နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ် အတွက် သိသာတဲ့ အားနည်းချက် ဖြစ်လာတဲ့ တိုက်စစ် လိုအပ်ချက် ပြဿနာ | ပရီးမီးယားလိဂ်

အာဆင်နယ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်နဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ခရာဘောင်ဖလား မှာလည်း နယူးကာဆယ်ကို ထပ်မံ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပွဲစလုံးမှာ အာဆင်နယ်က ခြေစွမ်းပိုင်းအရရော၊ နည်းစနစ်ပိုင်းမှာပါ မရှုံးခဲ့ပေမယ့် အဆုံးသတ် သေချာတဲ့ တိုက်စစ်မှူး မရှိခြင်းက အသင်းရဲ့ ရလဒ်ပိုင်းကို ထိခိုက်မှုတွေ ရှိစေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဘောလုံး သုံးသပ်သူ ဂျေမီ ရက်နက်ပ် ကတော့ အာဆင်နယ် အနေနဲ့ ဘရိုက်တန်နဲ့ ပွဲက စွမ်းဆောင်ရည် အတိုင်း ဆိုရင်တော့ ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းပေါ်မှာ ဆက်လက် ရပ်တည်နိုင်မှာ မဟုတ်ကြောင်း သုံးသပ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဘရိုက်တန်နဲ့ ပွဲမှာ သရေကျခဲ့တဲ့ အတွက် ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ အမှတ်လျော့တဲ့ ပွဲ ၃ ပွဲ ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဂန်းနားတွေဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပေမယ့်လည်း အဆင့် ၃ နေရာက နော့တင်ဟမ်ဖောရက်စ်ရဲ့ ရမှတ်တူနဲ့ လိုက်လံ ဖိအားပေးခြင်းကို ခံနေရကာ လစ်ဗာပူးလ် ထက်လည်း တစ်ပွဲ ပိုကစားကာ ၆ မှတ် လျော့နေပါတယ်။

အာဆင်နယ်ဟာ ဘရိုက်တန်နဲ့ ပွဲမှာ သရေကျခဲ့တဲ့ အတွက် ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ အမှတ်လျော့တဲ့ ပွဲ ၃ ပွဲ ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ လိုအပ်နေတဲ့ အာဆင်နယ်

ဒါကြောင့် ရက်နက်ပ်က “အာဆင်နယ်က အလှည့်အပြောင်းတွေ ဖြစ်အောင် လုပ်ရမယ်လို့ ဒီပွဲ မတိုင်ခင်မှာ ကျွန်တော် ပြောခဲ့ပါတယ်။ အာဆင်နယ်တို့ အတွက် တကယ်ကို ညံ့ခဲ့တဲ့ ညပါ။ ဒီလို စွမ်းဆောင်ရည်မျိုးနဲ့ ဆိုရင် ချန်ပီယံ ပြေးလမ်းပေါ်မှာ ဆက်ရှိနိုင်မှာ မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် နောက်ခံလူ ကာလာဖီအိုရီ ကတော့ သူတို့ အနေနဲ့ ချန်ပီယံဆု အကြောင်း မစဉ်းစားသင့်ဘဲ ကိုယ့်အသင်းရဲ့ စွမ်းဆောင်ရည် ကိုသာ ပိုမို အာရုံစိုက်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ မနေ့ညက ကစားခဲ့တဲ့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် မှာလည်း နယူးကာဆယ်ကို အဘက်ဘက်မှာ ခြေစွမ်းပိုင်း အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ၀-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့ ဝေးဖို့ ရာခိုင်နှုန်း များသွားခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်က တစ်ပွဲလုံး Big Chances ၆ ကြိမ် အထိ ရခဲ့သလို ဘောလုံး ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်း၊ ဂိုးပေါက် ကန်ချက် ၂၃ ကြိမ် အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂိုးပေါက် တည့်မှု ကတော့ ၃ ကြိမ်သာ ရှိခဲ့တာကြောင့် တိုက်စစ်ပိုင်း လိုအပ်ချက် မြင့်မားနေတယ် ဆိုတာ သိသာ ထင်ရှားခဲ့ပါတယ်။ ဒီရှုံးပွဲ အပြီးမှာတော့ ပရိသတ် အများစုက အာဆင်နယ်တို့ ပြီးခဲ့တဲ့ နွေရာသီမှာ တိုက်စစ်ကစားသမား မဝယ်ယူခဲ့ခြင်းနဲ့ ပတ်သတ်လို့ နည်းပြ မီခဲလ် အာတေးတားနဲ့ အားကစား ဒါရိုက်တာဟောင်း အက်ဒူး တို့ကို ပြစ်တင် ဝေဖန် ပြောဆိုနေကြတာလည်း တွေ့ရပါတယ်။ ဒီအခြေအနေအရ ဆိုရင်တော့ အာဆင်နယ်က လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်ပြီး ဆာကာ နေရာ အတွက်လည်း ကစားသမား တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်