နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှုံးထွက်တက်ရေး ရုန်းကန်ရတော့မယ့် အဲလ်ဂျီးရီးယား၊ အီဂျစ်နဲ့ မာလီ | အာဖရိကနိုင်ငံများ ဖလား ပွဲပြီးရလဒ်များ (၁၅/၁/၂၀၂၂)

၂၀၂၁ အာဖရိကနိုင်ငံများဖလား ကတော့ အုပ်စု နောက်ဆုံး ပွဲစဉ် အထိ ရောက်ရှိလာခြင်းနဲ့ အတူ ဘယ်အသင်းတွေ နောက်တစ်ဆင့် တက်ရောက်သွားမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါပြီ။အသင်းကြီး တချို့ ရှုံးထွက်အဆင့်ကို သေချာပေါက် တက်ရောက်သွားနိုင်ခဲ့ပေမယ့် နာမည်ကြီး အီဂျစ်၊ အဲလ်ဂျီးရီးယား၊ အိုင်ဗရီကို့စ်၊ ဆီနီဂေါနဲ့ ဂီနီယာ တို့ကတော့ လက်ကျန် ပွဲစဉ်မှာ ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့ အထိ ကစားခဲ့ပြီးသမျှ အာဖရိကနိုင်ငံများဖလား အုပ်စု ပွဲစဉ် ရလဒ်တွေကို ဆက်လက် ဖော်ပြပေးရမယ် ဆိုရင်တော့ …


ဂင်နီယာ ဘစ်ဆော ၀-၁ အီဂျစ်

အဖွင့် ပွဲစဉ်မှာ နိုင်ဂျီးရီးယားကို ရှုံးနိမ့်ခဲ့တဲ့ မိုဟာမက် ဆာလာရဲ့ အီဂျစ် ကတော့ ဂင်နီယာ ဘစ်ဆောကို ခက်ခက်ခဲခဲ ကစားပြီးမှ အနိုင် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။ သရေ ၁ မှတ် ရထားတဲ့ ဂင်နီယာ ဘစ်ဆော တို့ အီဂျစ် ဆီကနေ တတ်နိုင်သမျှ သရေ ၁ မှတ် ရရေး မျှော်လင့်ချက် ထားပြီး ကစားခဲ့ပေမယ့် ရမှတ် လိုအပ်ချက် အတွက် အားစိုက်လာခဲ့တဲ့ အသင်းကြီး တစ်သင်းရဲ့ ရုန်းအား ကိုတော့ ဘယ်လိုမှ တောင့်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။ အီဂျစ် အတွက် တစ်လုံး တည်းသော အနိုင်ဂိုး ကိုတော့ ထုံးစံ အတိုင်း အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာ က ပွဲချိန် ၆၉ မိနစ် မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အခုနိုင်ပွဲကြောင့် အီဂျစ်တို့ ၃ မှတ် စတင်ရရှိခဲ့ပြီး အုပ်စု ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့သလို အာဖရိကနိုင်ငံများဖလား ရှုံးထွက်တက်ရေး အခြေအနေ ကောင်းသွားခဲ့ပါတယ်။ ဂင်နီယာ ဘစ်ဆော ကတော့ ၁ မှတ်သာ ရရှိထားပေမယ့် သင်္ချာနည်းအရ ရှုံးထွက်တက်ရေး မျှော်လင့်ချက် ရှိနေဆဲ ဖြစ်လို့ လက်ကျန် ပွဲစဉ်ကို ကျိန်းသေပေါက် အားစိုက်လာဦးမယ့် သဘော ရှိနေပါတယ်။


နိုင်ဂျီးရီးယား ၃-၁ ဆူဒန်

ဖီဖာရဲ့ ကမ္ဘာ့ အဆင့် ၃၆ မှာ ရှိနေတဲ့ နိုင်ဂျီးရီးယား အတွက် အဆင့် ၁၂၅ နေရာမှာ ရှိနေတဲ့ ဆူဒန်က လွယ်ကူတဲ့ ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။ အဖွင့်ပွဲမှာ အာဖရိကနိုင်ငံများဖလားရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်တဲ့ အီဂျစ်ကို အနိုင်ယူထားတဲ့ နိုင်ဂျီးရီးယားတို့ ဒီနေ့ပွဲမှာ ဆူဒန်ရဲ့ ခံစစ် အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး ၃-၁ ရလဒ်နဲ့ အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်ချက် ၁၇ ကြိမ် အထိ ပြုလုပ်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၁၀ ကြိမ် အထိ ရှိခဲ့တဲ့ နိုင်ဂျီးရီးယားတို့ အခုထက် ပိုပြီး သွင်းဂိုးတွေ ရနိုင်တဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ခံစစ် ပိတ်ကစားခဲ့တဲ့ ဆူဒန်ကြောင့် အဆုံးသတ် အပိုင်းမှာ အခက်တွေ့ခဲ့ရပြီး သွင်းဂိုး ၃ ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယား အတွက် ဂိုးတွေ ကိုတော့ ချူကွီဇီ၊ အေဝန်နီရီနဲ့ မော့ဆက်စ် ဆီမွန်တို့က သွင်းယူပေးခဲ့ပြီး ဆူဒန် အတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် မိနစ် ၇၀ ရောက်မှ ခီဒီရာက ပင်နယ်တီက တစ်ဆင့် ပြန်လည် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ၂ ပွဲဆက် အနိုင်ရခဲ့တဲ့ နိုင်ဂျီးရီးယားတို့ အုပ်စု ပထမ နေရာ ကနေ ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ဖို့ သေချာသလောက် ရှိခဲ့ပေမယ့် ဆူဒန် ကတော့ လက်ကျန် ပွဲစဉ်မှာ ရလဒ်ကောင်းဖို့ ရုန်းကန် ရဦးမှာ ဖြစ်ပါတယ်။


