နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းကြီးတွေပဲ ကွာတားဖိုင်နယ် တက်ခဲ့တဲ့ အာဖရိကဖလား (အာဖရိကနိုင်ငံများဖလား ၁၆ သင်း အဆင့်)

အာဖရိကနိုင်ငံများဖလား ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ မှာတော့ အိမ်ရှင် ကင်မရွန်း၊ ဆီနီဂေါနဲ့ မော်ရိုကို တို့လို အသင်းကြီးတွေပဲ နိုင်ပွဲ ကိုယ်စီနဲ့ အတူ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။


ကင်မရွန်း ၂-၁ ကွန်မိုရော့စ်

၂၀၂၁ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲ တစ်လျှောက် အထူးခြားဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့တယ် လို့လည်း ပြောရပါမယ်။ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အဆင့် ၈၀ ကျော်လောက် ကွာဟနေတဲ့ အသင်း နှစ်သင်းရဲ့ အားပြိုင်မှု ဖြစ်တာကြောင့် ခြေစွမ်းပိုင်း ကွာဟမယ်လို့ ထင်ခဲ့ကြပေမယ့် မထင်မှတ်ထားတဲ့ ကွန်မိုရော့စ်ရဲ့ ရုန်းအားတွေကြောင့် အိမ်ရှင်တို့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။ ကွန်မိုရော့စ်တို့ အဓိက ကစားသမား ၃ ဦးလုံး ကိုဗစ် ၁၉ နဲ့ ဒဏ်ရာပြသနာ ရှိခဲ့တာကြောင့် နောက်ခံလူ ချေကာ အဲလ်ဟာဒူဟာကို ဂိုးသမားနေရာမှာ ပွဲထွက်စေခဲ့ရပါတယ်။

ပွဲချိန် ၇ မိနစ် ကတည်းက ဗဟိုခံစစ်မှူး အက်ဘ်ဒူ အနီကတ်ပြ ထုတ်ပယ်ခံခဲရလို့ ကွန်မိုရော့စ်တို့ ကစားသမား တစ်ယောက်လျော့နဲ့ အိမ်ရှင် ကင်မရွန်းကို ပွဲချိန်ပြည့်နီးပါး ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒါကြောင့် ပွဲချိန် ၂၉ မိနစ်နဲ့ မိနစ် ၇၀ တို့မှာ ကင်မရွန်းကို ဦးဆောင်ဂိုး ၂ ဂိုး ခွင့်ပြုပေးခဲ့ရပြီး အိမ်ရှင် အတွက် ဂိုးတွေ ကိုတော့ တောင်ပံက အီကမ်ဘီနဲ့ တိုက်စစ်မှူး ဗင်းဆင့်န် အဘူဘေကာ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမြင့်ဆုံး စိတ်ဓာတ်နဲ့ ကစားနေခဲ့တဲ့ ကွန်မိုရော့စ်တို့ ပွဲချိန် ၈၁ မိနစ်မှာ ချေပဂိုး ရရှိခဲ့ပြီး အမ်ချန်ဂါမာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ချေပဂိုး ပေးလိုက်ရပြီးနောက် လက်ကျန် မိနစ်တွေမှာ ကင်မရွန်းတို့ တော်တော်လေး သတိထား ကစားသွားခဲ့ရတဲ့ အထိ ကွန်မိုရော့စ်ရဲ့ စိတ်ဓာတ်က လေးစားစရာ ကောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမား အင်အား တောင့်တင်းမှု အခြေအနေတွေ အရ အိမ်ရှင် ကင်မရွန်းပဲ ၂-၁ ရလဒ်နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။


