ကြွက်သား ဒဏ်ရာကြောင့် ၃ ပတ် အနားယူရတော့မယ့် အဒီယီမီ၊ ဒန်နီ ဆယ်ဘယ်လော့စ်ကို စိတ်ဝင်စားနေတဲ့ ဘေယန်မြူးနစ် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကြွက်သား ဒဏ်ရာကြောင့် ၃ ပတ် အနားယူရတော့မယ့် အဒီယီမီ
ဘိုရပ်ရှား ဒေါ့မန် အသင်းရဲ့ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ ကာရင်မ် အဒီယီမီဟာ ဟာသာဘာလင်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲမှာ ရရှိခဲ့တဲ့ ကြွက်သား ဒဏ်ရာကြောင့် ၃ ပတ်ခန့် အနားယူရတော့မှာဖြစ်ပါတယ်။ ဒေါ့မန်က ၄-၁ နဲ့ အနိုင်ရရှိခဲ့ရာမှာ သူက ၁ ဂိုးသွင်းကာ ၁ ကြိမ် ဖန်တီးပေးခဲ့ပြီး ခြေစွမ်းပြခဲ့ပေမယ့် ဒဏ်ရာ ရရှိခဲ့တာပါ။
“ ကာရင်မ် အဒီယီမီက ကြွက်သား ဒဏ်ရာရရှိသွားခဲ့ပါ၊ သူ ၃ ပတ်လောက် အထိ ကစားနိုင်မှာ မဟုတ်ပါဘူး” လို့ ဒေါ့မန်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဒီယီမီဟာ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ မှာလည်း တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ကာ ခြေစွမ်းပြနေချိန် အခုလို ဒဏ်ရာရခဲ့တာက နစ်နာခဲ့ရပါတယ်။
သူဟာ ပြီးခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ အသင်း အတွက် ၃ ဂိုးသွင်းကာ ၁ ကြိမ် ဖန်တီးပေးထားတာပါ။ ဒေါ့မန် အတွက်လည်း အဒီယီမီက ခြေစွမ်းပြနေချိန် လက်လွှတ်ရတာ ဖြစ်လို့ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပြီး တိုက်စစ်ပိုင်းမှာ ဟော်လာကို ပွဲထွက်ကစားစေဖို့ ဖြစ်လာခဲ့ပါပြီ။
ဒန်နီ ဆယ်ဘယ်လော့စ်ကို စိတ်ဝင်စားနေတဲ့ ဘေယန်မြူးနစ်
ဘေယန်မြူးနစ် ကတော့ စပိန် လာလီဂါ ကလပ် ရိးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဒန်နီ ဆီဘယ်လော့စ်ကို စိတ်ဝင်စားနေပါတယ်။ ရာသီကုန်မှာ ဆီဘယ်လော့စ်က ရီးရဲလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ကာ သူ့ကို အလွတ်ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိတာကြောင့် ဖြစ်ပါတယ်။
ဆီဘယ်လော့စ်ဟာ ရီးရဲလ်မှာ ပုံမှန်ကစားခွင့် ပျောက်ဆုံးနေသူ ဖြစ်ပေမယ့် အခုနောက်ပိုင်း ဝင်ကစားခွင့်ရတဲ့ အချိန်တွေ မှာတော့ ခြေစွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပုံမှန် ကစားခွင့်ရမယ့် အာမခံချက် မရှိတာကြောင့် ကစားသမား ကလည်း အသင်းပြောင်းရွှေ့ဖို့ကို ဆန္ဒရှိတယ်လို့ သိရပါတယ်။
ဘွန်ဒက်စ်လီဂါ ထိပ်သီးဟာ ဆီဘယ်လော့စ်ရဲ့ ခြေစွမ်းကို သဘောကျနေပြီး အသင်းမှာ အံဝင်မယ်လို့ ယူဆနေရပါတယ်။ သူတို့ အသင်းမှာ ကွင်းလယ် ကစားသမား အများအပြား ရှိနေပေမယ့်လည်း ယူနိုက်တက်မှာ အငှားနဲ့ သွားကစားနေတဲ့ မာဆယ်ဆာဘစ်ဇာက အပြီးတိုင် ထွက်ခွာဖွယ် ရှိလို့ ပြန်အစားထိုးဖို့ ရည်ရွယ်နေပါတယ်။
ဒေါ့မန် ကနေ ထွက်ခွာတော့မယ့် မာမော့ဒ်ဒါဟော့ဒ်
ဒေ့ါမန် အသင်းရဲ့ ကစားသမား တစ်ဦး ဖြစ်သူ မာမော့ဒ် ဒါဟော့ဒ်ဟာ ရာသီကုန်မှာ အသင်းက ထွက်ခွာတော့မယ်လို့ သိရပါတယ်။ စာချုပ်သက်တမ်း တိုးမြှင့်ခြင်း မရှိတော့ဘဲ အလွတ်ထွက်ခွာမှာ ဖြစ်ကာ ဒေါ့မန် ကလည်း ကစားသမားကို လက်လွှတ်ခံဖို့ အတွက် ဆုံးဖြတ်ခဲ့ပါတယ်။
ကစားသမားကို စာချုပ်သက်တမ်း မတိုးဘူးလို့ ဒေါ့မန် အားကစား ဒါရိုက်တာက အတည်ပြုခဲ့ကာ လမ်းခွဲမယ် လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါဟော့ဒ်ဟာ ဒေါ့မန်မှာ ပုံမှန် ကစားခွင့်ရခဲ့ပြီးမှ ဒဏ်ရာရရှိခဲ့လို့ အနားယူခဲ့ရပြီး ပြန်လည် သက်သာလာချိန်မှာ ကစားခွင့် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီ လက်ရွေးစင်ဟာ ဇန်နဝါရီမှာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ပေမယ့်လည်း ၁၄ မိနစ်တည်းသာ ကစားခွင့်ရထားပါတယ်။ ဒါကြောင့် သူ့အခြေအနေကို စိတ်ပျက်နေတဲ့ ဒါဟော့ဒ်က အသင်း ပြောင်းဖို့ကို ဆုံးဖြတ်ခဲ့သလို ဒေါ့မန် ဘက်ကလည်း သူ့ကို လက်လွှတ်ခံဖို့ ကိုသာ ရွေးချယ်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.