ဂမ်ဘီယာ ၁-၁ မာလီ

အာဖရိကရဲ့ အသင်းကြီး တစ်သင်း ဖြစ်တဲ့ မာလီ ကတော့ အဖွင့် ပွဲမှာ ၃ မှတ် ရထားပေမယ့် ပွဲစဉ် ၂ မှာတော့ ကမ္ဘာ့အဆင့် ၁၅၀ နေရာမှာ ရှိနေတဲ့ ဂမ်ဘီယာကို မထင်မှတ်ပဲ သရေ ကျသွားခဲ့ပါတယ်။ ဂမ်ဘီယာရဲ့ ခံစစ်မာကြောမှုကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရတဲ့ မာလီတို့ ပွဲချိန် မိနစ် ၇၀ မှာ အီဘရာဟီမာ ကိုနေးရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကံဆိုးစွာနဲ့ ပွဲပြီးခါနီးမှာ ဂမ်ဘီယာရဲ့ ပင်နယ်တီ ချေပဂိုးကို ပြန်လည် ခွင့်ပြုပေးခဲ့ရလို့ သရေ ၁ မှတ် သာ ရရှိခဲ့ပြီး လက်ကျန် ပွဲစဉ်ဟာ အရေးကြီးသွားခဲ့ပါတယ်။ မူရီတာနီရာ ကို အနိုင်ရထားတဲ့ ဂမ်ဘီယာ ကတော့ အခုပွဲမှာ မရှုံးအောင် ကစားနိုင်ခဲ့လို့ ရမှတ် ၄ မှတ်နဲ့ အတူ အုပ်စု (F)ကို ဆက်လက် ဦးဆောင် နိုင်ခဲ့ပြီး နောက်ဆုံး ပွဲမှာသာ အနည်းဆုံး သရေ ၁ မှတ် ထပ်ရခဲ့ရင် ရှုံးထွက် တက်ဖို့ အကောင်းဆုံး အခြေအနေကို ပိုင်ဆိုင်သွားမှာလည်း ဖြစ်ပါတယ်။


အိုင်ဗရီကို့စ် ၂-၂ ဆီရီယာ လီယွန်

အာဖရိကရဲ့ အဆင်းရဲဆုံး နိုင်ငံလို့ သတ်မှတ်ခံထားရတဲ့ ဆီရီယာ လီယွန် ကတော့ ပွဲစဉ် ၁ မှာ လက်ရှိ ချန်ပီယံ အဲလ်ဂျီးရီးယားကို ဒုက္ခပေးခဲ့သလို ပွဲစဉ် ၂ မှာလည်း အသင်းကြီး တစ်သင်း ဖြစ်တဲ့ အိုင်ဗရီကို့စ်ကို ထပ်မံ ဒုက္ခပေးသွားခဲ့တာ ဖြစ်ပါတယ်။ အိုင်ဗရီကို့စ်တို့ ၂ ကြိမ် တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် စိတ်ဓာတ် မာကျောတဲ့ ဆီရီယာ လီယွန်ရဲ့ ချေပဂိုးတွေကို ပြန်လည် ခွင့်ပြုခဲ့ရတာကြောင့် သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ အိုင်ဗရီကို့စ် အတွက် ဦးဆောင်ဂိုးတွေ ကိုတော့ ဆဘက်ရှန် ဟော်လာနဲ့ နီကိုလပ်စ် ပေပေ တို့က သွင်းယူပေးခဲ့ပြီး ဆီရီယာ လီယွန် အတွက် ကိုတော့ ကာမာရာ နှစ်ဦးက ပြန်လည် ချေပပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် အုပ်စု (E)ရဲ့ လက်ကျန် ပွဲစဉ်တွေဟာ အဆုံးအဖြတ် ဖြစ်လာဖို့ ရှိသွားပြီး ရလဒ်ကောင်းတဲ့ အသင်းက နောက်တစ်ဆင့် တက်ရောက်သွားနိုင်မှာလည်း ဖြစ်ပါတယ်။


