နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကင်မရွန်းနဲ့ မော်ရိုကို နိုင်ပွဲ ဆက်ခဲ့ပြီး နိုင်ပွဲ ပျောက်ဆုံးနေဆဲ ဂါနာ | အာဖရိကနိုင်ငံများ ဖလား ပွဲပြီးရလဒ်များ (၁၅/၁/၂၀၂၂)

အာဖရိကနိုင်ငံများဖလား အုပ်စု အဆင့် ပွဲစဉ် (၂)ကို ဆက်လက် ယှဉ်ပြိုင်ကစားလျက် ရှိရာ အိမ်ရှင် ကင်မရွန်းနဲ့ နာမည်ကြီး မော်ရိုကိုတို့ နိုင်ပွဲ ဆက်ခဲ့ပြီး ဆီနီဂေါနဲ့ ဂီနီယာ တို့ကတော့ အမှတ် ခွဲယူခဲ့ကြပါတယ်။ ဒါ့အပြင် အသင်းကောင်း တစ်သင်း ဖြစ်တဲ့ ဂါနာ ကတော့ ပုံမှန် ခြေစွမ်း ပျောက်ဆုံးနေမှုနဲ့ အတူ နိုင်ပွဲပါ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး နောက်တစ်ဆင့် တက်ရေး အတွက် လက်ကျန် ပွဲစဉ်ကို အဆုံးအဖြတ် ကစားရတော့မှာလည်း ဖြစ်ပါတယ်။

ပွဲစဉ် ၁ မှာ ပွဲတိုင်းနီးပါး အပြန်အလှန် သွင်းဂိုးတွေ မမြင်ရသလောက် နည်းခဲ့ပြီး သရေပွဲတွေ များခဲ့တဲ့ အာဖရိကနိုင်ငံများဖလားဟာ ဝေဖန်သံတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲစဉ် ၂ မှာတော့ သွင်းဂိုးတွေ စတင်မြင်တွေ့ခဲ့ရပြီး အများစု မျှော်လင့်ထားတဲ့ ရလဒ်တွေလည်း ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ကစားခဲ့ပြီးသမျှ အုပ်စု ပွဲစဉ် ရလဒ်တွေကို ကြည့်မယ် ဆိုရင်…


ကင်မရွန်း ၄-၁ အီသီယိုးပီးယား

အဖွင့် ပွဲစဉ်မှာ ဘာကီနာဖာဆိုကို ၂-၁ ရလဒ်နဲ့ ကပ်ပြီး အနိုင်ရထားခဲ့တဲ့ အိမ်ရှင် ကင်မရွန်းတို့ ပွဲစဉ် ၂ မှာတော့ တိုက်စစ် ခြေစွမ်းပြပြီး အီသီယိုးပီးယားကို ဂိုးပြတ် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ၂ ဂိုး သွင်းခဲ့တဲ့ တိုက်စစ်မှူး အဘူဘေကာ အနေနဲ့ ဒီပွဲမှာလည်း ၂ ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပြီး ကျန် ၂ ဂိုး ကိုတော့ တောင်ပံ ကစားသမား အီကမ်ဘီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ကင်မရွန်း အသင်းရဲ့ လူစာရင်းမှာ ချူပိုမော့တင်း၊ အန်ဂစ်ဆာ၊ အဘူဘေကာ၊ အီကမ်ဘီ၊ အိုနာနာ တို့လို ကစားသမား ကောင်းတွေ အများအပြား ပါဝင်ခဲ့သလို အီသီယိုးပီးယားကို ပွဲချိန်ပြည့် ခြေစွမ်း အသာနဲ့ ကစားပြီး အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ တစ်ပွဲလုံး ဂိုးပေါက် ခြိမ်းခြောက်မှု ၂၁ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှု ၉ ကြိမ် အထိ ရှိခဲ့တဲ့ ကင်မရွန်းတို့ အခုထက် ပိုများတဲ့ သွင်းဂိုး အရေအတွက်နဲ့တောင် အနိုင်ရခဲ့သင့်တယ် လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် ၂၀၂၁ အာဖရိကနိုင်ငံများဖလား အိမ်ရှင် ကင်မရွန်းတို့ ၂ ပွဲကစား၊ ၂ ပွဲနိုင်၊ ရမှတ် ၆ မှတ်နဲ့ အုပ်စု (A)ကို ဆက်လက် ဦးဆောင်ခဲ့ပြီး ရမှတ် မရသေးတဲ့ အီသီယိုးပီးယား ကတော့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ဘရိုက်တန်
ချဲလ်ဆီး
1X2 သရေ @ 3.70
ဘရိုက်တန် အာရှ ဟန်းဒီးကပ် +0.75 @ 2.11
ဂိုးပေါ် 2.50 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကိပ်ဗာဒီ ၀-၁ ဘာကီနာဖာဆို

