နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိုမာ မာမွတ်ရှ် အတွက် ယူရို သန်း ၇၀ + အပိုဆုကြေး ယူရို ၁၀ သန်း ပေးချေရဖွယ် ရှိနေတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ ဖရန့်ဖတ် တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ မန်စီးတီးဟာ အီဂျစ် တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ရဲ့ အပြောင်းအရွှေ့ကို အခုတစ်ပတ် အတွင်း အပြီးသတ်နိုင်ဖို့လည်း မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

ပပ် ဂွါဒီယိုလာရဲ့ အသင်းက ဒီရာသီ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အစောပိုင်းမှာ မန်စီးတီးက ဗဟိုခံစစ် နေရာ အတွက် အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ လန်းစ် အသင်းရဲ့ ဥဇဘက်ကစ္စတန် ဗဟိုခံစစ်မှူး အက်ဘ်ဒူကိုဒီရာ ကူဆာနော့ဗ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီးလည်း ဖြစ်ပါတယ်။ မန်စီးတီးက ကူဆာနော့ဗ်ကို ယူရို သန်း ၄၀ ဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ကူဆာနော့ဗ်ဟာ မန်စီးတီးကို ပြောင်းရွှေ့ဖြစ်ခဲ့ရင်တော့ ပရီးမီးယားလိဂ် မှာ ကစားခွင့်ရတဲ့ ပထမဆုံး ဥဇဘက်ကစ္စတန် ကစားသမား အဖြစ် မှတ်တမ်းဝင်သွားမှာလည်း ဖြစ်ပါတယ်။

ပပ် ဂွါဒီယိုလာရဲ့ အသင်းက ဒီရာသီ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဆောင်းရာသီ ဈေးကွက်မှာ ကစားသမား အများအပြား ခေါ်ယူမယ့် မန်စီးတီး

အဲဒီနောက် သတင်းတွေ ထွက်နေတဲ့ အတိုင်း တိုက်စစ် အတွက် အိုမာ မာမွတ်ရှ်ကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းခဲ့ပြီး လက်ရှိ မှာတော့ အီဂျစ်သား အတွက် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ အိုမာ မာမွတ်ရှ် ကတော့ အသက် ၂၅ နှစ် အရွယ်သာ ရှိနေသေးပြီးတော့ ၂၀၂၀ ခုနှစ်မှာ ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ်တွေမှာ ကစားနေသူ ဖြစ်ပါတယ်။ မာမွတ်ရှ်က ၂၀၂၃ ခုနှစ် မှာတော့ ဝုဖ်ဘတ် ကနေ ဖရန့်ဖတ်ကို ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ လက်ရှိ ရာသီမှာတော့ အီဂျစ် တိုက်စစ် ကြယ်ပွင့်က ဖရန့်ဖတ် အတွက် ပြိုင်ပွဲစုံ ၂၆ ပွဲ ကစားပြီး ၁၉ ဂိုး သွင်းယူထားကာ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဒီကစားသမားဟာ မိုဟာမက် ဆာလာ လက်သစ်လို့ နာမည်ကြီးနေသူ ဖြစ်ပြီး အစောပိုင်းမှာ အီဂျစ် အသင်းဖော် ရှိရာ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖွယ် ရှိကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါ့အပြင် မာမွတ်ရှ်ကို တိုက်စစ်မှူး လိုအပ်ချက် ရှိနေတဲ့ အာဆင်နယ် ကလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။

ဖရန့်ဖတ်ဟာ အိုမာ မာမွတ်ရှ် အတွက် မန်စီးတီးရဲ့ ကနဦး ကမ်းလှမ်းချက်တွေကို ပယ်ချခဲ့ပေမယ့် မန်စီးတီး ဘက်က ပြောင်းရွှေ့ကြေးကို တိုးမြှင့် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဖရန့်ဖတ် ကတော့ မာမွတ်ရှ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ဖြစ်လာခဲ့တာကြောင့် ယူရို သန်း ၈၀ အထိ စျေးနှုန်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Sky Sports ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ မန်စီးတီး ဘောလုံး ဒါရိုက်တာ ဘီဂီရီ စတိန်းက မာမွတ်ရှ်ရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာမှာ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဖရန့်ဖတ် နဲ့လည်း ယူရို သန်း ၇၀ ဝန်းကျင်နဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ပရီးမီးယားလိဂ် ကလပ် အနေနဲ့ မာမွတ်ရှ်ကို ခေါ်ယူနိုင်ဖို့ အတွက် ဖရန့်ဖတ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀+ အပိုဆုကြေး ယူရို ၁၀ သန်း ဝန်းကျင် ပေးချေရဖွယ် ရှိကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် မန်စီးတီးက ဒဏ်ရာရနေတဲ့ ရိုဒရီ နေရာမှာ အစားထိုးဖို့ အတွက် ကွင်းလယ် ကစားသမား တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်