နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ်နဲ့ ကံမစပ်တဲ့ မန်စီးတီးကို ဂိုးပြတ်နှုတ်ဆက်တဲ့ လိုင်ယွန်

မန်စီးတီး ၁-၃ လိုင်ယွန်

ယနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ လိုင်ယွန်အသင်းတို့ရဲ့ပွဲစဉ်မှာ လိုင်ယွန်အသင်းက အံ့အားသင်းစရာခြေစွမ်းနဲ့ မန်စီးတီးကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်ရောက်‌သွားပါတယ်။ ပွဲမစခင်က ခန့်မှန်းထားခဲ့ကြတဲ့ အများစုရဲ့ ခန့်မှန်းချက်တွေကို မှားယွင်းသွားစေခဲ့တဲ့ ပွဲလည်းဖြစ်ပါတယ်။ လိုင်ယွန်တို့ လူစား၀င်တိုက်စစ်မှူး မိုဆာဒမ်ဘီလီရဲ့ ခြေစွမ်းပြ အနိုင်ဂိုး ၂ဂိုးအပါအ၀င် ၁-၃နဲ့ အနိုင်ရရှိပြီး မန်စီးတီးကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကနေ ဖြုတ်ချလိုက်တာ ဖြစ်ပါတယ်။ အစောပိုင်းက ရေပန်းစားခဲ့ပေမယ့် မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ်အိမ်မက်ဟာ ထုံးစံအတိုင်း ကွာတားဖိုင်နယ်အဆင့်လောက်မှာပဲ ပျက်ပြယ်သွားခဲ့ပြန်တာလည်းဖြစ်ပါတယ်။

 

အထင်ကရအချက်အလက်များ

မန်စီးတီးတို့ ဒီပွဲကို ကျိန်းသေပေါက် အနိုင်ရဖို့အတွက် ပြင်ဆင်လာခဲ့တယ်ဆိုတာ လူစာရင်းနဲ့ ကစားကွက်ကို ကြည့်လိုက်တာနဲ့ သိသာပါတယ်။ နောက်ခံလူ ၃‌ဦးတည်းထားပြီး ကွင်းလယ်မှာ ၅ဦးထိအသုံးပြုခဲ့တာဟာ ဂွာဒီယိုလာအနေနဲ့ လိုင်ယွန်ကို ကွင်းလယ်မှာ ထိန်းချုပ်ပြီး သွင်းဂိုးတွေရဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာရဲ့ နည်းစနစ်ဟာ အလုပ်သိပ်မဖြစ်ခဲ့ပဲ ကွင်းလယ်ဟာလည်း လူများပြီးပွဲမစည်ခဲ့ပါဘူး။ ကွင်းလယ်မှာ ဒီဘရိုင်း တစ်ဦးလောက်ပဲ လောက်လောက်လားလား ရှိခဲ့ပြီး အဓိကကစားသမား စတာလင် ခြေစွမ်းမပြနိုင်ခဲ့သလို ဂန်ဒိုဂန်၊ရိုဒရီ တို့လည်း တိုက်စစ်အတွက် အကူအညီမပေးနိုင်ခဲ့ပါဘူး။ လိုင်ယွန်ကတော့ မန်စီးတီးရဲ့ အထာကို နပ်နေတယ်လို့တောင်ထင်ရပါတယ်။ ရူဒီဂါစီယာဟာ ပြီးခဲ့တဲ့ ပွဲမှာ ဂျူဗင်တပ်စ်လိုအသင်းကို ပါးပါးနပ်နပ်နဲ့ ကျော်ဖြတ်ပြခဲ့သလို ဒီပွဲမှာလည်း ဂိုးပေါက်ကန်ချက် ၁၈ကြိမ်ထိရှိခဲ့တဲ့ မန်စီးတီးလိုအသင်းကို တစ်ဂိုးလောက်ပဲ ခွင့်ပြုပေးခဲ့ပြီး ၃ဂိုးပြန်ယူပြခဲ့တာ လေးစားစရာပါ။ ပွဲကစားချိန် မိနစ် ၇၀ ကျော်ထိ တစ်ဖက်တစ်ဂိုးစီရလဒ်ကို ထိန်းသိမ်းပြီး မိုဆာဒမ်ဘီလီ ရဲ့ လူစား၀င်ချိန်ဟာ အချိန်ကိုက် ဖြစ်ခဲ့တယ်လို့ပြောရမှာပါ။ မိုဆာဒမ်ဘီလီဟာ သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေကို ပိုပြီးလိုချင်လာအောင်လုပ်ပြခဲ့သလိုပါပဲ။ တိုက်စစ်မှူးတစ်ယောက်ရဲ့ အဆုံးသတ်သေချာမှုအပြင် Super Sub ကောင်းတစ်ဦးဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ၇၉မိနစ်နဲ့ ၈၇မိနစ်တို့မှာ သွင်းယူခဲ့တဲ့ ဒမ်ဘီလီရဲ့ အနိုင်ဂိုး ၂ဂိုးက မန်စီးတီးတို့ကို နောက်ထပ်တစ်ကြိမ် ချန်ပီယံလိဂ်မှာ ကျရှုံးစေခဲ့ပြန်တာဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

၁-၃နဲ့ အနိုင်ရရှိပြီး မန်စီးတီးကို ချန်ပံလိဂ်ကွာတားဖိုင်နယ်ကနေ ဖြုတ်ချလိုက်တာ ဖြစ်ပါတယ်။
ကစားသမားကောင်းတွေပါတဲ့ ကွင်းလယ်ပိုင်းခြေစွမ်းမပြနိုင်လို့ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီး

မန်စီးတီးကတော့ ချန်ပီယံလိဂ်နဲ့ ကံမစပ်သေးပါဘူး။ လိုင်ယွန်တို့ ကတော့ ချန်ပီယံလိဂ်မှာ ဖျက်မြင်းအသင်းတစ်သင်းထက်ပိုတဲ့ ခြေစွမ်းအဆင့်အတန်းကို ပြသထားနိုင်ပြီး အသင်းကြီးတွေကို တစ်ပွဲပြီးတစ်ပွဲကျော်ဖြတ်ပြနေပါတယ်။ လာမယ့်ဆီမီးဖိုင်နယ်မှာလည်း ဂျာမနီထိပ်သီး ဘေယန်မြူးနစ်ကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်