အုပ်စု (A)ရဲ့ အဖွင့် ပွဲစဉ်မှာ အီသီယိုးပီးယားကို အနိုင်ရပြီး ၃ မှတ် ရရှိထားခဲ့တဲ့ ကိပ်ဗာဒီ ကျွန်းစုများ ကတော့ ပွဲစဉ် ၂ မှာတော့ ဘာကီနာဖာဆိုကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ခြေစွမ်းကောင်းခဲ့ပေမယ့် အဖွင့်ပွဲမှာ အိမ်ရှင် ကင်မရွန်းကို အရေးနိမ့်ခဲ့ရတဲ့ ဘာကီနာဖာဆို အနေနဲ့ အခုပွဲမှာတော့ ခြေစွမ်း အသာနဲ့ ကစားသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာကီနာဖာဆို အတွက် တစ်လုံးတည်းသော သွင်းဂိုး ကိုတော့ ပွဲချိန် ၃၉ မိနစ်မှာ တောင်ပံ ကစားသမား ဘန်ဒီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ ဘာကီနာဖာဆိုတို့ ကိပ်ဗာဒီနဲ့ ရမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။


ဆီနီဂေါ ၀-၀ ဂီနီယာ

ပွဲစဉ် ၁ မှာ နိုင်ပွဲ ကိုယ်စီ ရရှိထားခဲ့တဲ့ ဆီနီဂေါနဲ့ ဂီနီယာ တို့ရဲ့ ပွဲစဉ် ၂ ကတော့ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အုပ်စု (B)ရဲ့ အတောင့်တင်းဆုံး အသင်းတွေ ဖြစ်နေလို့ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် စိတ်ပျက်ဖွယ် ကစားပုံနဲ့ ပျင်းရိစရာ ကောင်းခဲ့တယ် လို့လည်း ပြောလို့ ရပါတယ်။ ကွင်းလယ်မှာသာ ဘောလုံး အပျက် များနေခဲ့လို့ ထိရောက်တဲ့ ထိုးဖောက် တိုက်စစ်ဆင်မှုတွေ မြင်တွေ့ခဲ့ရခြင်း မရှိပဲ ဂိုးမရှိ သရေကျသွားခဲ့တာ ဖြစ်ပါတယ်။ ၂ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၄ မှတ်စီ ရရှိထားတဲ့ ဆီနီဂေါရော၊ ဂီနီယာပါ အုပ်စု (B)ကို ဆက်လက် ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။


မာလာဝီ ၂-၁ ဇင်ဘာဘွေ

ဂီနီယာကို ရှုံးနိမ့်ထားခဲ့တဲ့ မာလာဝီ ကတော့ ဇင်ဘာဘွေကို အနိုင်ရခဲ့လို့ ၃ မှတ် စတင် ရရှိသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ တကယ်တမ်း ကစားပုံ ပိုကောင်းပြီး ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ အသင်းဟာ ဇင်ဘာဘွေ ဖြစ်ပေမယ့် အဆုံးသတ် အပိုင်းမှာ မာလာဝီတို့ ပိုပြီး ကောင်းမွန်ခဲ့လို့ ရှုံးပွဲတွေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဇင်ဘာဘွေ အနေနဲ့ ပထမပိုင်း ၃၈ မိနစ်မှာ အစ္စမေးလ် ဝါဒီ သွင်းယူတဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ မာလာဝီ ကွင်းလယ် တိုက်စစ် ကစားသမား ဂါဘာဒင်ဟို မန်ဂိုက ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဆက်တိုက် သွင်းယူနိုင်ခဲ့လို့ ၂-၁ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ နိုင်ပွဲ စတင်ရရှိခဲ့တဲ့ မာလာဝီတို့ ရမှတ် ၃ မှတ်နဲ့ အတူ အုပ်စု (B)ရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ဇင်ဘာဘွေ ကတော့ အုပ်စု အောက်ဆုံးကို ရောက်ရှိနေခဲ့ပါတယ်။

