နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှေးရိုစွဲဝါဒီတွေနဲ့ ဘေယန်မြူးနစ်တို့ ကျရိပ်ပြလာခဲ့ပြီလား??? (ဘွန်ဒက်စ်လီဂါ)

ဘေယန်မြူးနစ်တို့ တကယ်တမ်း အပြောင်းအရွှေ့ ကိစ္စတွေကို ဘယ်လို ကိုင်တွယ်နေသလဲ၊ သောမက်စ် တူချယ် ဘာကြောင့် ဒီလောက်အထိ ငြီးတွားနေရလဲဆိုတာ တဖြည်းဖြည်းနဲ့ အဖြေပေါ်လာသလိုပါပဲ။ ရှေးရိုးစွဲဆန်လွန်းတဲ့ ဘွန်ဒက်စ်လီဂါ ဘီလူးကြီးရဲ့ ထိပ်ပိုင်း တာဝန်ရှိသူတွေက တကယ်ကို စိတ်ပျက်စရာတွေချည်းပဲ လုပ်နေခဲ့တာပါ။

အစောပိုင်းမှာ သူတို့က အသင်းရဲ့ နောက်ခံလူဟောင်း ဂျရုန်းမ် ဘိုတန်ကို ပြန်ခေါ်ဖို့ လုပ်ခဲ့ပါတယ်။ ကစားသမား ကိုယ်တိုင် ကလည်း ဘေယန်မြူးနစ်ကို ပြန်လာဖို့ အတွက် အရာအားလုံး သဘောတူညီပြီးမှ တရားဝင် ကြေညာဖို့ပဲ ကျန်တော့တာပါ။

ဒါပေမယ့်လည်း ဘေယန်မြူးနစ် ပရိသတ်တွေက အကြီးအကျယ် ဆန္ဒပြခဲ့တာကြောင့် ဒီအပြောင်းအရွှေ့က ပျယ်ပြယ်ခဲ့ရပြီး ကစားသမား ကိုယ်တိုင် ကလည်း အသင်းကို ပြန်လာဖို့ နောက်တွန့်သွားခဲ့ပါတယ်။ ဒါက ဘိုတန်ရဲ့ အပြစ်လည်း မဟုတ်သလို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ ပရိသတ်တွေရဲ့ အပြစ်လည်း မဟုတ်ပါဘူး။

ဘေယန်မြူးနစ်တို့ ပြီးခဲ့တဲ့ နွေရာသီမှာ ဟယ်ရီကိန်းကို ခေါ်ယူခဲ့ပေမယ့် အသင်းရဲ့ ကွင်းလယ်၊ ဗဟိုနောက်ခံလူ နေရာတွေကို အင်အားဖြည့်တင်းဖို့ အတွက် တူဟယ်လ်က ဆန္ဒရှိခဲ့ပါတယ်။ ပါလ်ဟင်ဟာရဲ့ အပြောင်းအရွှေ့က နောက်ဆုံး မိနစ်မှ ပျက်ပြယ်ခဲ့သလို ဗဟိုနောက်ခံလူ အတွက်လည်း ပါဗက်ကို လက်လွှတ်ရပြီး ကစားသမားသစ် မခေါ်ယူနိုင်ခဲ့ပါဘူး။

ဒါပေမယ့် ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်တို့ ဘိုတန် ကိစ္စမှာရော၊ အခု ပါပါစတာသို ပူးလော့စ် ကိစ္စမှာရော လုပ်နေတာတွေက ဥရောပ ထိပ်တန်း အသင်းကြီး တစ်သင်းရဲ့ ဂုဏ်အင်္ဂါရပ်တွေနဲ့ မကိုက်ညီတာ အသေအချာပါပဲ။
ဘိုတန်ကို မခေါ်ပဲ ဆိုကရေးတစ်ကို ခေါ်ယူချင်နေတဲ့ ဘေယန်မြူးနစ်

