နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကျဉ်းမြောင်းတဲ့ ရလဒ်တွေနဲ့ နိုင်ပွဲ ကိုယ်စီ ရခဲ့တဲ့ ကင်မရွန်း၊ ဆီနီဂေါ၊ ဂီနီယာနဲ့ မော်ရိုကို | အာဖရိကနိုင်ငံများ ဖလား ပွဲပြီးရလဒ်များ (၁၀/၁/၂၀၂၂)

အာဖရိကနိုင်ငံများဖလား အုပ်စု ပွဲစဉ် (၁) | ပွဲပြီးရလဒ်များ

ဥရောပမှာ သက်ဆိုင်ရာ အမှတ်ပေးပြိုင်ပွဲတွေ တောက်လျောက် ကစားနေသလို အာဖရိက မှာလည်း ၂ နှစ် ၁ ကြိမ် ကျင်းပတဲ့ အာဖရိကနိုင်ငံများ ဖလား ပြိုင်ပွဲရဲ့ အုပ်စု ပွဲစဉ်တွေ စတင် ယှဉ်ပြိုင်နေခဲ့ပါပြီ ဖြစ်ပါတယ်။

အသင်းပေါင်း ၂၄ သင်း ပါဝင် ယှဉ်ပြိုင်နေတဲ့ ၂၀၂၁ အာဖရိကနိုင်ငံများဖလား ကတော့ မနေ့က စတင်ခဲ့တာ ဖြစ်ပြီး SBOTOP ဘောလုံး ပရိသတ်တွေ အတွက် ပွဲပြီးရလဒ် တချို့နဲ့ အုပ်စု အဆင့် ရပ်တည်မှုတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကင်မရွန်း ၂-၁ ဘာကီနာဖာဆ

၂၀၂၁ အာဖရိကနိုင်ငံများဖလားရဲ့ အဖွင့်ပွဲစဉ် ဖြစ်ပြီး အိမ်ရှင် ကင်မရွန်းတို့ ဘာကီနာဖာဆို ကို မထင်မှတ်ပဲ ခက်ခက်ခဲခဲ ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။ အိမ်ရှင် အသင်း အနေနဲ့ အီကမ်ဘီ၊ အော်ဂစ်ဆာ၊ ကွန်ဒေ၊ ဂါမယ်လူ၊ အိုနာနာ တို့လို ဥရောပ အခြေစိုက် ကစားသမားတွေနဲ့ အတောင့်တင်းဆုံး ပွဲထွက်ခဲ့ပြီး ဘာကီနာဖာဆို ဘက်မှာတော့ တပ်ဆိုဘာနဲ့ ဘာထရန် ထရာအိုရေး ကလွဲရင် ပြည်တွင်းက ကစားသမားတွေပဲ ပါဝင်ခဲ့ပါတယ်။ ပွဲအစ ၂၄ မိနစ်မှာပဲ ဘာကီနာဖာဆိုဘာ ကွင်းလယ်လူ ဆန်ဂါရီရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရလို့ ကင်မရွန်းတို့ နောက်ကလိုက် ကစားခဲ့ရပြီး အဘူဘေကာရဲ့ ပထမပိုင်း ပြီးခါနီး သွင်းဂိုး ၂ဂိုးကြောင့်သာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အခုပွဲ အပြီးမှာ ၃ မှတ် စတင် ရရှိခဲ့တဲ့ ကင်မရွန်း တို့ အုပ်စု (A) ကို ဦးဆောင်နိုင်ခဲ့ပြီး ဘာကီနာဖာဆို ကတော့ အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။


အီသီယိုးပီယား ၀-၁ ကိပ်ဗာဒီ

စီးရီးအေ
ဆမ်ဒိုးရီးယား
တိုရီနို
1X2 သရေ @ 3.10
ဂိုးအောက် 2.25 @ 2.17
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အုပ်စု (A)ရဲ့ နောက်ထပ် ပွဲစဉ် မှာတော့ ကိပ်ဗာဒီက အီသီယိုးပီးယားကို တိုက်စစ်မှူး ဂျူလီယို တာဗာရက်စ်ရဲ့ ပွဲချိန် ၄၅ မိနစ်မှာ သွင်းယူတဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အုပ်စုတွင်း အားအနည်းဆုံး အသင်းတွေ ဖြစ်ပေမယ့် အကောင်းဆုံး ကစားသွားခဲ့လို့ အကြိတ်အနယ် ရှိခဲ့ပြီး ခြေစွမ်း အနည်းငယ် ပိုသာတဲ့ ကိပ်ဗာဒီက အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် ကိပ်ဗာဒီတို့ အုပ်စု(A)ရဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အီသီယိုးပီးယား ကတော့ အုပ်စု အောက်ဆုံး နေရာမှာ ရှိနေခဲ့ပါတယ်။


