အက်စတွန်ဗီလာ ကတော့ ဒီနှစ်မှာ ပုံစံ အသစ်နဲ့ ကျင်းပနေတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ဆက်တိုက်ကို နိုင်ပွဲတွေ ရနေပြီး လိဂ် အဆင့်မှာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။ အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာက နှစ်ပေါင်း ၄၀ ကျော် အကြာမှ ချန်ပီယံလိဂ် ပြိုင်ပွဲကို ပြန်လည် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပေမယ့် မထင်မှတ်ထားတဲ့ ခြေစွမ်းတွေ ပြသပြီး နိုင်ပွဲတွေ ရရှိနေတာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာဟာ ချန်ပီယံလိဂ် လိဂ် အဆင့် ပွဲဦးထွက်မှာ ဆွစ်ဇာလန် ကလပ် ယန်း ဘွိုင်းစ်ကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် ပွဲစဉ် ၂ မှာ ဘေယန်မြူးနစ်ကို အိမ်ကွင်းမှာ အနိုင်ယူခဲ့ပြီးတော့ မနေ့ညက ပွဲစဉ် ၃ မှာတော့ စီးရီးအေ အသင်းကောင်း ဖြစ်တဲ့ ဘိုလော့ဂ်နာ ကိုလည်း ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် အက်စတွန်ဗီလာက ချန်ပီယံလိဂ် တစ်ခုတည်းမှာတင် မဟုတ်ပဲ ပရီးမီးယားလိဂ် မှာလည်း အာဆင်နယ် တစ်သင်းတည်းကို ရှုံးနိမ့်ထားပြီးတော့ ၅ ပွဲနိုင်၊ ၂ ပွဲ သရေကျကာ အာဆင်နယ်နဲ့ ရမှတ်တူ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
နည်းပြ ဖြစ်သူ အူနိုင်း အမ်မရီ ကတော့ သူတို့ရဲ့ အသင်း အနေနဲ့ ဆုဖလား အောင်ပွဲ ရယူဖို့ အတွက် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။ အမ်မရီက ဘိုလော့ဂ်နာနဲ့ ပွဲမတိုင်ခင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အူနိုင်း အမ်မရီက “ကျွန်တော့်ရဲ့ အချိန်တွေကို ဒီနေရာမှာ မဖြုန်းတီးချင်ပါဘူး။ ဒါဟာ ကျွန်တော် ပေးချင်တဲ့ မက်ဆေ့ချ်ပါပဲ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်ဖို့ပါ။ ခက်ခဲနိုင်တယ် ဆိုတာ သိပေမယ့် ကျွန်တော်တို့ ဆုဖလားတွေ အတွက် ပြိုင်ဆိုင်သွားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ထင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
အက်စတွန်ဗီလာ အနေနဲ့ ၁၉၉၈ နောက်ပိုင်း အကောင်းဆုံး ရာသီအစ ရလဒ်ပိုင်းကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ အူနိုင်း အမ်မရီဟာ ပြီးခဲ့တဲ့ ရာသီက အက်စတွန်ဗီလာကို ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်း စာရင်းဝင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဗီလာ အနေနဲ့ နှစ်ပေါင်း ၄၀ ကျော်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်လည်း ပြန်လည် ကစားခွင့်ရခဲ့ပါတယ်။ အက်စတွန်ဗီလာဟာ မနှစ်က ပရီးမီးယားလိဂ် မှာ ၃၈ ပွဲ ကစား ပွဲ ၂၀ နိုင်၊ ၈ ပွဲ သရေ၊ ၁၀ ပွဲရှုံး၊ ရမှတ် ၆၈ မှတ်နဲ့ အဆင့် ၄ နေရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အက်စတွန်ဗီလာ ပိုင်ဆိုင်ထားတဲ့ လူစာရင်းမှာ ဒိတ်ဒိတ်ကြဲ ထိပ်တန်း အဆင့် ကစားသမားတွေ မပါဝင်ပေမယ့်လည်း အသင်းလိုက် စုစည်းမှု ကောင်းကောင်းနဲ့ ပြိုင်ဘက်တွေကို အသာရအောင် ကစားနိုင်ဆဲ ဖြစ်ပါတယ်။ ဒီခြေစွမ်းအတိုင်း ဆိုရင်တော့ အက်စတွန်ဗီလာ အနေနဲ့ အူနိုင်း အမ်မရီ မျှော်လင့်ထားသလို ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ နီးစပ်နေပြီလို့တောင် ပြောလို့ ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.