အာဆင်နယ် vs ဆောက်သမ်တန်
လာမယ့် ကြားရက်မှာတော့ ဥရောပထိပ်သီးလိဂ်တွေရဲ့ အကောင်းဆုံး ပွဲစဉ်အများစု ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး ပရီးမီးယားလိဂ်က အာဆင်နယ်နဲ့ ဆောက်သမ်တန်တို့ရဲ့ ပွဲစဉ်ကလည်း ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ လက်တလော ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားနေတဲ့ အာဆင်နယ် အနေနဲ့ ခြေစွမ်းထက်မြတ်နေတဲ့ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရပေမယ့် ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်နိုင်ဖို့ ခက်ခဲနေဦးမယ် ဆိုတာတော့ အသေအချာပါပဲ။
အာဆင်နယ်တို့ နောက်ဆုံးကစားခဲ့ ပရီးမီးယားလိဂ် ၅ပွဲ ဆက်နိုင်ပွဲပျောက်ဆုံးခဲ့သလို အိမ်ကွင်း ၄ ပွဲဆက် ရှုံးနိမ့်ထားခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲမှာ လိဒ်စ်ယူနိုက်တက်ကို ၁ ပွဲသာ သရေကျပြီး အက်စတွန်ဗီလာ၊ ဝုဗ်၊ စပါး၊ ဘန်လေ အသင်းတွေကို ရှုံးနိမ့်ထားတာပါ။ အာဆင်နယ်ရဲ့ လက်ရှိခြေစွမ်းက ပြောစရာမရှိလောက်အောင် ဆိုးရွားပြီး စုတ်ပြတ် သတ်နေပါတယ်။ တိုက်စစ်မရှိ၊ ကွင်းလယ်ပျောက်၊ ခံစစ်က အာနည်းချက်ပရပွနဲ့ အမာခံပရိသတ်တွေ ကိုယ်တိုင် သည်းခံနိုင်စွမ်း မရှိဖြစ်နေပါတယ်။ မျှော်လင့်ချက်တွေ အများကြီး ထားခံခဲ့ရတဲ့ နည်းပြ မီခယ်အာတေးတား ကိုယ်တိုင်လည်း ကိုယ့်အသင်း ကစားသမားတွေကို ကိုယ်မထိန်းနိုင်တဲ့ အခြေအနေ မို့လို့ အာဆင်နယ်ရဲ့ ပုံစံကို ပိုပြီး ဆိုးရွားနေစေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ကွင်းလယ်က ဂရန်းနစ် ရှာကာရဲ့ မလုပ်သင့်တဲ့ လူရမ်းကားဆန်တဲ့ လုပ်ရပ်ကြောင့် အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့တယ်လို့ ဆိုနိုင်တယ်။ နောက်ပြီးတော့ တိုက်စစ်က ဂိုးပေါက်ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး အော်ဘာမီယန်းကိုယ်ဂိုးကိုယ်သွင်းယူမိခဲ့တဲ့ အချက်ဟာလည်း ပြိုင်ဘက် အသင်းပရိသတ်တွေ အကြားမှာ ဟာသဖြစ်စေခဲ့တာကြောင့် တစ်သင်းလုံး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး အကျဘက်ရောက်နေမှာ သေချာပါတယ်။ အာဆင်နယ်တို့ လက်ရှိမှာ တန်းဆင်းဇုန်နဲ့ ၅ မှတ်အကွာမှာ ရှိနေပြီး ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်သင့်နေပါပြီ။
ဆောက်သမ်တန်ရဲ့ လက်ရှိ ခြေစွမ်းကတော့ တော်တော်လေးကို အားရစရာကောင်းနေတယ်လို့ ပြောရမှာပါ။ အသင်းမှာ နာမည်ကြီး ကစားသမားတွေ သိပ်မပါပေမယ့် အသင်းလိုက် စုစည်းမှု ကောင်းကောင်းနဲ့ တစ်ပွဲပြီး တစ်ပွဲ ကျော်ဖြတ်နေပါတယ်။ တိုက်စစ်က သွင်းဂိုးတွေ ရနေသလို ခံစစ်ကလည်း မာကျောနေလို့ ဆောက်သမ်တန်တို့ ရလဒ်တွေ ကောင်းနေတာ ဖြစ်ပါတယ်။ ဆောက်သမ်တန်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ၁ ပွဲပဲ ရှုံးထားပါတယ်။ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၆ ပွဲကစားထားရာမှာ ၃ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ၁ ပွဲသာရှုံးထားပါတယ်။ ဆောက်သမ်တန်တို့ ချဲလ်ဆီး၊ ဗီလာ၊ ဝုဗ် တို့လို အသင်းတွေကို အဝေးကွင်းမှာ ကစားခဲ့ရပေမယ့် ရှုံးပွဲမရှိတဲ့ အချက်ကိုတော့ သတိပြုရပါလိမ့်မယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
အခုတစ်ကြိမ်ဟာ အာဆင်နယ်နဲ့ ဆောက်သမ်တန်တို့ အတွက် အကြိမ် ၁၀၀ မြောက် တွေ့ဆုံခြင်း ဖြစ်ပြီး ဂန်းနားတွေ အနေနဲ့ ၅၁ ကြိမ် အနိုင်ရထားသလို ဆောက်သမ်တန်ကတော့ ၂၁ ကြိမ် အနိုင်ရထားပါတယ်။ ၂၇ကြိမ်ကတော့ သရေရလဒ်နဲ့ ပွဲပြီးဆုံးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာ အာဆင်နယ် အိမ်ကွင်းမှာ သရေကျပြီး စိန့်မေရီကွင်းမှာတော့ အာဆင်နယ်က ၀-၂ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
အာဆင်နယ် vs ဆောက်သမ်တမ် | 1X2 အာဆင်နယ် @ 2.26 | |
ဒီဇင်ဘာလ ၁၇ ရက်, ည ၁၂:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၄.၉၀ ဆ၊ သရေအတွက် ၃.၂၅ဆနဲ့ ဧည့်သည်အသင်း အတွက် ၃.၁၀ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အာဆင်နယ်နဲ့ ဆောက်သမ်တန်ဆိုတာ တစ်ချိန်က ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ ပြိုင်ဘက်တွေ ဖြစ်ပြီး တွေ့ဆုံတဲ့ အချိန်တိုင်းမှာ အနိုင်ရဖို့ အားစိုက်ကစားလေ့ရှိခဲ့ကြတယ်။ အာဆင်နယ်တို့ အစဉ်အလာအရ သာခဲ့တယ်ဆိုပေမယ့် အခုအခြေအနေအရတော့ ဆောက်သမ်တန်ကို အနိုင်ကစားနိုင်ပါ့မလားဆိုတဲ့ စဉ်းစားစရာ ရှိနေပါတယ်။ ဘာပဲပြောပြော ပေါက်ကြေးအရ အာဆင်နယ်ဘက်မှာ ရပ်တည်သင့်ပြီး အသင်းကြီး တစ်သင်းအနေနဲ့ ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်ဖို့ အချိန်တန်နေပြီဖြစ်လို့ အာဆင်နယ်ကို ယုံကြည်ထားပါတယ်။ အာဆင်နယ်တို့ သွင်းဂိုး အနည်းနဲ့ အနိုင်ရသွားမယ် ထင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.