နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲယ်မက်ဒရစ် – ချဲလ်ဆီး | ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ (ပွဲကြိုသုံးသပ်ချက်)

ရီးရဲယ်မက်ဒရစ် – ချဲလ်ဆီး

ဒီတစ်ပတ် ကြားရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ပထမအကျော့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ၁-၃ ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ထားတဲ့ ချဲလ်ဆီးတို့ ရီးရဲယ်မက်ဒရစ်ရဲ့ ဘာနေဗျူးကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ရီးရဲယ်မက်ဒရစ်ပဲ ဆီမီးဖိုင်နယ် တက်ဖို့ အခြေအနေ ကောင်းနေခဲ့ပေမယ့် မထင်မှတ်တာတွေ လုပ်ပြတတ်တဲ့ ချဲလ်ဆီး ကရော အံ့အားသင့်ဖွယ် ရလဒ်နဲ့ နောက်တစ်ဆင့် တက်သွားနိုင်ဦးမလား ဆိုတာ စိတ်ဝင်စား ကောင်းနေဆဲ ဖြစ်ပါတယ်။

ကာရင်မ် ဘန်ဇီမာရဲ့ Back to back ဟက်ထရစ်နဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ရထားတဲ့ ရီးရဲယ်မက်ဒရစ်တို့ ဖိအားကင်းနေတယ် ဆိုပေမယ့် လုံးဝ ပေါ့ဆလို့တော့ မရပါဘူး။ ရာသီ အစမှာ တစ်ချိန်က အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ နည်းပြဟောင်း အန်ဆယ်လော့တီကို ပြန်လည် ခန့်အပ်ပြီး အများစု မျှော်လင့်မထားတဲ့ ပုံစံကောင်း တစ်ခုနဲ့ ဖြတ်သန်းနေခဲ့တဲ့ ရီးရဲယ်မက်ဒရစ်တို့ ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ဖို့ စိတ်အား ထက်သန်နေပါတယ်။ လာလီဂါ မှာလည်း အဓိက ပြိုင်ဘက်တွေကို ၁၂ မှတ်အထိ ဖြတ်ထားနိုင်တဲ့ ရီးရဲယ် တို့ ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ မှာပါ အရင်နှစ်တွေနဲ့ မတူတဲ့ အခြေအနေ တစ်ခုကို ပြန်လည် ပိုင်ဆိုင်ထားပါတယ်။ အဓိက အသင်းကို ဦးဆောင်နေတဲ့ ကာရင်မ် ဘန်ဇီမာ ကိုယ်တိုင် လာလီဂါမှာ ၂၄ ဂိုးသွင်းပြီး ပံ့ပိုးမှု ၁၁ ကြိမ်အထိ ပြုလုပ်ထားသလို ချန်ပီယံလိဂ် မှာလည်း ၁၁ ဂိုးအထိ သွင်းထားပါတယ်။ နောက်တစ်ဦး ကတော့ ဗင်နီးစီးယပ်စ် ဂျူနီယာ ဖြစ်ပြီး ဘန်ဇီမာကို အကောင်းဆုံး ပံ့ပိုးပေးနေသလို သူကိုယ်တိုင်လည်း အရေးပါတဲ့ ဂိုးတွေ သွင်းပေးထားပါတယ်။ ရီးရဲယ်မက်ဒရစ်ဟာ ဒီရာသီ အိမ်ကွင်း ရှုံးပွဲ ၂ ပွဲသာ ရှိထားပြီး လာလီဂါမှာ ဘာစီလိုနာကို ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲနဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ရှရစ်ဖ်ကို ရှုံးထားတဲ့ ပွဲက ကျန်ပွဲ အားလုံးနီးပါး အနိုင်ရထားခဲ့ပါတယ်။ ဒါကြောင့် အခုပွဲ မှာလည်း ချဲလ်ဆီးတို့ သေချာပေါက် ဖောင်ဖျက် တိုက်လာမှာ မှန်ပေမယ့် အန်ဆယ်လော့တီ အနေနဲ့ မရှုံးအောင်တော့ ပြင်ဆင်ထားမှာ သေချာပါတယ်။ တစ်ခုရှိတာက ဗဟိုခံစစ်က မီလီတောင် ပွဲပယ်ပြစ်ဒဏ် ထိထားပြီး ဖာလန်း မန်ဒီ ကလည်း ပြီးခဲ့တဲ့ ပွဲမှာ လေ့ကျင့်ခန်းတောင် မဆင်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။ ဒီအခြေအနေတွေကြောင့် ရီးရဲယ်တို့ ခံစစ်ပိုင်း အနည်းငယ် အားနည်းနေနိုင်ပါတယ်။

ပရီးမီးယား လိဂ်
တော့တင်ဟမ် ဟော့စပါး
ဘရိုက်တန်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – ကော့တ်တွာ၊ ကာဗာဟယ်၊ အလာဘာ၊ နာချို၊ မန်ဒီ၊ ခရူးစ်၊ ကတ်ဆီမီရို၊ မိုဒရစ်၊ အဆန်စီရို၊ ဗင်နီးစီးယပ်စ်၊ ဘန်ဇီမာ

