နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘန်ဇီမာရဲ့ နှစ်ပွဲဆက် ဟက်ထရစ်နဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ရီးရဲယ် | ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၁-၃ ရီးရဲယ်မက်ဒရစ်

စတန်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ် မှာတော့ ရီးရဲယ်မက်ဒရစ်တို့ ကာရင်မ် ဘန်ဇီမာရဲ့ နှစ်ပွဲဆက် ဟက်ထရစ်နဲ့ အတူ အိမ်ရှင် ချဲလ်ဆီးကို ၁-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့ ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲက အခင်းအကျင်းနဲ့ လူစာရင်းကို အပြောင်းအလဲလုပ် ပွဲထွက်လာခဲ့ပြီး သူတို့ အားသန်တဲ့ ၃ ယောက်တန်း ခံစစ် ကစားကွက်ကို ပြန်လည် အသုံးပြုခဲ့ပါတယ်။ တိုက်စစ်မှာ ကိုင်ဟာဗက်ဇ်ကို False 9 အဖြစ် ကစားစေခဲ့ပြီး ပူလီဆစ်၊ မေဆန်မောင့် တို့နဲ့ ရံပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ဂျော်ဂျင်ဟိုနဲ့ ကန်တေပဲ ပွဲထွက်လာခဲ့ပြီး Full Back တွေ အဖြစ် အက်ဇ်ပီလီကွယ်တာနဲ့ ရိစ်ဂျိမ်းစ်၊ ခံစစ် ၃ ဦး အဖြစ် သီယာဂို ဆေးလ်ဗား၊ ခရစ္စတန်ဆန်၊ ရူဒီဂါနဲ့ ဂိုးမှာတော့ မန်ဒီပဲ ပါဝင်ခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ် က‌တော့ အသားကျနေပြီးသား ၄-၃-၃ နဲ့ပဲ ရင်ဆိုင်ခဲ့ပြီး တိုက်စစ်မှာ ဘန်ဇီမာ၊ ဗင်နီးစီးယပ်စ် ဂျူနီယာနဲ့ ဗယ်ဗာဒီ တို့ကို တွဲပေးခဲ့ပါတယ်။ ကွင်းလယ်နဲ့ ခံစစ်မှာ ခရူးစ်၊ မိုဒရစ်၊ ကတ်ဆီမီရို၊ မန်ဒီ၊ အလာဘာ၊ မီလီတောင်၊ ကာဗာဂျယ်တို့ ကစားခဲ့ပြီး ဂိုးမှာတော့ ကော့တွာပဲ ပွဲထွက်လာခဲ့ပါတယ်။