၂၀၂၁ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲရဲ့ အင်အား အတောင့်တင်းဆုံး အသင်း တစ်သင်း ဖြစ်တဲ့ မော်ရိုကိုတို့ ပွဲစဉ် ၂ မှာတော့ ကွန်မိုရော့စ်ကို သက်တောင့် သက်သာ ကစားပြီး ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။
အာဖရိကနိုင်ငံများ အဖွင့်ပွဲမှာ ဂါနာကို အနိုင်ယူပြီး ကွန်မိုရော့စ်ကိုပါ ထပ်မံအနိုင်ရခဲ့တဲ့ မော်ရိုကို

မော်ရိုကို ၂-၀ ကွန်မိုရော့စ်

၂၀၂၁ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲရဲ့ အင်အား အတောင့်တင်းဆုံး အသင်း တစ်သင်း ဖြစ်တဲ့ မော်ရိုကိုတို့ ပွဲစဉ် ၂ မှာတော့ ကွန်မိုရော့စ်ကို သက်တောင့် သက်သာ ကစားပြီး ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အဖွင့်ပွဲမှာ ဂါနာကို ၁-၀နဲ့ အနိုင်ယူပြီး ၃ မှတ် ရရှိထားတဲ့ မော်ရိုကိုတို့ ဒီနေ့ပွဲမှာလည်း ခြေစွမ်း အဆင့်အတန်း ကွာဟနေတဲ့ ကွန်မိုရော့စ်ကို အဘက်ဘက်က အသာစီးနဲ့ ကစားပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မော်ရိုကို အတွက် အနိုင်ဂိုးတွေ ကိုတော့ စတန်းဒက်လီဂီ ကွင်းလယ်လူ အမယ်လာ့နဲ့ ဇာကာရီယာ အဘူခဲလ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် ပွဲချိန် ၈၃ မိနစ်မှာ ရရှိတဲ့ ပင်နယ်တီကို တိုက်စစ်မှူး အန်နက်ဆီရီ လွဲချော်ခဲ့လို့ မော်ရိုကိုတို့ ၃ ဂိုးပြတ် အနိုင်ရနိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ပွဲဆက်ခဲ့တဲ့ မော်ရိုကိုတို့ လက်ရှိ အုပ်စု (C) ကို ဆက်လက် ဦးဆောင်နေခဲ့ပြီး ကွန်မိုရော့စ် ကတော့ ရမှတ် ၀ နဲ့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။


ဂါဘွန်း ၁-၁ ဂါနာ

သောမက်စ် ပါတေး၊ ဂျော်ဒန် အာယူး၊ အာမာတေး တို့လို ကစားသမားတွေ ပါဝင်နေတဲ့ ဂါနာ ကတော့ ဒီနှစ် အာဖရိကဖလား ပြိုင်ပွဲမှာ မျှော်လင့်ထားသလို ရလဒ်ကောင်းတွေ ရှာဖွေထားနိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။ အဖွင့်ပွဲမှာ မော်ရိုကို ကို ရှုံးနိမ့်ပြီး ရမှတ် ပျောက်ဆုံးခဲ့တဲ့ ဂါနာ တို့ ဒီနေ့ပွဲမှာလည်း ပွဲချိန် ၈၅ မိနစ်ကျော် အထိ အာယူးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဂါဘွန်းရဲ့ ပွဲပြီးခါနီး ချေပဂိုးကြောင့် သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပြန်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ပွဲလုံး ခြေစွမ်းအရ ဂါနာတို့ အနိုင် ရလဒ်နဲ့ မထိုက်တန်ခဲ့ဘူးလို့တောင် ပြောနိုင်ပြီး ဂါဘွန်းတို့ အဘက်ဘက်မှာ အသာရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲ အပြီးမှာ ၄ မှတ် ရရှိသွားခဲ့တဲ့ ဂါဘွန်းတို့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပြီး ဂါနာ ကတော့ ရမှတ် ၁ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရှိနေခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်