နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိုက်ပ်ဇစ် နောက်ခံလူကို စိတ်ဝင်စားနေဆဲ ဖြစ်တဲ့ ယူနိုက်တက်၊ ကစားသမားတွေရဲ့ ကျန်းမာရေး အတွက် နည်းပညာ အကူအညီ ရယူမယ့် ဘေယန်မြူးနစ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

လိုက်ပ်ဇစ် နောက်ခံလူကို စိတ်ဝင်စားနေဆဲ ဖြစ်တဲ့ ယူနိုက်တက်၊ ကစားသမားတွေရဲ့ ကျန်းမာရေး အတွက် နည်းပညာ အကူအညီ ရယူမယ့် ဘေယန်မြူးနစ် စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လိုက်ပ်ဇစ် နောက်ခံလူကို စိတ်ဝင်စားနေဆဲ ဖြစ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်ရဲ့ နောက်ခံလူ ဂျော့စ်ကို ဂဗာဒီယိုလ်ကို စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 

အဆိုပါ ခရိုအေးရှားလူ နောက်ခံလူဟာ ပြီးခဲ့တဲ့ (၂၀၂၂) ကာတာ ကမ္ဘာ့ဖလားမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ချဲလ်ဆီးနဲ့ ယူနိုက်တက် အပါအဝင် ဥရောပထိပ်တန်း အသင်းကြီးတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရပါတယ်။ 

ယူနိုက်တက်ဟာ လာမယ့် နွေရာသီမှာ အသင်းကို ကြီးကြီးမားမား ပြင်ဆင် အားဖြည့်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး အခုချိန်ထိလည်း ဂဗာဒီယိုလ်ရဲ့ အနေအထားကို အနီးကပ် စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။ 


ကစားသမားတွေရဲ့ ကျန်းမာရေး အတွက် နည်းပညာ အကူအညီ ရယူမယ့် ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ဟာ အသင်းမှာ ရှိတဲ့ ကစားသမားတွေရဲ့ ကျန်းမာရေး အခြေအနေ အတွက် နည်းပညာ အကူအညီ ရယူသွားမယ်လို့ သိရပါတယ်။ 

စီးရီးအေ
အေစီမီလန်
တိုရီနို
1X2 သရေ (Draw) @ 3.30
ဂိုးပေါ် 2.25 @ 1.94
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဆိုပါ နည်းပညာဟာ ကစားသမားတွေကို မကြာခဏ ပင်ပန်းနွမ်းနယ်ခြင်း၊ ဒဏ်ရာ ပြဿနာတွေနဲ့ ကာလရှည် ရင်ဆိုင်နေရခြင်းတွေ ကနေ ကာကွယ်ပေးသွားမှာ ဖြစ်ပြီး အသင်းရဲ့ ကြံ့ခိုင်ရေး နည်းပြ ဟိုလ်ဂါဘရိုရစ်ချ်က သူ့ရဲ့ iPad ကနေ တစ်ဆင့် ကစားသမားတွေရဲ့ အခြေအနေကို အကဲဖြတ်သွားမှာပါ။  

နောက်ပိုင်း ကာလတွေမှာ ဘွန်ဒက်စ်လီဂါ ထိပ်သီး တို့က အဓိက,ကစားသမားတွေ ဒဏ်ရာ ပြဿနာတွေနဲ့ မကြာခဏ ရင်ဆိုင်နေရတဲ့ အခြေအနေမျိုးတွေကို ရောက်ရှိနေတာကြောင့် အသင်း အနေနဲ့ အခုလိုမျိုး ပြင်ဆင်လာတာ ဖြစ်ပါတယ်။ 


ပါဗက် အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ဘေယန် အတည်ပြု

ဘေယန်မြူးနစ်ရဲ့ အားကစား ဒါရိုက်တာ ဟာဆန် ဆာလီဟာမစ်ဇစ်က ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ နောက်ခံလူ ဘင်ဂျာမင် ပါဗက် အတွက် ကြီးမားတဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ 

ဒါပေမယ့် အဆိုပါ ဘွန်ဒက်စ်လီဂါ အင်အားကြီး အသင်းဟာ ဒီရာသီ သူတို့ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကြောင့် ပါဗက်ကို လက်မလွှတ်နိုင်ခဲ့ကြောင်း၊ ပါဗက် အတွက် ကြီးကျယ် ခမ်းနားတဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

ဘေယန်မြူးနစ်ဟာ မန်ချက်စတာစီးတီး နောက်ခံလူ ယာအို ကန်ဆယ်လိုကို ခေါ်ယူခဲ့ပေမယ့် အခြား နောက်ခံလူ နူဆာ မာဇာရူအီရဲ့ ကြံ့ခိုင်မှု အခြေအနေကြောင့် ပါဗက်ကို လက်လွှတ်မခံခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်