ပွဲစကတည်းက နှစ်သင်းလုံး အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ကြလို့ အကြိတ်အနယ် ရှိပြီး ကြည့်ကောင်းခဲ့ပါတယ်။ ချဲလ်ဆီးတို့ ပိုင်ဆိုင်မှု အသာစီးနဲ့ ကစားခဲ့သလို ရီးရဲယ်မက်ဒရစ် ကတော့ တန်ပြန် တိုက်စစ် ကနေ တစ်ဆင့် အပိုင်အခွင့်အရေးတွေ ချောင်းပြီး ကစားခဲ့ပါတယ်။ တူခယ်ထက် အန်ဆယ်လော့တီရဲ့ ဗျူဟာက ပိုပြီး အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရလောက်အောင် ရီးရဲယ်မက်ဒရစ်ရဲ့ တန်ပြန် တိုက်စစ် ကစားပုံက ထိရောက်လွန်းခဲ့ပြီး အစောပိုင်း မိနစ်တွေမှာတင် ဦးဆောင်ဂိုး ရဖို့ နီးစပ်ခဲ့ပါတယ်။ ဗင်နီးစီးယပ်စ်ရဲ့ ပထမ တစ်ကြိမ် ကန်ချက် တိုင်ထိခဲ့သလို ဒုတိယ တစ်ကြိမ် ကတော့ တွေဝေနေခဲ့လို့ ရီးရဲယ်တို့ ဦးဆောင်ဂိုးတွေနဲ့ လွဲခဲ့ရသလို ရိစ်ဂျိမ်းစ်ရဲ့ ဖရီးကစ် ကန်ချက် တော်တော်လေး အားပါ ကောင်းမွန်ခဲ့ပေမယ့်  ကော့တွာ ကာကွယ်သွားခဲ့လို့ ချဲလ်ဆီးတို့ ကံဆိုးခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၂၁ မိနစ်နဲ့ ၂၄ မိနစ် မှာတော့ ရီးရဲယ်မက်ဒရစ် တို့ ဦးဆောင်ဂိုးတွေ ဆက်တိုက် ရရှိသွားခဲ့ပြီး ချဲလ်ဆီး နောက်တန်းနဲ့ မန်ဒီရဲ့ အားနည်းချက်တွေကို ဘန်ဇီမာက အခွင့်ကောင်းယူပြီး ခေါင်းတိုက်ဂိုးတွေနဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် မိနစ် ၄၀ မှာတော့ ဂျော်ဂျင်ဟိုရဲ့ ကွင်းလယ်ကနေ ချိန်သားကိုက် မတင်ပေးလိုက်တဲ့ ဘောလုံးကို ကိုင်ဟာဗက်ဇ်က ခေါင်းတိုက် အဆုံးသတ်ပေးခဲ့လို့ ချဲလ်ဆီးတို့ ချေပဂိုး ၁ ဂိုး ပြန်ရခဲ့ပါတယ်။

ဒါကြောင့် ၁-၃ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ရီးရဲယ်မက်ဒရစ်တို့ အဝေးကွင်း ဂိုးပြတ် နိုင်ပွဲနဲ့ အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရေး တော်တော်လေး အခြေအနေ ကောင်းသွားခဲ့ပါတယ်။
သောမက်စ် တူချယ် လက်ထက် စတန်းဖို့ဒ်ဘရစ်ချ်မှာ ပထမဦးဆုံးအကြိမ် နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီး

ဒုတိယပိုင်း မှာလည်း ချဲလ်ဆီးတို့ ချေပဂိုးရဖို့ ပြိုင်ဘက် နောက်တန်းကို ဆက်လက် ဖိအားပေးဖို့ ကြိုးပမ်းခဲ့ပေမယ့် တကယ်တမ်း ဂိုးထပ်ရသွားတာက ရီးရဲယ်မက်ဒရစ် တို့ပဲ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် မှာလည်း ဘန်ဇီမာ ကပဲ မန်ဒီရဲ့ အမှားကို ဟက်ထရစ်ဂိုး အဖြစ် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ ချဲလ်ဆီး ဘက်က လော့ဖ်တပ်စ်ချိခ်၊ ကိုဗာချစ်၊ ဇီယက်ချ်နဲ့ လူကာကူတို့ လူစားဝင်လာခဲ့သလို ရီးရဲယ်မက်ဒရစ် ကလည်း ဒဏ်ရာရသွားတဲ့ မီလီတောင် နေရာမှာ နာချို၊ ခရူးစ် အစား ကာမာဗင်ဂါ၊ ဘန်ဇီမာ အစား ဘေးလ်၊ ဗယ်ဗာဒီ အစား ဆယ်လာလော့စ် တို့နဲ့ တောက်လျောက် အားဖြည့်ခဲ့ပါတယ်။ ချဲလ်ဆီး တို့ အပိုင်အခွင့်အရေး တချို့ ထပ်ရခဲ့ပြီး လူကာကူ အံ့အားသင့်စရာ ကောင်းလောက်အောင် ဖြုန်းတီး ပစ်ခဲ့သလို မေဆန်မောင့်ရဲ့ ကန်ချက် ကောင်းပေမယ့်လည်း ဂိုးဘားတန်းပေါ်က ကျော်သွားခဲ့လို့ အိမ်ရှင်တို့ နစ်နာခဲ့ရပါတယ်။ ဒါကြောင့် ၁-၃ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ရီးရဲယ်မက်ဒရစ်တို့ အဝေးကွင်း ဂိုးပြတ် နိုင်ပွဲနဲ့ အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရေး တော်တော်လေး အခြေအနေ ကောင်းသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီပွဲ မတိုင်ခင် တွေ့ဆုံခဲ့တဲ့ ၅ ကြိမ်မှာ ရီးရဲယ်မက်ဒရစ် တို့ ချဲလ်ဆီးကို တစ်ကြိမ် တစ်ခါမှ အနိုင်ရထားခဲ့ခြင်း မရှိပဲ ၂ ပွဲ သရေကျပြီး ၃ ပွဲ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲ မှာတော့ ရီးရဲယ်တို့ ချဲလ်ဆီး အမှားလုပ်သမျှကို အခွင့်အရေး ယူနိုင်ခဲ့ပြီး အကောင်းဆုံး လက်စားပြန်ချေနိုင်ခဲ့သလို ၁-၃ ဆိုတဲ့ ရလဒ်ကြောင့် ဒုတိယအကျော့ စပိန်မြေမှာ ဖိအားကင်းကင်းနဲ့ ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ တူချယ် စတင်ကိုင်တွယ်ချိန်ကစလို့ ချဲလ်ဆီးတို့  ဒုတိယအကြိမ် အိမ်ကွင်း ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး အဲ့ဒီ ၂ ပွဲမှာ ၇ ဂိုး အထိ ခွင့်ပြုပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါဟာ ချဲလ်ဆီး အတွက်၂၀၁၂ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ပထမဦးဆုံး အကြိမ် ၂ ပွဲ ဆက်တိုက် ၃ ဂိုးနဲ့ အထက် ရှုံးနိမ့်ခဲ့တာလို့လည်း ပြောလို့ ရပါတယ်။ တစ်ဖက် မှာတော့ ရီးရဲယ်မက်ဒရစ်ဟာ ချဲလ်ဆီးနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၆ ကြိမ်မှာ ပထမဦးဆုံး အကြိမ် အနိုင်ရခဲ့ခြင်း ဖြစ်ပေမယ့် ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ အသင်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၆ ပွဲစလုံးကိုတော့ ရီးရဲယ်တို့ ရာနှုန်းပြည့် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဝက်ဖို့ဒ်
လိဒ် ယူနိုက်တက်
1X2 သရေ @ 3.10
ဂိုးပေါ် 2.50 @ 1.84
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကာရင်မ် ဘန်ဇီမာ ကတော့ မက်ဆီ၊ ရော်နယ်ဒို၊ အက်ဒရီယာနိုတို့ ပြီးရင် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် နှစ်ပွဲဆက် ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ စတုတ္ထမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဘန်ဇီမာ အနေနဲ့ ချန်ပီယံလိဂ် တစ်ရာသီ အတွင်း ၁၀ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး ပြင်သစ် ကစားသမား ဖြစ်လာခဲ့ပြီး ဥရောပပြိုင်ပွဲတွေမှာ ချဲလ်ဆီး ဘက်ကို ပထမဦးဆုံး ဟက်ထရစ် သွင်းနိုင်တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

လာမယ့်ပွဲစဉ်များ ဒီနှစ်သင်း ကတော့ လာမယ့် တစ်ပတ် အင်္ဂါနေ့၊ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဒုတိယအကျော့ အဖြစ် ထပ်မံ တွေ့ဆုံ ယှဉ်ပြိုင်ရဖို့ ရှိပြီး အဲ့ဒီ ပွဲမတိုင်ခင် မှာတော့ ရီးရဲယ်မက်ဒရစ်တို့ ဂီတာဖေးနဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ ရှိသလို ချဲလ်ဆီး ကလည်း ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်