တူနီးရှား၄-၀ မူရီတာနီယာ

သွင်းဂိုး အနည်းနဲ့ သရေ ရလဒ်တွေ ထွက်ပေါ်နေတဲ့ ကြားက ရှားရှားပါးပါး ဂိုးပြတ် ရလဒ် ထွက်ပေါ်ခဲ့တဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။ ဖီဖာရဲ့ အဆင့် သတ်မှတ်ချက် ၃၀ နေရာမှာ ရှိနေတဲ့ တူနီးရှား ဟာ မူရီတာနီယာ လို အသင်းငယ်လေးကို ခြေပြတ် ဂိုးပြတ် အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ မာလီကို ၀-၁ နဲ့ ကပ်ပြီး အရေးနိမ့်ခဲ့တဲ့ တူနီးရှားတို့ ဂိုးပြတ်နိုင်ပွဲနဲ့ အတူ အချိန်မီ ပြန်လာနိုင်ခဲ့ပြီး နောက်တစ်ဆင့် တက်ရေး မျှော်လင့်ချက် ဆက်လက် ရှင်သန်သွားခဲ့တာ ဖြစ်ပါတယ်။ အမှတ် မရသေးတဲ့ မူရီတာနီယာ ကတော့ အကောင်းဆုံး တတိယ တောင် မျှော်လင့်ခွင့် မရှိသလောက် ဖြစ်သွားခဲ့လို့ ဒီအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီလို့ ပြောရမှာ ဖြစ်ပါတယ်။


အဲလ်ဂျီးရီးယား ၁-၁ အီကွေတိုရီရယ် ဂင်နီယာ

အဲလ်ဂျီးရီးယားကတော့အာဖရိကနိုင်ငံများဖလားလက်ရှိချန်ပီယံဘွဲ့ကိုကာကွယ်ဖို့မပြောနဲ့အုပ်စုကနေတက်ဖို့တောင်မသေချာတော့တဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။
အုပ်စု ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၁ မှတ်သာ ရရှိသေးတဲ့ အဲလ်ဂျီးရီးယား

အဲလ်ဂျီးရီးယား ကတော့ အာဖရိကနိုင်ငံများဖလားလက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ မပြောနဲ့ အုပ်စု ကနေ တက်ဖို့တောင် မသေချာတော့တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။ ဆီရီယာ လီယွန်နီနဲ့ ပွဲမှာ သရေ ၁ မှတ်ပဲ ရခဲ့တဲ့ အဲလ်ဂျီးရီးယားတို့ ပွဲစဉ် ၂ မှာ ကျိန်းသေပေါက် ၃ မှတ် ရနိုင်မယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့် ပြိုင်ဘက်ကို လျှော့တွက်ခဲ့မိလို့ မထင်မှတ်ပဲ ရှုံးပွဲတွေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဘန်နာဆာ၊ မာရက်ဇ်၊ ဆလီမန်နီ တို့ ပါဝင်ခဲ့တဲ့ အဲလ်ဂျီးရီးယားတို့ ပြိုင်ဘက်ရဲ့ ခံစစ်ကြောင်းကို ၁၃ ကြိမ် ထက် မနည်း ထိုးဖောက်နိုင်ခဲ့ပေမယ့် အဆုံးသတ် အပိုင်း မှာတော့ စိတ်ပျက်စရာ ကောင်းလောက်အောင် အားနည်းခဲ့တာကြောင့် ရှုံးပွဲနဲ့ပဲ ထိုက်တန်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ အီကွေတိုရီရယ် ဂင်နီယာ ကတော့ အဲလ်ဂျီးရီးယားကို ဘောလုံး ပိုင်ဆိုင်မှု၊ အခွင့်အရေး ဖန်တီးမှု အပိုင်းတွေမှာ ဘယ်လိုမှ အသာမရခဲ့ပေမယ့် အဆုံးသတ် တိကျမှု အပိုင်းမှာ ပိုသာခဲ့လို့ အနိုင် ၃ မှတ်ကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တာပါ။ ဒီပွဲမှာ အနိုင်ရခဲ့တဲ့ အီကွေတိုရီရယ် ဂင်နီယာ တို့ ရမှတ် ၃ မှတ်နဲ့ အတူ အဆင့် ၂ နေရာ ကို ရယူနိုင်ခဲ့ပြီး နောက်တစ်ဆင့် တက်ရေး မျှော်လင့်ချက် အပြည့် ရှိသွားပေမယ့် အဲလ်ဂျီးရီးယား ကတော့ ရမှတ် ၁ မှတ်နဲ့ အတူ အုပ်စု အောက်ဆုံးကို ရောက်ရှိနေလို့ လက်ကျန်ပွဲစဉ်မှာ ရလဒ်ကောင်းဖို့ရော၊ ကံကောင်းဖို့ပါ လိုအပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်