ဒေါ့မန် – ဘာစီလိုနာ
အခုတစ်ပတ် မှာတော့ ချန်ပီယံလိဂ် လိဂ်အဆင့် ပွဲစဉ် ၆ ရဲ့ ပွဲကောင်းတွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ဘာစီလိုနာ ကတော့ ဒေါ့မန်ကို Signal Iduna Park မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ် လိဂ် အဆင့် အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရပ်တည်နေတဲ့ အသင်း နှစ်သင်း အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်လို့ ပရိသတ် အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။
ဒေါ့မန်ရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ပြန်ကြည့်ရင် သိပ်တော့ အားရစရာ မရှိပါဘူး။ နိုင်ပွဲ ၂ ပွဲ ရှိထားပြီး သရေ ၂ ပွဲနဲ့ ရှုံးပွဲ ၁ ပွဲ ရှိထားပါတယ်။ ဒေါ့မန်ရဲ့ ချန်ပီယံလိဂ် ရလဒ်တွေကို ပြန်ကြည့်ရင်တော့ ၄ ပွဲ အထိ အနိုင်ရထားပြီး ရှုံးပွဲ ၁ ပွဲသာ ရှိထားပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ၅-၂ ရလဒ်နဲ့ ရှုံးနိမ့်ထားတာ ဖြစ်ပြီး ကျန် ၄ ပွဲမှာ ကလပ် ဘရူဂေးကို အဝေးကွင်းမှာ ၀-၃၊ ဆဲလ်တစ်ကို အိမ်ကွင်းမှာ ၇-၁၊ စတူအမ် ဂရက်ဇ်ကို အိမ်ကွင်းမှာ ၁-၀၊ ဒိုင်နမိုဇာဂရက်ဘ်ကို အဝေးကွင်းမှာ ၀-၃ ရလဒ်တွေနဲ့ အနိုင်ရထားတာပါ။ ဒါ့အပြင် နူရီ ဆာဟင်ရဲ့ အသင်းက ဒီရာသီ အိမ်ကွင်းမှာ ရှုံးပွဲ လုံးဝ မရှိသေးပါဘူး။
ဘာစီလိုနာ ကတော့ ရာသီ အစမှာ ခြေစွမ်းပိုင်း တောက်လျောက် ကောင်းမွန်ခဲ့ပေမယ့် နောက်ပိုင်း ပွဲတွေမှာတော့ ရလဒ်တွေ ယိမ်းယိုင်နေတာ တွေ့ရပါတယ်။ ဟန်ဆီဖလစ်ခ်ရဲ့ အသင်းက နောက်ဆုံး ၅ ပွဲမှာ ဒေါ့မန် လိုပဲ နိုင်ပွဲ ၂ ပွဲ၊ သရေ ၂ ပွဲ၊ ရှုံးပွဲ ၁ ပွဲ ရှိထားပါတယ်။ ဘာစီလိုနာက နောက်ဆုံး ပွဲမှာလည်း ဘက်တစ်နဲ့ ၂ ဂိုးစီ သရေကျထားပါတယ်။ ဘာစီလိုနာက ချန်ပီယံလိဂ် မှာတော့ ဒေါ့မန်လိုပဲ ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးပြီး ရလဒ်တွေ ကောင်းနေပါတယ်။ မိုနာကို တစ်သင်းတည်းကို ရှုံးထားပြီးတော့ ကျန်ပွဲတွေမှာ ဂိုးပြတ်တွေချည်း နိုင်ထားတာပါ။ ဘေယန်မြူးနစ်လို အသင်း ကိုတောင် အိမ်ကွင်းမှာ ၄-၁ ရလဒ်နဲ့ နိုင်ထားပြီးတော့ ဒီရာသီ အဝေးကွင်း ရှုံးပွဲ ကတော့ ၃ ပွဲ ရှိထားပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဒေါ့မန် ဘက်က ဘရန့်တ်၊ ဘိုင်ယာ၊ အန်တွန်၊ ဇူလာ တို့ လွဲချော်မှာ ဖြစ်ပြီးတော့ အဒီယီမီ ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။ ဘာစီလိုနာ မှာတော့ ခရစ္စတန်ဆန်၊ ဖာတီ၊ ဘာနဲလ်၊ တာစတီဂျန်၊ အာရူဟိုတို့ သေချာပေါက် လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဒေါ့မန် – ကိုဘယ်၊ ရွိုင်ရာဆန်၊ ချန်၊ ရှလော့တ်တာဘက်ခ်၊ ဘန်ဆီဘိုင်နီ၊ ဆဘစ်ဇာ၊ အန်မီချာ၊ ဂရော့စ်၊ မယ်လန်၊ ဂူရက်ဆီ၊ ဂစ်တင်စ်
ဘာစီလိုနာ – အင်နာကီ ပီနာ၊ ကွန်ဒေး၊ ကူဘာဆီ၊ အင်နီဂို မာတီနက်ဇ်၊ ဘဲလ်ဒီ၊ ပက်ဒရီ၊ ဒီယောင်၊ ယာမယ်၊ အော်လမို၊ ရာဖင်ညာ၊ လီဝမ်ဒေါစကီး
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၂၀၁၉ ချန်ပီယံလိဂ် အုပ်စု အဆင့် မှာ ၂ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ဘာစီလိုနာက အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ရခဲ့ပေမယ့် ဒေါ့မန် ကွင်းမှာတော့ ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ပြန်ကြည့်ရင် နှစ်သင်းစလုံး ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားကြပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဒေါ့မန် နိုင်ရင် ၂.၈၆ ဆ၊ ဘာစီလိုနာ နိုင်ရင် ၂.၁၃ ဆ၊ သရေ ဆိုရင်တော့ ၃.၅၃ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးနဲ့ ဘာစီလိုနာ ဘက်က ခပ်ပါးပါး ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ ဂိုးပေါင်း ကတော့ အနည်းဆုံး ၃ လုံးက စဖွင့်ထားပါတယ်။ လက်ရှိ လူစာရင်း အရ ဘာစီလိုနာက အနည်းငယ် သာနေပေမယ့် ဒေါ့မန် အိမ်ကွင်း ဖြစ်နေတာ ကိုတော့ သတိထားဖို့ လိုအပ်ပါတယ်။ ဒေါ့မန်က ဒီရာသီ အိမ်ကွင်းမှာ ရှုံးပွဲ လုံးဝ မရှိထားတဲ့ အသင်း ဖြစ်လို့ ဘာစီလိုနာတို့ နိုင်ပွဲ ရဖို့ ခက်ခဲဦးမှာပါ။ ကျနော် ကတော့ ဂိုးပေါ် ကြိုက်ပြီး သရေကျဖို့ များတဲ့ ပွဲလို့ပဲ သုံးသပ်ချင်ပါတယ်။
ခန့်မှန်းရလဒ် ဒေါ့မန် ၂-၂ ဘာစီလိုနာ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.