလန် တိုက်စစ်မှူးလေး ဂျော်ရွှာ ဇီးယက်ဇ်ဇီးကို ဘိုလော့ဂ်နာ ကနေ ပူပူနွေးနွေး ခေါ်ယူထားသလို ဟွိုက်ဂျ်လန်းလို တိုက်စစ်မှူးမျိုးလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့်လည်း ဇီယက်ခ်ဇီးက တစ်ပွဲသာ ခြေစွမ်းပြပြီး နောက်ပွဲတွေမှာ ရုန်းကန်နေရသလို ဟွိုက်ဂျ်လန်း ကလည်း မကြာခဏ ကြံ့ခိုင်မှုနဲ့ ပတ်သတ်ပြီး ပြဿနာ ရှိတာကြောင့် ယူနိုက်တက်တို့ တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အန်ကွန်ကူက ၈ ပွဲသာ ပွဲထွက် ကစားသမား အဖြစ် ကစားခဲ့ရပြီးတော့ အဓိက ကတော့ ပရီးမီးယားလိဂ် ပွဲတွေမှာ အရန် ကစားသမား လူစားဝင် ကစားသမား အဖြစ်နဲ့သာ ကစားနေရတာ ဖြစ်ပါတယ်။
အသင်းပြောင်းမယ်လို့ သတင်းတွေ ထွက်နေတဲ့ အန်ကွန်ကူ

ဒီလို သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း အန်ကွန်ကူ ကတော့ အသင်းမှာ ပွဲထွက် ကစားခွင့် နည်းပါးနေခြင်းကြောင့် မပျော်မရွှင် ဖြစ်နေရပေမယ့် ချဲလ်ဆီး ကနေ ချက်ချင်း ထွက်ခွာသွားဖို့ စိတ်ကူး မရှိသေးကြောင်း သိရပါတယ်။ ဒါ့အပြင် အန်ကွန်ကူ အနေနဲ့ ချဲလ်ဆီးမှာ အနည်းဆုံး ရာသီကုန် အထိ ဆက်ရှိသွားဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။

အသက် ၂၇ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်ကွန်ကူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ လိုက်ပ်ဇစ် ကနေ ချဲလ်ဆီးကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အန်ကွန်ကူဟာ ရာသီကြိုကာလ ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြ ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒူးဒဏ်ရာကြောင့် ခွဲစိတ်မှု ခံယူခဲ့ရပြီး ဩဂုတ်လ ကနေ ဒီဇင်ဘာလ လလယ် အထိ အနားယူခဲ့ရပါတယ်။ အန်ကွန်ကူဟာ သူရဲ့ ချဲလ်ဆီး ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ ဒဏ်ရာ ပြဿနာတွေကြောင့် ရက်ပေါင်း ၂၀၀ ကျော်ကြာ အနားယူခဲ့ရပြီးတော့ ဒီရာသီမှသာ ဒဏ်ရာကင်းစင်ပြီး ကစားနိုင်တာပါ။ ဒါပေမယ့်လည်း နည်းပြ အန်ဇို မာရက်စ်ကာ ကတော့ အန်ကွန်ကူထက် နီကိုးလပ်စ် ဂျက်ဆင်၊ မာဒူအီခီ တို့ကိုသာ ပွဲထွက် ကစားခွင့်ပိုပေးနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်