နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မက်ဒရစ် မြို့ခံနှစ်သင်းကိုကျော်ပြီးလာလီဂါ ချန်ပီယံဆုအတွက်ရေပန်းစားနေတဲ့ ဘာစီလိုနာ

ဘောလုံးပရိသတ်တွေ မျှော်လင့် စောင့်စားနေတဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် ဥရောပထိပ်သီးအမှတ်ပေးပြိုင်ပွဲတွေကတော့ မကြာခင် ရက်ပိုင်းအတွင်းမှာပဲပြန်လည် စတင်တော့မှာဖြစ်ပါတယ်။ဘာစီလိုနာ၊ ရီးရဲယ်မက်ဒရစ်၊ အက်တလက်တီကိုမက်ဒရစ် တို့လိုဥရောပထိပ်သီးကလပ်တွေအဓိကယှဉ်ပြိုင်ကြမယ့် လာလီဂါ ပြိုင်ပွဲဟာလည်းလာမယ့် ဩဂုတ်လ ၁၃ ရက်နေ့မှာစတင် ယှဉ်ပြိုင် ကစားတော့မှာဖြစ်ပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာဘယ်အသင်းတွေချန်ပီယံဖြစ်နိုင်မယ်…။ ဘယ်အသင်းတွေကတော့ ချန်ပီယံဆုကိုခြိမ်းခြောက်နိုင်စွမ်းရှိနိုင်မယ်…စသဖြင့် ကြိုတင်ခန့်မှန်းမှုတွေထွက်ပေါ်နေတဲ့ အချိန်မှာလာလီဂါချန်ပီယံဆုအတွက် ဘယ်အသင်းတွေရေပန်းအစားဆုံးဖြစ်နေသလဲဆိုတာနာမည်ကြီးဘွတ်ကီတွေနဲ့ ဘောလုံးသုံးသပ်သူတော်တော်များများကတော့ ရွေးချယ်ထားခဲ့ပြီးဖြစ်ပါတယ်။ ဒါဆိုဘယ်အသင်းတွေကလာမယ့် ရာသီလာလီဂါမှာချန်ပီယံဖြစ်ဖို့ ထိပ်ဆုံးကရေပန်းစားနေလဲဆိုတာဆိုတာဆက်ကြည့်ရအောင်ပါ။

 

၁။ ဘာစီလိုနာ

နာမည်ကြီးဘွတ်ကီဒိုင် တချို့ရဲ့ အလေးပေးချက်အရဘာစီလိုနာအသင်းကဗိုလ်စွဲဖို့ ထိပ်ဆုံးကရေပန်းစားနေတာတွေ့ရပါတယ်။ပြီးခဲ့တဲ့ ရာသီကဘဏ္ဍာရေးအကြပ်အတည်းကြောင့် ကစားသမားကောင်းတွေတော်တော်များများလက်လွှတ်ခဲ့ရတဲ့ ဘာစီလိုနာတို့ နည်းပြသစ် ရော်နယ်ကိုးမန်းလက်အောက်မှာပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ရပြီးကိုပါဒယ်ရေးဖလားတစ်လုံးနဲ့ပဲကျေနပ်ထားခဲ့ရပါတယ်။ အခုလာမယ့် ရာသီအတွက် ကိုတော့ ဆာဂျီယိုအဂွဲရိုး၊ မန်းဖစ် ဒီပေး၊ အီမာဆင်၊ အဲရစ်ဂါစီယာတို့လိုကစားသမားကောင်းများစွာကိုခေါ်ယူအားဖြည့်ထားနိုင်ခဲ့ပြီးမက်ဆီကလည်းအသင်းမှာဆက်ရှိနေဖို့ သေချာသလောက် ရှိနေတာကြောင့် အတောင့်တင်းဆုံးလူစာရင်းပိုင်ဆိုင်ထားတယ် ဆိုရင်လည်းမမှားပါဘူး။ ဒီအချက်နဲ့တင်ပဲဘာစီလိုနာတို့ နှစ်ရာသီဆက်တိုက် ဝေးကွာနေခဲ့တဲ့ လာလီဂါချန်ပီယံဆုကိုပြန်လည် သိမ်းပိုက်နိုင်စွမ်းရှိနေတယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် နည်းပြ ရော်နယ်ကိုးမန်းရဲ့စွမ်းဆောင်ရည်နဲ့ နည်းစနစ်ပိုင်းဆိုင်ရာသာအလုပ်ဖြစ်ခဲ့မယ်ရင် အောင်မြင်မှုတွေကိုပြန်လည် ရှာဖွေနိုင်ဖို့ မခက်ခဲလောက်ပါဘူး။
 