ဆီနီဂေါ ၂-၁ ကိပ်ဗာဒီ

အခုနှစ် အာဖရိကနိုင်ငံများဖလား ချန်ပီယံဆု အတွက် ရေပန်းအစားဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဆီနီဂေါ ကတော့ အုပ်စု ပွဲစဉ် တစ်လျှောက် ရုန်းကန်ခဲ့ရပေမယ့် ရှုံးထွက် အဆင့် မှာတော့ ပုံမှန်‌ ခြေစွမ်း ပြန်ရခဲ့တယ်လို့ ဆိုရပါမယ်။ မာနေး၊ မန်ဒီ၊ ဆား၊ ကူလီဘာလီ၊ ဒိုင်ယာလို၊ ဘူလာရီ ဒီယာ တို့လို ကစားသမားတွေနဲ့ အတောင့်တင်းဆုံး ပွဲထွက်လာတဲ့ ဆီနီဂေါတို့ ကိပ်ဗာဒီကို အဘက်ဘက်က အသာရခဲ့ပြီး ပွဲချိန် တစ်ဝက်လောက် တစ်ယောက် အသာနဲ့ ကစားခဲ့ရတာကြောင့်လည်း သက်တောင့် သက်သာ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ဆီနီဂေါ အတွက် အနိုင်ဂိုးတွေ ကိုတော့ ပွဲချိန် ၆၃ မိနစ်မှာ ဆာဒီယို မာနေးနဲ့ ၉၀+၂ မှာ ဘမ်ဘာ ဒိုင်အင် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
အဲဗာတန်
1X2 သရေ @ 3.20
အဲဗာတန် အာရှ ဟန်းဒီးကပ် 0.00 @ 2.02
ဂိုးအောက် 2.50 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မော်ရိုကို ၂-၁ မာလာဝီ

ရှုံးထွက်အဆင့်ကို တက်ရောက်လာတဲ့ အသင်းကောင်း တစ်သင်း ဖြစ်တဲ့ မော်ရိုကို ဟာလည်း မာလာဝီလို အသင်းငယ်လေးကို ခြေစွမ်းပိုင်း အပြတ်အသတ် အသာရခဲ့ပေမယ့် ရလဒ်ပိုင်း မှာတော့ ၂-၁ နဲ့ပဲ ကပ်ပြီး အနိုင်ရသွားခဲ့ပါတယ်။ ဟာကီမီ၊ ဆာအိစ်၊ လိုဇာ၊ အန်နက်ဆီရီ၊ ဘိုဖယ်၊ မက်ဆီနာ တို့လို ဥရောပ နာမည်ကြီး ကလပ်တွေမှာ ကစားနေသူတွေ ပါဝင်ခဲ့တဲ့ မော်ရိုကို တို့ တစ်ပွဲလုံး အတိုင်းအတာနဲ့ မာလာဝီကို ဘောလုံး ပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းနဲ့ ဂိုးပေါက်ကန်ချက် ၂၄ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မာလာဝီ ခံစစ်မှူးတွေနဲ့ ဂိုးသမား သွန်းမ်တို့ မော်ရိုကိုရဲ့ တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ် ကစားသွားနိုင်ခဲ့လို့ ၂-၁ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲချိန် ၇ မိနစ် မှာတင်ပဲ မာလာဝီကို မထင်မှတ်ပဲ ဦးဆောင်ဂိုး ပေးလိုက်ရလို့ မော်ရိုကို တို့ နောက်ကနေ လိုက်ကစားခဲ့ရပြီး အန်နက်ဆီရီနဲ့ အာချက်ဖ် ဟာကီမီ တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ် မှာတော့ အိမ်ရှင် ကင်မရွန်း အနေနဲ့ ဂမ်ဘီယာနဲ့ ရင်ဆိုင်ရဖို့ ရှိပြီး ဆီနီဂေါ ကတော့ မာလီနဲ့ အီကွေတိုရီရယ် ဂီနီ ပွဲက အနိုင်ရလာတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မော်ရိုကို ကတော့ အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ်မှာ အိုင်ဗရီကို့စ် သို့မဟုတ် အီဂျစ်နဲ့ တွေ့ဆုံရဖို့ ရှိနေလို့ ဆီမီးဖိုင်နယ် ရောက်ရှိရေး အတွက် ခက်ခက်ခဲခဲ ကစားရဖို့ ရှိနေခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်