နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆောင်းရာသီ နားရက် လိုအပ်နေပြီ ဖြစ်ကြောင်း ဝန်ခံလာတဲ့ ဟန်ဆီ ဖလစ်ခ် | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်က သူ့ အသင်းဟာ ဆောင်းရာသီ နားရက် လိုအပ်နေပြီ ဖြစ်ကြောင်း ဝန်ခံလာခဲ့ပါတယ်။ ဒီစကား ကိုတော့ ဟန်ဆီ ဖလစ်ခ်က အက်တလက်တီကိုမက်ဒရစ်ကို အိမ်ကွင်းမှာ ၁-၂ ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် ပြောကြားလာခဲ့တာလည်း ဖြစ်ပါတယ်။ 

ဘာစီလိုနာ ကတော့ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ လာလီဂါ အိမ်ကွင်း ပွဲစဉ်မှာ အက်တလက်တီကိုမက်ဒရစ်ကို ပက်ဒရီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနိုင်ရလဒ်ကို ထိန်းထားနိုင်ခြင်း မရှိခဲ့တဲ့ ဘာစီလိုနာတို့ ပွဲချိန် မိနစ် ၆၀မှာ ချေပဂိုး ပေးခဲ့ရသလို၊ ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာလည်း အက်တက်တီကိုမက်ဒရစ်ကို အနိုင်ဂိုးပါ ခွင့်ပြုခဲ့ရပြီး ၁-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ အဲဒီ ရှုံးပွဲကြောင့် လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံး နေရာ ကနေ ဖယ်ပေးခဲ့ရပြီးတော့ တစ်ပွဲလျော့ ကစားထားတဲ့ အက်တလက်တီကိုမက်ဒရစ်နဲ့ ၃ မှတ်လည်း ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ လာလီဂါ နောက်ဆုံး ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီး ရလဒ်တွေ ဆိုးရွားနေတာ ဖြစ်ပါတယ်။ ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းက ရာသီအစပိုင်းမှာ ရလဒ်တွေ တောက်လျောက် ကောင်းမွန်ခဲ့ပြီးတော့ လာလီဂါ ချန်ပီယံ ဖြစ်ဖို့ ထင်ကြေးပေးမှုမှာ ထိပ်ဆုံးက ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ဘာဆာတို့ ရလဒ်ဆိုးတွေ အောက်မှာ နစ်နေဆဲ ဖြစ်ပြီး နည်းပြ ကိုယ်တိုင်က သူ့ အသင်းက နားရက် လိုအပ်နေပြီလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ အဲဒီ ရှုံးပွဲကြောင့် လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံး နေရာ ကနေ ဖယ်ပေးခဲ့ရပြီးတော့ တစ်ပွဲလျော့ ကစားထားတဲ့ အက်တလက်တီကိုမက်ဒရစ်နဲ့ ၃ မှတ်လည်း ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။
အက်တလက်တီကိုမက်ဒရစ်နဲ့ ၃ မှတ် ကွာဟနေခဲ့ပြီ ဖြစ်တဲ့ ဘာစီလိုနာ

ဟန်ဆီ ဖလစ်ခ်က “အခု ကျွန်တော်တို့ ဆောင်းရာသီ နားရက် ရခဲ့ပါပြီ။ ဒီနားရက်က အသင်းတိုင်း အတွက် လိုအပ်တယ်လို ကျွန်တော် ထင်ပါတယ်။ ဆောင်းရာသီ နားရက် အပြီးမှာ ကျွန်တော်တို့ အနေနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းမှာ ဖြစ်ပြီးတော့ ကျွန်တော်တို့ ဘယ်လောက် ကောင်းတယ် ဆိုတာ ပြသသွားမှာပါ။ အက်တလက်တီကိုမက်ဒရစ်နဲ့ ပွဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့တဲ့ အတွက် ကျွန်တော်တို့ အားလုံး စိတ်ပျက်ရပါတယ်။ အခုက ခရစ္စမတ်ကို ဆင်နွှဲမှာပါ။ ပြီးရင် ဒီဇင်ဘာ ၂၉ ရက်မှာ ပြန်လည် လေ့ကျင့်မှာ ဖြစ်ပြီးတော့ ဒုတိယ ရာသီဝက် အတွက် ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။ လာလီဂါ အမှတ်ပေးပြိုင်ပွဲ ကတော့ အခု တစ်ပတ် ပွဲစဉ်တွေ အပြီးမှာ ဆောင်းရာသီ နားရက် (Winter Break) အဖြစ် တစ်လခန့် အနားယူမှာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဆောင်းရာသီ နားရက်တွေ အပြီး မှာတော့ ပထမဦးဆုံး ပွဲစဉ် အဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှာ စပိန် ဘုရင့်ဖလား ပွဲစဉ် အဖြစ် ဘာဘက်စ်ထရို အသင်းနဲ့ ရင်ဆိုင် ကစားရမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာတို့ ဟန်ဆီ ဖလစ်ခ် ပြောသလိုပဲ ဆောင်းရာသီ ပိတ်ရက် အပြီးမှာ နလံ ပြန်ထလာနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်