အာဆင်နယ် – မန်ချက်စတာယူနိုက်တက်
အက်ဖ်အေဖလား တတိယအဆင့်ရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ အက်ဖ်အေဖလား ရဲ့ အအောင်မြင်ဆုံး အသင်း နှစ်သင်း စောစောစီးစီး တွေ့ဆုံနေတာ ဖြစ်ပြီး အကြိတ်အနယ် ရှိတဲ့ စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာပါ။
အာဆင်နယ်က ပရီးမီးယားလိဂ် မှာ ဘရိုက်တန်နဲ့ သရေကျခဲ့ပြီးတော့ ခရာဘောင်ဖလားမှာ နယူးကာဆယ်ကို အိမ်ကွင်းမှာ ရှုံးပြီး နှစ်ပွဲဆက် ရလဒ်ဆိုးထားပါတယ်။ လက်ရှိ အာဆင်နယ်က ခံစစ်နဲ့ ကွင်းလယ်ပိုင်းမှာ ပြောစရာ မရှိပေမယ့် တိုက်စစ်ပိုင်း ကတော့ တော်တော်လေးကို အခြေအနေ ဆိုးရွားနေပါတယ်။ နယူးကာဆယ်နဲ့ ပွဲမှာ ဆိုရင် အာဆင်နယ် တိုက်စစ်က ဂိုးပေါက် ကန်ချက် ၂၃ ကြိမ် ရှိခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးမှ မရခဲ့သလို ဘောလုံး ကိုင်ထားရုံက လွဲလို့ ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး။ နည်းပြ မီခဲလ် အာတေးတားရဲ့ နည်းစနစ်ပိုင်းက ပြောစရာ မရှိပေမယ့် တိုက်စစ်မှူး လိုအပ်ချက် ရှိနေရက်နဲ့ အသေအချာ မကြိုးပမ်းတာ ကတော့ မေးခွန်းထုတ်စရာပါ။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ်နဲ့ အမှတ်တော်တော်လေး ပြတ်နေလို့ ဆုဖလား မျှော်လင့်ချက် ရှိတဲ့ အက်ဖ်အေဖလား ကို ကျိန်းသေပေါက် အာရုံစိုက်လာပါလိမ့်မယ်။ အကောင်းဆုံး လူစာရင်း၊ အကောင်းဆုံး ပြင်ဆင်မှုတွေနဲ့ ယူနိုက်တက်ကို ရင်ဆိုင်လာမှာပါ။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ပွဲမှာ လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ သွားရောက် ရင်ဆိုင်ခဲ့ရပေမယ့် ပုံစံကောင်း တစ်ခု ပြသနိုင်ခဲ့ပြီး သရေလည်း ရခဲ့ပါတယ်။ ရှုံးပွဲ ဆက်နေမှု ရပ်တန့်နိုင်ခဲ့လို့ ကစားသမားတွေ အနေနဲ့ ဒီပွဲမှာလည်း မြင့်မားတဲ့ စိတ်ဓာတ်နဲ့ အာဆင်နယ်ကို ရင်ဆိုင်ပါလိမ့်မယ်။ Set Piece အားသာချက် ရှိတဲ့ အာဆင်နယ်ကို Set Piece အားနည်းတဲ့ ယူနိုက်တက်တို့ ဘယ်လို ရင်ဆိုင်မလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။ အများစု ကတော့ ယူနိုက်တက်တို့ မထင်မှတ်တာတွေ လုပ်ပြနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ အက်ဖ်အေဖလား လက်ရှိ ချန်ပီယံ ယူနိုက်တက်တို့ အာဆင်နယ်ရဲ့ အားနည်းချက်ကို အသုံးချပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါ။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကို အာဆင်နယ် ဘက်က ဘန်ဝှိုက်၊ ဘူကာယို ဆာကာ၊ အီသန် နွမ်နရီနဲ့ တိုမီယာဆု တို့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ဘက်မှာတော့ လုခ်ရှော၊ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ မောင့်၊ ဗစ်တာ လင်ဒီလော့ဖ်တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အာဆင်နယ် – ရာယာ၊ ဂါဘရီရယ်၊ ဆလီဘာ၊ ကာလာဖီအိုရီ၊ တင်ဘာ၊ ပါတေး၊ ရိုက်စ်၊ အိုဒီဂတ်၊ မာတင်နယ်လီ၊ ထရော့ဆက်ဒ်၊ ဂျေဇုစ်
မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ မက်ဂွိုင်းယား၊ ယိုရို၊ ဒီလစ်ဂျ်၊ မက်ဇရာရီ၊ မိန်းနူး၊ အူဂါတေး၊ ဒါးလော့တ်၊ အာမက်ဒ်၊ ဖာနန်ဒက်စ်၊ ဟွိုက်ဂျ်လန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၃၄ ကြိမ် တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၁၃ ကြိမ်နိုင်၊ ယူနိုက်တက်က ၁၄ ကြိမ် နိုင်ပြီး ၇ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှုမှာတော့ အာဆင်နယ်က ၄ ပွဲနိုင်ပြီး ယူနိုက်တက် ကတော့ ၁ ပွဲသာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ အက်ဖ်အေဖလား တွေ့ဆုံမှု နောက်ဆုံး ၃ ကြိမ် မှာတော့ ယူနိုက်တက်က ၂ ကြိမ် နိုင်ပြီး အာဆင်နယ်က ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ အာဆင်နယ် အိမ်ကွင်း နောက်ဆုံး ၇ ကြိမ် စလုံး အာဆင်နယ်က ယူနိုက်တက်ကို မရှုံးခဲ့ပဲ ၆ ကြိမ် အထိ အနိုင်ရခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၅၇ ဆ၊ မန်ချက်စတာယူနိုက်တက် နိုင်ရင်တော့ ၄.၅၀ ဆ၊ သရေ ဆိုရင်တော့ ၃.၅၂ ဆ နီးပါး ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အာဆင်နယ်က သရေ အရှုံး၊ တစ်လုံး တစ်ဝက်စားကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၃ လုံး ဆိုရင် အပေါ်သမားတွေ ပျော်ရပါပြီ။ လက်ရှိ ခြေစွမ်းပိုင်းမှာ အာဆင်နယ်က ယူနိုက်တက်ထက် အနည်းငယ် ပိုသာပြီး ဂိုးသွင်း သေချာရင် နိုင်ပွဲ ရဖို့လည်း မခက်ပါဘူး။ ယူနိုက်တက်ရဲ့ လျင်မြန်တဲ့ တန်ပြန်တွေကို ဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။ အာဆင်နယ်တို့ နိုင်ပွဲ ပြန်ရှာဖို့ ကြိုးစားမှာ ဖြစ်ပြီး အစဉ်အလာ ပြိုင်ဘက်တွေ ဖြစ်နေတာကြောင့်တော့ အမှားခံမှာ မဟုတ်ပါဘူး။ အာဆင်နယ် ၂-၁ လောက်နဲ့ ကပ်နိုင်သွားမယ့် ပွဲလို့ပဲ ထင်ပါတယ်။
ခန့်မှန်းရလဒ်
အာဆင်နယ် ၂-၁ မန်ချက်စတာယူနိုက်တက်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.