နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မော်ရင်ဟိုနဲ့ ပြန်လည် ဆုံတွေ့ရတာကို ပျော်ရွှင်ကြောင်း အလွန်ဆိုပြော၊ အာဆင်နယ်နဲ့ သတင်းတွေ ထွက်လာပြန်တဲ့ ကန်ဆယ်လို (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

မော်ရင်ဟိုနဲ့ ပြန်လည် ဆုံတွေ့ရတာကို ပျော်ရွှင်ကြောင်း အလွန်ဆိုပြော၊ အာဆင်နယ်နဲ့ သတင်းတွေ ထွက်လာပြန်တဲ့ ကန်ဆယ်လို အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၁၂ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မော်ရင်ဟိုနဲ့ ပြန်လည် ဆုံတွေ့ရတာကို ပျော်ရွှင်ကြောင်း အလွန်ဆိုပြော

လေဗာကူဆင် နည်းပြ ဇာဘီ အလွန်ဆိုက ဆရာဟောင်း ဖြစ်တဲ့ ဟိုဆေး မော်ရင်ဟိုနဲ့ ပြန်လည် ဆုံတွေ့ရတဲ့ အပေါ် ပျော်ရွှင်မိကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

အလွန်ဆိုနဲ့ မော်ရင်ဟိုတို့ဟာ ရီးရဲလ်မက်ဒရစ်မှာ နည်းပြ-ကစားသမား ဆက်ဆံရေးမျိုး ရှိခဲ့ပြီး အခု ယူရိုပါလိဂ် ဆီမီးဖိုင်နယ် မှာတော့ ပြိုင်ဖက် နည်းပြတွေ အဖြစ် ထိပ်တိုက်တွေ့နေကြတာပါ။ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ဟာ ရိုးမားကို အဝေးကွင်းမှာ ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ မှာတော့ မျှော်လင့်ချက်ရှိနေဆဲပါ။ 

ပွဲအပြီးမှာလည်း အလွန်ဆိုက မော်ရင်ဟိုနဲ့ (၁၀) နှစ်လောက်ကြာမှ အခုလိုမျိုး ပြန်လည် ဆုံတွေ့ရတာကို ပျော်ရွှင် ကျေနပ်မိကြောင်း၊ ပွဲမတိုင်ခင် မှာလည်း ကျွန်တော်တို့ ဆုံတွေ့ဖြစ်ခဲ့ကြပြီး ဒီပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ အလွန်ဆိုဟာ လေဗာကူဆင်နဲ့ ပထမဆုံး ရာသီမှာတင် ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် တော့တင်ဟမ်ဟော့စပါးရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရပြီလည်း ဖြစ်ပါတယ်။ 


အာဆင်နယ်နဲ့ သတင်းတွေ ထွက်လာပြန်တဲ့ ကန်ဆယ်လို

ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဘေယန်မြူးနစ်မှာ ကစားနေတဲ့ ညာနောက်ခံလူ ယာအို ကန်ဆယ်လိုကို ခေါ်ယူဖို့ အာဆင်နယ်က ချိတ်ဆက်လာပြန်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။
ရာသီကုန်ရင် အသင်းသစ် ရှာဖွေရမယ့် ကန်ဆယ်လို

ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဘေယန်မြူးနစ်မှာ ကစားနေတဲ့ ညာနောက်ခံလူ ယာအို ကန်ဆယ်လိုကို ခေါ်ယူဖို့ အာဆင်နယ်က ချိတ်ဆက်လာပြန်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။ 

အဆိုပါ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ မန်ချက်စတာစီးတီးမှာ နည်းပြ ပပ် ဂွါဒီယိုလာနဲ့ အဆင်မပြေတာကြောင့် ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းသစ် ထပ်မံရှာဖွေရမှာပါ။ ဘေယန်မြူးနစ် ကတော့ ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း သိရှိရပြီး ဒီကစားသမားကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာ ကလည်း စိတ်ဝင်စားနေပါတယ်။ 

အခုချိန် မှာတော့ အာဆင်နယ် ကပါ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီမှာ မန်စီးတီး တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုစ်၊ နောက်ခံလူ ဇင်ချန်ကိုတို့ကို ခေါ်ယူထားတဲ့ အာဆင်နယ် အနေနဲ့ ကန်ဆယ်လို ကိုပါ ထပ်မံ ခေါ်ယူနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ 


ဒေါ့မန်နဲ့ ရီးရဲလ် အကြားမှာ ဘယ်လင်ဟမ်ရဲ့ ဖခင်လည်း ပါဝင် ဆွေးနွေးနေ

ဒေါ့မန် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ရေး အလျင်အမြန် ပြီးမြောက်ဖို့ အတွက် ကစားသမားရဲ့ ဖခင်ဖြစ်သူ ကိုယ်တိုင် ကလပ် နှစ်သင်း အကြား ဝင်ရောက် ဆွေးနွေးနေကြောင်း သိရပါတယ်။ 

ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်တို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ပြီး ကစားသမား ဘက်ကလည်း ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုတွေကို သဘောကျ နှစ်သက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အနေနဲ့ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းဖို့ ကျန်ရှိနေဆဲ ဖြစ်ပြီး ဒီအတွက် ဘယ်လင်ဟမ်ရဲ့ ဖခင် မာ့ခ် ဘယ်လင်ဟမ်က ဝင်ရောက် ညှိနှိုင်းပေးနေတာ ဖြစ်ပါတယ်။ 

မာ့ခ်ဟာ ဘယ်လင်ဟမ်ရဲ့ အေးဂျင့် တစ်ယောက်လည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အနေနဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေးကို ကနဦး ယူရိုသန်း (၉၀) ပေးချေဖို့ ပြင်ဆင်ထားပြီး အသင်းနဲ့ ကစားသမားရဲ့ အောင်မြင်မှု အပေါ် မူတည်ပြီး နောက်ထပ် သန်း (၃၀) ထပ်မံ ပေးချေသွားဖို့ ပြင်ဆင်ထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်