နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဝေးကွင်း ရလဒ်ကောင်းနေတဲ့ အေစီမီလန် ကို သဘောကျပါတယ် – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

ဆာဆူအိုလို vs အေစီမီလန်

အခုတစ်ပတ်မှာ ကစားမယ့် စီးရီးအေ ပွဲစဉ်တွေထဲက ဆာဆူအိုလိုနဲ့ အေစီမီလန်တို့ရဲ့ ပွဲစဉ်ကို SBOTOP စီးရီးအေ ပရိသတ်တွေ အတွက်ပွဲကြို ခန့်မှန်းသုံးသပ်ပေးချင်ပါတယ်။ လက်ရှိ စီးရီးအေ မှာ ရှုံးပွဲလုံးဝမရှိသေးတဲ့ အေစီမီလန်တို့ ဆာဆူအိုလို အသင်းကောင်းတစ်သင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာအလွယ်တကူ အနိုင်ရဖို့တော့ မဖြစ်နိုင်ပါဘူး။

ဆာဆူအိုလို ဆိုတာ အရင်နှစ်တွေတုန်းက စီးရီးအေ မှာ ရုန်းကန်ရလေ့ရှိတဲ့ အလယ်အလတ်တန်းစား အသင်းတစ် သင်း ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာ‌တော့ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရပ်တည်နေပြီး ရလဒ်တွေလည်း တော်တော်လေးကို ကောင်းနေပါတယ်။ ဆာဆူအိုလိုတို့ အင်တာမီလန်တစ်သင်းတည်းကို ရှုံးနိမ့်ထားပြီး ကျန်ပွဲတွေမှာတော့ အနိမ့်ဆုံး သရေရလဒ်ရရှိအောင် ကစားထားနိုင်ပါတယ်။ နောက်ပြီး အစောပိုင်းပွဲစဉ်တွေမှာ နာပိုလီ၊ ရိုးမား၊ ဗီရိုနာ တို့လို အသင်းကောင်းတွေနဲ့ ကစားခဲ့ရပေမယ့် ရှုံးပွဲလုံးဝ မရှိထားတာတွေ့ရပါတယ်။ လက်ရှိ စီးရီးအေ မှာ ၁၂ ပွဲကစား၊ ၆ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၁ ပွဲရှုံးပြီး ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆  နေရာမှာ ရပ်တည်နေပါတယ်။ ထိပ်ဆုံးက ဦးဆောင်နေတဲ့ မီလန်နဲ့ ဆိုရင် ရမှတ်ကွာဟမှု ၅ မှတ်သာရှိပြီး လက်ရှိခြေစွမ်းအရ အိမ်ကွင်းမှာ အနိမ့််ဆုံး သရေကစားနိုင်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ တိုက်စစ်က ဖရန်ဆစ်စကို ကာပူတို အနေနဲ့ ၇ ပွဲကစားထားရာမှာ ၅ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးထားကာ ဆာဆူအိုလိုရဲ့ အဓိကထားစောင့်ကြည့်ရမယ့် ကစားသမား ဖြစ်ပါတယ်။

အေစီမီလန်ကတော့ ဒီရာသီမှာ ခြေစွမ်းတော်တော်လေး ထက်မြတ်နေပြီး ရှုံးပွဲလုံးဝမရှိသေးပဲ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အေစီမီလန်တို့ ၁၂ ပွဲကစားထားရာမှာ ၈ ပွဲနိုင်၊ ၄ ပွဲသရေ ရမှတ် ၂၈ မှတ်အထိ ရရှိထားပါတယ်။ အေစီမီလန်တို့ရဲ့ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက်ရလဒ်ကို ကြည့်မယ်ဆိုရင် ၃ ပွဲနိုင်ပြီး ၂ ပွဲသရေ ကျထားပါတယ်။ တစ်ချက်ရှိတာက အေစီမီလန်တို့ ကစားပုံကောင်းနေတယ် ဆိုပေမယ့် ဇလာတန် အီဗရာဟီမိုဗစ် မကစားနိုင်တဲ့ ပွဲဆိုရင် နိုင်ပွဲရဖို့ ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၂ ပွဲဆက်တိုက် သရေကျ ထားခဲ့ပါတယ်။ အေစီမီလန်တို့ တိုက်စစ်က ရီဘစ်ဟာလည်း အခုပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မသေချာလို့  ရာဖေးလ် လီယို၊ အလက်ဆစ် ဆေလီမက်ကာ၊ လိုရန်ဇို ကိုလွန်ဘို၊ ဒန်နီရယ်မာဒီနီတို့လို လူငယ်တိုက်စစ် ကစားသမားတွေနဲ့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။ အခုပွဲမှာ ရလဒ်ပိုင်း ယိမ်းယိုင်ခဲ့မယ်ဆိုရင် အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ဆက်လက် ဦးဆောင်ခွင့် လက်လွှတ်ဆုံးရှုံးရနိုင်လို့ အေစီမီလန်တို့ အနိုင် ၃ မှတ်အပြည့်ရဖို့တော့ အားထုတ်လာပါလိမ့်မယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဆာဆူအိုလိုနဲ့ အေစီမီလန်တို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၈ ကြိမ်ကို ကြည့်မယ်ဆိုရင် အေစီမီလန်က ၁၀ ကြိမ် အနိုင်ရပြီး ဆာဆူအိုလိုက ၅ ကြိမ်အနိုင်ရထားကာ သရေပွဲကတော့ ၃ ကြိမ်ပဲ ရှိထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ အေစီမီလန်အိမ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့ပြီး ဆာဆူအိုလို အိမ်ကွင်းမှာတော့ အေစီမီလန်က ၁-၂ နဲ့ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဆာဆူအိုလို vs အေစီမီလန် 1X2 အေစီမီလန် @ 2.01
ဒီဇင်ဘာလ ၂၀ ရက်, ည ၈:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၄၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၀၀ ကြေးဖွင့် ပြီး သရေအတွက် ၃.၅၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အေစီမီလန်တို့ နောက်ဆုံး ၂ ပွဲဆက်တိုက် သရေကျပြီး နိုင်ပွဲ ပျောက်ဆုံးထားခဲ့လို့ အခုပွဲစဉ်မှာ နိုင်ပွဲပြန်ရဖို့ အားထုတ်လာပါလိမ့်မယ်။ တစ်ချက်ရှိတာက ဇလာတန် ပါလာမှာ မဟုတ်လို့ အေစီမီလန်တို့ တိုက်စစ်က အားပျော့လာနိုင်ပါတယ်။ ဆာဆူအိုလို အနေနဲ့ကတော့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်လို့ ရလဒ်ကောင်းဖို့ မျှော်လင့်လာနိုင်ပေမယ့် ခြေစွမ်းပိုကောင်းတဲ့ အေစီမီလန်ကို ပိုသဘောကျနေပါတယ်။ အေစီမီလန်တို့ ၁ ဂိုးလောက်နဲ့ ကပ်နိုင်သွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်