ဆီနီဂေါ ၁-၀ ဇင်ဘာဘွေ

၂၀၂၁ ခုနှစ် အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲဝင် အသင်း အားလုံးထဲမှာ အတောင့်တင်းဆုံး လူစာရင်း ပိုင်ဆိုင်ထားပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ဆီနီဂေါ ကတော့ ဇင်ဘာဘွေကို ဆာဒီယို မာနေးရဲ့ နောက်ကျ ပင်နယ်တီဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ ချဲလ်ဆီး ဂိုးသမား အက်ဒ်ဝက် မန်ဒီ၊ ဒူးဒဏ်ရာ ရှိနေတဲ့ အစ္စမေလာ ဆားတို့ လွဲချော်ခဲ့ပေမယ့် ဆီနီဂေါမှာ ဆာဒီယို မာနေး၊ ကိုယာတေး၊ ဘွန်နာဆား၊ ဂီရီ၊ ဒိုင်ယာလို၊ ဒီရာ တို့လို နာမည်ကြီး ကစားသမား ကောင်းတွေ အများကြီး ပါဝင်ခဲ့ပါတယ်။ ဇင်ဘာဘွေ ကတော့ အာဖရိကနဲ့ အာရှ လိဂ်တွေမှာ ကစားနေသူတွေနဲ့ စုဖွဲ့ပြီး ဆီနီဂေါကို ရင်ဆိုင်ခဲ့ရပေမယ့် အံ့အားသင့်စရာ ခြေစွမ်းနဲ့ တုန့်ပြန် ကစားသွားနိုင်ခဲ့တာ တွေ့ရပါတယ်။ လိုင်ယွန်မှာ ကစားနေတဲ့ ကာဒီဝီရီ ကလည်း ဒုတိယပိုင်းမှ လူစားဝင်ခဲ့တာ ဖြစ်ပါတယ်။ ဆီနီဂေါတို့ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်ချက် ၁၆ ကြိမ် ရှိခဲ့ပေမယ့် ဇင်ဘာဘွေ ခံစစ်ရဲ့ မာကျောမှုနဲ့ အဆုံးသတ် အားနည်းချက်တွေကြောင့် မာနေးရဲ့ ပွဲချိန် မိနစ် ၉၀ မှာ ရရှိတဲ့ ပင်နယ်တီနဲ့သာ အနိုင် ၃ မှတ် အပြည့်ရသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဆီနီဂေါတို့ အုပ်စု (B)မှာ မာလီနဲ့ ရမှတ်တူ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ဇင်ဘာဘွေ ကတော့ အုပ်စု အောက်ဆုံးမှာ ရှိနေခဲ့ပါတယ်။


ဂီနီယာ ၁-၀ မာလာဝီ

နာဘီ ကေတာ၊ ဒီဝါးရား၊ ကာမာရာတို့ ဦးဆောင်လာတဲ့ ဂီနီယာ ကလည်း ကမ္ဘာ့အဆင့် ၁၂၉ မှာ ရှိနေတဲ့ မာလာဝီကို ခက်ခက်ခဲခဲ ကစားပြီးမှ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ အစ်ဆီယာဂါ ဆိုင်လာရဲ့ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဂီနီယာတို့ မာလာဝီရဲ့ တန်ပြန်တိုက်စစ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး နောက်ခံလူတွေ ကောင်းလို့သာ အနိုင် ၃ မှတ် ရခဲ့တာ ဖြစ်ပါတယ်။ ခံစစ် ကစားပုံ ကျစ်လျစ်တဲ့ မာလာဝီတို့ တန်ပြန် တိုက်စစ်လည်း ကောင်းတာကြောင့် ဂီနီယာ ထက်တောင် ဂိုးပေါက်တည့်မှု အကြိမ်ရေ ပိုများခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီး မှာတော့ ပေးဂိုး မရှိ အနိုင်ရခဲ့တဲ့ ဂီနီယာတို့ အုပ်စု(B)ကို ဦးဆောင်နိုင်ခဲ့ပြီး မာလာဝီ ကတော့ ဇင်ဘာဘွေနဲ့ ဂိုးကွာခြားချက် -၁ တူ အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။


မော်ရိုကို ၁-၀ ဂါနာ

အုပ်စု (C)ရဲ့ အကောင်းဆုံး ၂ သင်း ပြိုင်ဆိုင်ခဲ့တဲ့ ပွဲဖြစ်ပြီး ခြေစွမ်း အနည်းငယ် ပိုသာတဲ့ မော်ရိုကို တို့ပဲ မျှော်လင့်ထားတဲ့ အတိုင်း အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ မော်ရိုကိုမှာ ချဲလ်ဆီးက ဇီယက်ချ် မပါခဲ့ပေမယ့် ဘူဖယ်၊ မက်ဆီနာ၊ ဆာအိစ်၊ ဟာကီမီ၊ ဘွန်နူ၊ လိုဇာ တို့နဲ့ ပွဲထွက်ခဲ့ပြီး ဂါနာ ဘက်မှာလည်း ဂျော်ဒန် အာယူး၊ အမာတေး၊ သောမက်စ်ပါတေး တို့ ပါဝင်လာခဲ့လို့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ဦးချင်း စွမ်းဆောင်ရည် အပိုင်းမှာ မော်ရိုကိုက ပိုသာခဲ့ပြီး ဂါနာကို ပွဲချိန်ပြည့် လွှမ်းမိုး ကစားသွားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ဂိုးရဖို့တော့ တော်တော်လေး ခက်ခဲခဲ့ပြီး ပွဲချိန် ၈၃ မိနစ် အရောက်မှ အန်ဂါးစ် တောင်ပံ ကစားသမား ဘူဖယ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မော်ရိုကို အနေနဲ့ အုပ်စု (C) ကို စတင် ဦးဆောင်နိုင်ခဲ့ပြီး အမှတ်မရတဲ့ ဂါနာ ကတော့ လက်တလော အုပ်စု အောက်ဆုံး နေရာကို ရောက်ရှိနေခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်