၂။ ရီးရဲယ်မက်ဒရစ်

ရီးရဲယ်မက်ဒရစ်တို့ လာလီဂါချန်ပီယံဆုအတွက် ဘွတ်ကီတွေရဲ့ အလေးပေးမှုဘယ်လောက်ပဲအသာရနေပါစေဒီရာသီမှာလည်းနလံထူနိုင်ဦးမယ့် သဘောတော့ မရှိပါဘူး။ ချန်ပီယံလိဂ် ဖလား ၃ နှစ် ဆက်တိုက် ယူပေးခဲ့တဲ့ ဇီဒန်းတောင် လက်လျှော့သွားခဲ့ရတဲ့ တော်ဝင် မက်ဒရစ် ကိုကယ်တင်ဖို့ အန်ဆယ်လော့တီပြန်လာခဲ့ပြီဆိုပေမယ့် အရင် တစ်ချိန်လိုမျိုးပြိုင်ဘက်တိုင်းကဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ရတဲ့ဘေးလ်၊ ဘင်ဇီမာ၊ ခရစ္စတီယာနိုရော်နယ်ဒို (BBC) တိုက်စစ် အတွဲအဖက်လည်းမရှိတော့သလိုခံစစ်မှာရာမို့စ်၊ ဗာရန်းတို့လို့ ကစားသမားတွေလည်းအသင်းပြောင်းရွှေ့သွားခဲ့ပါပြီ။ အန်ဆယ်လော့တီအနေနဲ့သေချာပေါက်ရီးရဲယ်မက်ဒရစ်နဲ့ အခက်ခဲဆုံးခရီးကြမ်းကြီးကိုဖြတ်သန်းရမှာပါ။ နည်းပြရဲ့ နည်းစနစ်ပိုင်းဘယ်လောက်ပဲကောင်းနေပါစေလပေါင်းများစွာယှဉ်ပြိုင်ရပြီးပြိုင်ဆိုင်မှုပြင်းထန်တဲ့ လာလီဂါမှာကစားသမားအင်အားတောင့်တင်းဖို့ ကလည်းအရေးကြီးလို့ ရီးရဲယ်မက်ဒရစ်ရဲ့ အနာဂတ်ကရင်လေးစရာပါ။ ဒါပေမယ့် ပြသနာတွေနဲ့ လုံးချာလိုက်နေရင်တောင် အကောင်းဆုံးရုန်းထွက်တတ်တဲ့ ဥက္ကဌကြီးဖလော်ရင်တီနိုပီရက်ဇ် ရှိနေတဲ့ ရီးရဲယ်တို့ လက်တလောအားနည်းချက်၊ အခက်အခဲတွေအတွက် ဖြေဆေးတော့ ရှိနိုင်လောက်ပါတယ်။လာလီဂါချန်ပီယံဆုအတွက်လုံးဝမျှော်လင့်နိုင်ဖို့ မရှိဘူးလို့တော့ တပ်အပ်ပြောလို့ မရပါဘူး။

 

