နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိုက်ပ်ဇစ် ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ချဲလ်ဆီး၊ ယူနိုက်တက်ကို ရွေးချယ်ဖို့ ဘယ်လင်ဟမ်ကို တိုက်တွန်းလိုက်တဲ့ ဖာဒီနန် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

လိုက်ပ်ဇစ် ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ချဲလ်ဆီး၊ ယူနိုက်တက်ကို ရွေးချယ်ဖို့ ဘယ်လင်ဟမ်ကို တိုက်တွန်းလိုက်တဲ့ ဖာဒီနန် စတဲ့ သတင်းတွေ အပါအဝင် မတ် ၅ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လိုက်ပ်ဇစ် ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်ရဲ့ ကွင်းလယ် ကစားသမား ဒိုမီနစ်ခ် ဆာဘို့ဇ်လိုင်းကို ခေါ်ယူလို့ ကြိုးစားလာကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။

အဆိုပါ ဟန်ဂေရီသား ကွင်းလယ်လူ အတွက် ချဲလ်ဆီးရဲ့ အမှုဆောင်ချုပ် ခရစ္စတိုဖာဗီဗဲလ်က လိုက်ပ်ဇစ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းအချို့က အခိုင်အမာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန် မှာတော့ ကလပ် နှစ်သင်း အကြား ဆွေးနွေးမှုတွေက တော်တော်လေးကို ခရီးရောက်နေပြီး သဘောတူညီမှု ရရှိဖို့ အလွန်နီးစပ်နေပြီ လို့လည်း သိရပါတယ်။ ဒါ့အပြင် ချဲလ်ဆီး ဘက်ကလည်း လာမယ့် ရက်ပိုင်း အတွင်း ဒီကစားသမားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။

ချဲလ်ဆီးဟာ လိုက်ပ်ဇစ် တိုက်စစ်ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူးကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ သဘောတူညီထားသလို နောက်ခံလူ တစ်ယောက် ဖြစ်တဲ့ ဂျိုစ်ကို ဂီဗာဒီယိုလ် ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါသေးတယ်။


ယူနိုက်တက်ကို ရွေးချယ်ဖို့ ဘယ်လင်ဟမ်ကို တိုက်တွန်းလိုက်တဲ့ ဖာဒီနန်

အဆိုပါ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ဟာ လာမယ့် နွေရာသီမှာ ဒေါ့မန်ကနေ ထွက်ခွာမှာ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်၊ လစ်ဗာပူးလ် တို့က အဓိက စိတ်ဝင်စားနေကြပါတယ်။
ဘယ်လင်ဟမ်ကို ယူနိုက်တက်ဆီ ပြောင်းဖို့ အကြံပေးခဲ့တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ရီယို ဖာဒီနန်က ဒေါ့မန် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ် အနေနဲ့ လစ်ဗာပူးလ်ထက် ယူနိုက်တက် ကိုသာ ရွေးချယ်သင့်ကြောင်း အကြံပေး ပြောကြားလိုက်ပါတယ်။

အဆိုပါ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ဟာ လာမယ့် နွေရာသီမှာ ဒေါ့မန်ကနေ ထွက်ခွာမှာ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်၊ လစ်ဗာပူးလ် တို့က အဓိက စိတ်ဝင်စားနေကြပါတယ်။

ဒါ့အပြင် ယူနိုက်တက် ကလည်း အသက် (၁၉) နှစ် အရွယ် ဘယ်လင်ဟမ်ကို ဘာမင်ဂမ်မှာ ကစားနေတည်းက စိတ်ဝင်စားခဲ့ပြီး ခေါ်ယူဖို့ စောင့်ကြည့်လျက် ရှိပါတယ်။
ဖာဒီနန်က ယူနိုက်တက်နဲ့ လစ်ဗာပူးလ် နှစ်သင်းကို ဂရပ်ဖ်ပေါ်မှာ ယှဥ်ကြည့်လိုက်မယ် ဆိုရင် ယူနိုက်တက်က တစ်ခုတည်းသော ဦးတည်ချက်ကို သွားနေပြီး လစ်ဗာပူးလ် ကတော့ တိုးတက်မှု ရပ်တန့်နေကြောင်း၊ ဘယ်လင်ဟမ် ဒါမှမဟုတ် ဒကလန် ရိုက်စ် အတွက် လစ်ဗာပူးလ်နဲ့ ယူနိုက်တက် တစ်သင်းသင်းကို ရွေးချယ်ရမယ်၊ ကျွန်တော်သာ ဘယ်လင်ဟမ် ဖြစ်မယ် ဆိုရင် ယူနိုက်တက်ကို ရွေးချယ်မှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ချဲလ်ဆီး
ဒေါ့မွန်
ချဲလ်ဆီး အာရှ ဟန်းဒီးကပ် -0.50 @ 1.94
ဂိုးပေါ် 2.75 @ 2.14
ဂိုးပေါင်း 0-1 @ 3.35
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒေါ့မန် ကြယ်ပွင့်ကို မျက်စိကျနေတဲ့ အာဆင်နယ် နည်းပြ အာတီတာ

အာဆင်နယ် နည်းပြ မီခေးလ် အာတီတာဟာ ဒေါ့မန် ကြယ်ပွင့် ဂျူလီယန် ဘရန့်တ်ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း ဂျာမန် အခြေစိုက် နာမည်ကျော် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ဘရန့်တ်ဟာ လေဗာကူဆင် မှာတည်းက တောက်ပတဲ့ ခြေစွမ်းမျိုးကို ပြသခဲ့ပြီး ဥရောပ ထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဒေါ့မန်မှာ သူ့ရဲ့ ပုံရိပ်က အနည်းငယ် မှေးမှိန်သွားသလို ဖြစ်ပေမယ့် လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံဆု ပြေးလမ်းကြောင်းမှာ ရှိတဲ့ အာဆင်နယ် ကတော့ ဒီကစားသမား အတွက် ဖြစ်နိုင်ချေတွေကို စဥ်းစားနေကြောင်း သိရပါတယ်။

ဒါ့အပြင် အာဆင်နယ်ဟာ ချဲလ်ဆီးရဲ့ ပစ်မှတ် ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ အတွက်လည်း သတင်းတွေ ထွက်ပေါ်နေပြီး ဒါတွေ အားလုံး ကတော့ လက်ရှိ အချိန်မှာ ကောလာဟလ အဖြစ်သာ သုံးသပ် သတ်မှတ်ခံထားရပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်