အဲ့ဒါကြောင့် လက်သင့်ရာ ကစားသမား၊ အလွယ်ရနိုင်တဲ့ ကစားသမားကို ဘေယန်မြူးနစ်တို့ ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး ပရိသတ်တွေကြောင့်သာ ပျက်ပြယ်ခဲ့ရတာပါ။ ဒါပေမယ့် ဒါနဲ့ ပြီးလား ဆိုရင် မဟုတ်ပါဘူး။ အခုလည်း ဗဟိုနောက်ခံလူ နေရာ အတွက် နောက်တစ်ယောက်ကို ထပ်ခေါ်ဖို့ ပြင်ဆင်လာပြန်ပါပြီ။

ဒီကစားသမား ကတော့ ဒေါ့မန်နဲ့ အတူ ဘွန်ဒက်စ်လီဂါ အတွေ့အကြုံရှိခဲ့ဖူးတဲ့ ပါပါစတာသို ပူးလော့စ်ပါ။ ပြောရရင် သူ ဥရောပရဲ့ ထိပ်တန်းအဆင့်မှာ ကစားနေကတည်းက ကျေနပ်လောက်စရာ၊ မက်လောက်စရာ ခြေစွမ်းမျိုး မရှိခဲ့ပါဘူး။

ဒါကို အာဆင်နယ် ပရိသတ်တွေ အသိဆုံးပါ။ အာဆင်နယ်မှာ ကစားခဲ့တုန်းက အမှားမှား အယွင်းယွင်းတွေနဲ့ စိတ်ပျက်စရာ အခိုက်အတန့်တွေ ကိုသာ ပိုင်ဆိုင်ခဲ့ပြီး အခုချိန်မှာ ဘေယန်မြူးနစ်တို့ ပြန်ခေါ်ဖို့ လုပ်တာက ပရိသတ်တွေ အတွက် ပိုလို့တောင် စိတ်ပျက်ဖို့ ကောင်းပါသေးတယ်။

ယူအီးအက်ဖ်အေ ယူရို 2024
ဝေးလ်စ်
ခရိုအေးရှား
1X2 ဝေးလ်စ် @ 3.95
ဂိုးပေါ် 2.50 @ 2.42
ဂိုးပေါင်း 0-1 @ 2.42
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

သတင်းတွေရဲ့ ဖော်ပြချက်အရတော့ ဘေယန်မြူးနစ်တို့ ယူပါမီကာနို၊ ဒီလစ်ဂျ် တို့ရဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် အခုလိုပဲ ပါပါစတာသို ပူးလော့စ်ဘက်ကို မြားဦးလှည့်လာခဲ့တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကစားသမားက ဘေယန်မြူးနစ် အဆင့်အတန်းမျိုးမှာ ရှိနေတဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။

ဒီတစ်ခါ အပြောင်းအရွှေ့ ကလည်း ဘေယန်မြူးနစ် ပရိသတ်တွေ အတွက် ကျေနပ်လောက်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ခါ ဆိုးတာတစ်ခုက ပါပါစတာသို ပူးလော့စ်ဟာ ဒေါ့မန်ကို တူချယ် ကိုင်တွယ်ခဲ့တုန်းက တပည့်အရင်း ဖြစ်ခဲ့တာပါပဲ။

တူချယ် တစ်ယောက် ဒီဝါရင့် ကစားသမားကြီးနဲ့ အမှန်တကယ် ပြန်လည် လက်တွဲလိုခြင်းရှိ၊ မရှိ ကတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမယ့် ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်တို့ ဘိုတန် ကိစ္စမှာရော၊ အခု ပါပါစတာသို ပူးလော့စ် ကိစ္စမှာရော လုပ်နေတာတွေက ဥရောပ ထိပ်တန်း အသင်းကြီး တစ်သင်းရဲ့ ဂုဏ်အင်္ဂါရပ်တွေနဲ့ မကိုက်ညီတာ အသေအချာပါပဲ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်