နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရာဂါကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမယ့် ရိုးမား | ယူရိုပါလိဂ် (ပွဲကြိုသုံးသပ်ချက်)

ရိုးမား – ဘရာဂါ

ယူရိုပါလိဂ် လိဂ် အဆင့် ပွဲစဉ် ၆ ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ အဖြစ် ရိုးမားနဲ့ ဘရာဂါတို့ အိုလံပီကိုကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဒီရာသီမှာ နည်းပြ အပြောင်းအလဲတွေ တောက်လျောက် ဖြစ်ပေါ်ခဲ့တဲ့ ရိုးမား ကတော့ ဝါရင့် နည်းပြကြီး ကလော်ဒီယို ရာနီယေးရီ လက်ထက်မှာလည်း ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ရိုးမားက ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားသလို အိမ်ကွင်းရော၊ အဝေးကွင်းမှာရော ခြေစွမ်းက အားရစရာ မရှိပါဘူး။ ကစားသမားတွေရဲ့ ခြေစွမ်းရော၊ စိတ်ဓာတ်ပိုင်းမှာပါ ကျဆင်းနေတဲ့ ရိုးမား အတွက် ဘရာဂါက ကျိန်းသေပေါက် ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာဦးမှာပါ။ ရိုးမားက ဒီနှစ် ယူရိုပါလိဂ်မှာ ၅ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၁ ပွဲ သရေ ၃ ပွဲ ရှုံးပွဲ ၁ ပွဲ ရှိထားပြီးတော့ ရှုံးထွက်တက်ဖို့ မဖြစ်မနေ ရလဒ်ကောင်းဖို့တော့ လိုအပ်နေပြီ ဖြစ်ပါတယ်။

ဘရာဂါ ကတော့ ယူရိုပါလိဂ် ပွဲစဉ် ၅ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ ၂ ပွဲ၊ သရေ ၁ ပွဲ၊ ရှုံးပွဲ ၂ ပွဲ ရှိထားပြီး သူတို့လည်းပဲ ရှုံးထွက်တက်ရေး ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရာဂါက နောက်ပိုင်း ပွဲတွေမှာ ရလဒ်တွေ ပြန်ကောင်းနေပြီး နောက်ဆုံး ၄ ပွဲဆက် ရလဒ်ကောင်းထားပါတယ်။ တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းမှာပါ အားရစရာ ခြေစွမ်းမျိုးနဲ့ မြင်တွေ့နေရပါတယ်။ ဒါ့အပြင် ဘရာဂါက ဒီရာသီမှာ အဝေးကွင်း ရှုံးပွဲ ၂ ပွဲသာ ရှိထားလို့ ရိုးမားကို ကျိန်းသေပေါက် ဒုက္ခပေးနိုင်စွမ်း ရှိနေပါလိမ့်မယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ရိုးမား ဘက်က ခရစ္စတန်တီ၊ ဆီလစ်ခ် တို့ လွဲချော်ဖို့ ရှိနေပြီးတော့ ဘရာဂါ ဘက်မှာတော့ ပေါ်လို အိုလစ်ဗီယာ တစ်ဦးတည်း လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဘရာဂါ ကတော့ ယူရိုပါလိဂ် ပွဲစဉ် ၅ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ ၂ ပွဲ၊ သရေ ၁ ပွဲ၊ ရှုံးပွဲ ၂ ပွဲ ရှိထားပြီး သူတို့လည်းပဲ ရှုံးထွက်တက်ရေး ရုန်းကန်နေရတာ ဖြစ်ပါတယ်။
နောက်ပိုင်း ပွဲစဉ်တွေမှာ နိုင်ပွဲ ပြန်ရနေတဲ့ ဘရာဂါ

ရိုးမား – ဆဗီလာ၊ မန်ချီနီ၊ ဟာမိုဆို၊ အန်ဒီကာ၊ အက်ဘ်ဒူလ်မိတ်ဒ်၊ လီဖီး၊ ပါရီဒက်စ်၊ ဇာလက်စကီး၊ ပယ်လီဂရီနီ၊ ပီဆီလီ၊ ရှူမူရိုဒေါ့ဗ်

ဘရာဂါ – မားသီးယက်စ်၊ ဖာရဲရား၊ နီယာကိတ်၊ အာရေး အမ်ဘီ၊ ဖာနန်ဒက်စ်၊ ကာဗယ်ဟို၊ မူတင်ဟို၊ ဂိုးမက်ဇ်၊ ဟော်တာ၊ ဘရူမာ၊ အွက်ဇာနီ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း ကတော့ ယူရိုပါလိဂ်မှာ ၂ ကြိမ်၊ ခြေစမ်းပွဲမှာ ၁ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ရိုးမားက ယူရိုပါလိဂ်မှာ အိမ်ကွင်း အဝေးကွင်း ၂ ကြိမ် စလုံး အနိုင်ရထားပါတယ်။ နှစ်ကြိမ်စလုံးမှာ ဂိုးပြတ် အနိုင်ရထားတာ ဖြစ်ပြီး ဘရာဂါနဲ့ တွေ့ဆုံမှုတိုင်းမှာ အသာရခဲ့တယ်လို့ပဲ ဆိုရမှာပါ။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ရိုးမား နိုင်ရင် ၁.၇၁ ဆ၊ ဘရာဂါ နိုင်ရင် ၄.၁၆ ဆ၊ သရေ ဆိုရင်တော့ ၃.၃၉ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ရိုးမားက သရေ အရှုံးနဲ့ တစ်လုံး တစ်ဝက်စား ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံး သွင်းရင် စိတ်ချရမယ့် ကြေးမျိုးပါ။ ရိုးမားက နောက်ဆုံး ပွဲမှာ နိုင်ပွဲ ပြန်ရထားပြီး စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာ အနည်းငယ် ပြန်လည် တိုးတက်လာတာ တွေ့ရပါတယ်။ ရာနီယေးရီ လက်အောက်မှာ တဖြည်းဖြည်း ပုံစံကောင်း ပြန်ရလာတာ တွေ့ရပြီးတော့ လူလည်း ပြန်စုံလာပါတယ်။ ဒီပွဲမှာတော့ အိမ်ရှင် ရိုးမား ဘက်မှာပဲ ရပ်တည်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

ရိုးမား ၂-၁ ဘရာဂါ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်