၃။ အက်တလက်တီကိုမက်ဒရစ်

မက်ဒရစ် မြို့ခံနှစ်သင်းထဲမှာဆိုရင် ဒီယေဂိုဆီမြွန်နီရဲ့ အက်တလက်တီကိုကိုပိုလို့တောင် မျှော်လင့်ထားချင် နေပါတယ်။ ပြီးခဲ့တဲ့ ရာသီကဆွာရက်ဇ်လိုကစားသမားမျိုးပိုင်ဆိုင်ခဲ့ရုံနဲ့ အကောင်းဆုံးပြင်ဆင်ပြီးလာလီဂါချန်ပီယံဆုကိုအရယူနိုင်ခဲ့တဲ့ အက်တလက်တီကိုမက်ဒရစ်တို့ ဒီရာသီမှာလည်းချန်ပီယံဘွဲ့ကိုကာကွယ်နိုင်စွမ်းရှိနေပါတယ်။ ကိုပါအမေရိကဖလားမှာအာဂျင်တီးနားအသင်းနဲ့ အတူခြေစွမ်းပြခဲ့တဲ့ ရိုဒရီဂိုဒီပေါလ်အပြင် ဖလူမီးနီးစ်ရဲ့ လူငယ်ကြယ်ပွင့် မားကို့စ် ပေါ်လိုတို့ကိုခေါ်ယူထားပြီးလက်ရှိလာလီဂါမှာဘာစီလိုနာပြီးရင် အတောင့်တင်းဆုံးလူစာရင်းကိုပိုင်ဆိုင်ထားတဲ့ အသင်းဆိုရင်လည်းမမှားပါဘူး။ဒါပေမယ့် နာမည်ကြီးဘွတ်ကီအများစုရဲ့ အလေးပေးမှုမှာရီးရဲယ်မက်ဒရစ်လောက် ရေပန်းမစားတာတော့ စဉ်းစားစရာပါပဲ။
 
၄။ ဆီဗီလာ၊ ဆိုစီဒက်၊ ဗီလာရီးရဲယ်၊ ဘက်တစ်၊ ဘီလ်ဘာအို

ထုံးစံအတိုင်းလာလီဂါချန်ပီယံဆုအတွက် ခြိမ်းခြောက်နိုင်တဲ့ အဆင့် မဟုတ်ရင်တောင် ဘာကာ၊ ရီးရဲယ်၊ အက်တလက်တီကိုတို့ရဲ့ ချန်ပီယံပြေးလမ်းအတွက် အတားအဆီးအဟန့်အတားတွေဖြစ်လာနိုင်ဦးမယ့် အသင်းတွေလို့ပဲဆိုရမှာပါ။ ဆီဗီလာတစ်သင်းလောက်ပဲကစားသမားအင်အားရော၊ ခြေစွမ်းပိုင်းအရပါ လောက်လောက်လားလားစွမ်းဆောင်ရည် ရှိပြီးအချိန်တန်ရင် ဇယားအလယ်လောက်ကိုပဲပြန်ဆင်းသွားတတ်လို့ ဥရောပဝင်ခွင့် အတွက်ပဲအဓိကယှဉ်ပြိုင်ရမယ့် အသင်းတွေလို့ပဲပြောရမှာပါ။
 
၂၀၂၁-၂၀၂၂ လာလီဂါချန်ပီယံဆုအတွက် အလေးပေးမှု

  • ဘာစီလိုနာ
  • ရီးရဲယ်မက်ဒရစ်
  • အက်တလက်တီကိုမက်ဒရစ်
  • ဆီဗီလာ
  • ရီးရဲယ်ဆိုစီဒက်
  • ဗီလာရီးရဲယ်
  • ရီးရဲယ်ဘက်တစ်

 
၂၀၂၁-၂၀၂၂ လာလီဂါထိပ်ဆုံး ၄ သင်းနေရာအတွက် အလေးပေးမှု

  • ဘာစီလိုနာ
  • ရီးရဲယ်မက်ဒရစ်
  • အက်တလက်တီကိုမက်ဒရစ်
  • ဆီဗီလာ
  • ရီးရဲယ်ဆိုစီဒက်
  • ရီးရဲယ်ဘက်တစ်
  • ဗီလာရီးရဲယ်

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်