နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကွင်းလယ် တိုက်စစ် အတွက် အခင်းအကျင်း ပြင်ဆင်ရာမှာ အခက်အခဲ ရှိနေကြောင်း ဖွင့်ဟခဲ့တဲ့ မာရက်စ်ကာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ အသင်းမှာ ထိပ်တန်း ကစားသမား များစွာ ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ အန်ဇို မာရက်စ်ကာ ကတော့ ပွဲထွက် လူစာရင်း ပြင်ဆင်ရတဲ့ အပိုင်းမှာ အခက်အခဲတွေ ရှိနေကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

အန်ဇို မာရက်စ်ကာက သူ့အနေနဲ့ အသင်းရဲ့ ကွင်းလယ် တိုက်စစ် အခန်းကဏ္ဍ အတွက် ကိုးလ် ပါးလ်မား၊ ယာအို ဖီးလစ်နဲ့ အန်ကွန်ကူတို့ အားလုံး ပါဝင်တဲ့ အခင်းအကျင်းကို အသုံးပြုဖို့ မလွယ်ကူတာကြောင့် တချို့သော ကစားသမားတွေကို အရန်ခုံ ပို့ထားရတာ ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးရဲ့ ကွင်းလယ် တိုက်စစ် နေရာ အတွက် အဓိက ကစားသမား အဖြစ် ကိုးလ် ပါးလ်မားက ပုံမှန် ပွဲထွက် ကစားခွင့်ရနေပြီးတော့ ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ် ထိပ်တန်း ကစားသမားတွေ ဖြစ်တဲ့ ယာအို ဖီးလစ်နဲ့ ခရစ္စတိုဖာ အန်ကွန်ကူ တို့ကတော့ အရန်ခုံမှာပဲ အချိန်ကုန်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ချဲလ်ဆီးက ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေပေမယ့် လစ်ဗာပူးလ်နဲ့တော့ ၁၀ မှတ် ပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တဲ့ ချဲလ်ဆီး

ဒါကြောင့် ဒီကစားသမား ၂ ဦးရဲ့ ပွဲထွက်ခွင့် အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းမှုတွေ ရှိလာခဲ့ရာ မှာတော့ မာရက်စ်ကာက အခုလိုပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ “ဖီးလစ်နဲ့ အတူ တခြား တိုက်စစ် ကစားသမားတွေပါ ပါဝင်တဲ့ လူအခင်းအကျင်းကို ဖန်တီးရတာ ခက်ခဲပါတယ်။ ရာသီအစကတည်းက အသင်းရဲ့ ကွင်းလယ် တိုက်စစ် အခန်းကဏ္ဍမှာ ကစားသမားတွေ အရမ်းများနေတာက ကျွန်တော့် အတွက် အရမ်းကို ခက်ခဲတဲ့ အခြေအနေ ဖြစ်တယ် ဆိုတာ ကျွန်တော် ပြောပြခဲ့ပြီးသားပါ။ ကျွန်တော့် အနေနဲ့ ကွင်းအတွင်းမှာ ကွင်းလယ် တိုက်စစ် ကစားသမား ၁ ဦးပဲ လိုအပ်ပါတယ်။ တကယ်တမ်း ကျတော့ အဲဒီ နေရာ တစ်ခုတည်းမှာ ကမ္ဘာ့ထိပ်တန်း ကစားသမား ၃ ဦး အထိ ရှိနေပါတယ်။ ကျွန်တော်က ယာအို ဖီးလစ်ကို ပွဲထွက်လူစာရင်းမှာ သုံးမယ် ဆိုရင် ကိုးလ် ပါးလ်မားနဲ့ အန်ကွန်ကူ တို့က အရန်ခုံထိုင်ရပါလိမ့်မယ်။ ကိုးလ် ပါးလ်မားနဲ့ ဖီးလစ် အတူတွဲ ကစားဖို့ ကလည်း ပွဲရဲ့ အခြေအနေပေါ် မူတည်ပါတယ်။ သူတို့အတူ တွဲကစားခဲ့တဲ့ ပွဲတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒါက ပွဲတိုင်း အတွက်တော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော့် အတွက် တစ်နေရာတည်းမှာ ကိုးလ် ပါးလ်မာ၊ ဖီးလစ်၊ အန်ကွန်ကူ တို့လို ကစားသမားတွေ ရှိနေတာက ခက်ခဲပါတယ်။” လို့ မာရက်စ်ကာက ဆိုပါတယ်။

သတင်းတွေ အရ ဆိုရင်တော့ ဖီးလစ်နဲ့ အန်ကွန်ကူ တို့ဟာ အရန်ခုံမှာပဲ ထိုင်နေရတာ များတာကြောင့် အသင်းမှာ မပျော်မရွှင် ဖြစ်နေပြီး ထွက်ခွာဖို့လည်း စီစဉ်နေကြောင်း သိရပါတယ်။ အဓိက ကတော့ ဖီးလစ်ရော အန်ကွန်ကူရောက ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နိုင်ငံလက်ရွေးစင် အသင်းတွေ အတွက် ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နေကြသူတွေ ဖြစ်တာကြောင့် ကလပ် အသင်းတွေမှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ လိုလားနေကြတာလည်း ဖြစ်ပါတယ်။

ဒီကစားသမား နှစ်ဦး စလုံး ကတော့ ပရီးမီးယားလိဂ် မှာ ပုံမှန် ပွဲထွက်ခွင့် မရပေမယ့် ယူရိုပါကွန့်ဖရင့်လိဂ်နဲ့ ပြည်တွင်း ရှုံးထွက် ပြိုင်ပွဲတွေမှာတော့ ကစားခွင့်ရနေကြပါတယ်။ ဒါ့အပြင် နှစ်ဦးစလုံးက ပွဲထွက်ခွင့်ရချိန်တိုင်းမှာ ခြေစွမ်းပြ ကစားနိုင်ကြသူတွေ ဖြစ်ပေမယ့် မာရက်စ်ကာ ကတော့ အဓိက ပြိုင်ပွဲတွေမှာ အသုံးပြုဖို့ ခက်ခဲနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ချဲလ်ဆီးက ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေပေမယ့် လစ်ဗာပူးလ်နဲ့တော့ ၁၀ မှတ် ပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်