တောက်လျောက် ပုံစံကောင်းတွေ ရနေခဲ့ပြီးမှ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်ခဲ့သလို ချန်ပီယံလိဂ် မှာပါ ရီးရဲယ်မက်ဒရစ်ကို ဂိုးပြတ် ထပ်ရှုံးခဲ့တဲ့ ချဲလ်ဆီးတို့ ပြီးခဲ့တဲ့ ပွဲစဉ် မှာတော့ ဆောက်သမ်တန်ကို ဂိုးဒါဇင်ဝက် သွင်းပြီး အမြန်ဆုံး ပြန်ပြီး ရုန်းထထားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အပြီးမှာ နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး ဆိုပြီး တူချယ် ကိုယ်တိုင် ဝန်ခံထားခဲ့ပေမယ့် ချဲလ်ဆီးဟာ မထင်မှတ်တာ‌တွေ လုပ်ပြတတ်တဲ့ အသင်း ဖြစ်လို့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ ပြိုင်ပွဲစုံ အဝေးကွင်း နောက်ဆုံး ၉ ပွဲဆက် ရှုံးပွဲ မရှိသလို နောက်ဆုံး ၅ ပွဲမှာ ၁၇ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီရာသီ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ အရပ်ရပ်မှာ အဝေးကွင်း ရှုံးပွဲ ၃ ပွဲသာ ရှိထားတဲ့ အတွက် ချဲလ်ဆီးရဲ့ အဝေးကွင်း စွမ်းဆောင်ရည် တော်တော်လေး အားရစရာ ကောင်းတယ်လို့ ပြောလို့ ရပါတယ်။ ဒါ့အပြင် နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၅ ပွဲမှာ ချဲလ်ဆီးတို့ ဂိုးမသွင်းနိုင်တဲ့ ပွဲ ၁ ပွဲသာ ရှိခဲ့ပါတယ်။ လက်တလော ခြေစွမ်းအရ ဆိုရင်တော့ ချဲလ်ဆီး တိုက်စစ်က ဆောက်သမ်တန်နဲ့ ပွဲမှာ တော်တော်လေး ဂိုးမြူးခဲ့ပြီး အဲ့ဒီ နိုင်ပွဲကြောင့်ပဲ ယုံကြည်မှုတွေ ပြန်နေနိုင်ပြီး ဘာနေဗျူးမှာ မဖြစ်နိုင်တာတွေ လုပ်ပြဖို့ အကောင်းဆုံး ပြင်ဆင်လာမယ့် သဘော ရှိပါတယ်။ လက်တလော အသင်းမှာ အိုဒွိုင်းနဲ ချေးဝဲလ် ကတော့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိပြီး တိုက်စစ်မှူး ရိုမယ်လူ လူကာကူ ဒဏ်ရာကြောင့် ပါဝင်လာဖို့ မသေချာသေးပါဘူး။ အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွယ်တာ ကတော့ ကိုဗစ် ၁၉ စစ်တဲ့ အခါမှာ Negative ထွက်ခဲ့တာကြောင့် မက်ဒရစ်ကို လိုက်ပါသွားနိုင်ဖို့ ရှိနေပါတယ်။

ဒါ့အပြင် နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၅ ပွဲမှာ ချဲလ်ဆီးတို့ ဂိုးမသွင်းနိုင်တဲ့ ပွဲ ၁ ပွဲသာ ရှိခဲ့ပါတယ်။
ပြိုင်ပွဲစုံ အဝေးကွင်း နောက်ဆုံး ၉ ပွဲဆက် ရှုံးနိမ့်ထားခြင်း မရှိတဲ့ ချဲလ်ဆီး

ဖြစ်နိုင်ဖွယ် လူစာရင်း – မန်ဒီ၊ ဆေးလ်ဗား၊ ရူဒီဂါ၊ ခရစ္စတန်ဆန်၊ ရိစ်ဂျိမ်းစ်၊ အလွန်ဆို၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ မောင့်၊ ဗာနာ၊ ဟာဗက်ဇ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ရီးရဲယ်မက်ဒရစ်တို့ ပြီးခဲ့တဲ့ ပွဲမှာ အနိုင်ရခဲ့လို့ ချဲလ်ဆီးနဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၅ ကြိမ်ဆက် နိုင်ပွဲ မရခဲ့မှုကို အဆုံးသတ် ထားနိုင်ခဲ့ပါတယ်။ မနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ တွေ့ဆုံထားခဲ့ပြီး ပထမအကျော့ ဘာနေဗျူးမှာ ၁-၁ ရလဒ် ထွက်ပေါ်ခဲ့ပြီး ဒုတိယအကျော့ စတန်းဖို့ဒ်ဘရစ်ချ် မှာတော့ ချဲလ်ဆီးက ၂-၀ ရလဒ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်လှမ်းထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ရီးရဲယ်မက်ဒရစ် အတွက် ၂.၄၉ ဆ၊ ချဲလ်ဆီး အတွက် ၃.၂၀ ဆ၊ သရေ အတွက် ၂.၈၃ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လက်တွေ့ကျကျပဲ စဉ်းစားထားရမယ့် ပွဲဖြစ်ပါတယ်။ အစဉ်အလာမှာ ချဲလ်ဆီးတို့ ဘယ်လောက်ပဲ Comeback ခဲ့ပါစေ။ လက်ရှိ ခြေစွမ်းပိုင်း အရတော့ အိမ်ရှင် ရီးရဲယ်တို့ ထပ်မနိုင်ရင်တော့ သေချာတာတော့ ရှုံးနိုင်တဲ့ အခြေအနေ မရှိပါဘူး။ နည်းပြ နှစ်ဦးစလုံး ချန်ပီယံလိဂ် ကို ဘယ်လို ကစားရမယ် ဆိုတာ ကောင်းကောင်း သိကြပေမယ့် အတွေ့အကြုံပိုင်း မှာတော့ တူချယ် အနေနဲ့ အန်ဆယ်လော့တီကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ရီးရဲယ်ကို ထပ်ပြီး ယုံကြည်ချင်ပေမယ့် အပြည့်အဝ ပျော်ရွှင်ရမယ့် ဂိုးပေါ်ကိုပဲ ရွေးချယ်ထားချင်ပါတယ်။


ခန့်မှန်းရလဒ် (၂-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်