နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရော်နယ်ဒို အသက်ဆက်ပေးနေတဲ့ တပ်ပျက် ဂျူဗီအတွက် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် – စီးရီးအေ ပွဲပြီးသုံးသပ်ချက်

အူးဒီးနီးစ် ၁ – ၂ ဂျူဗင်တပ်စ်

ကစားသမားဘဝတုန်းက နိုင်ပွဲတွေ အတွက် အမြဲတမ်း အရေးပါခဲ့သူ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ဖန်တီးရှင်ဟောင်း ပီယာလို ကတော့ နည်းပြဘဝ ရောက်မှ နိုင်ပွဲ ဘယ်လိုရအောင်ရှာရမလဲ ဆိုတာ အခုထိ စဉ်းစားလို့ မရသေးတဲ့ ပုံပါပဲ။ မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာဆိုရင် ဂျူဗင်တပ်စ်တို့ မိနစ် ၈၀ ကျော်လောက် အထိ အူးဒီးနီးစ်ရဲ့ ၁-၀ နဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပြီး ရော်နယ်ဒိုရဲ့ နောက်ကျဂိုး ၂ ဂိုးသာ မကယ်ရင် လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ပွဲငတ်သွားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ရှေ့ပွဲမှာတုန်းက ဂျူဗင်တပ်စ်တို့ ဖီအိုရင်တီးနားနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့လို့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် စိုးရိမ်နေရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုပွဲမှာ မဖြစ်မနေ ၃ မှတ်ရဖို့ ပြင်ဆင်လာခဲ့ပြီး ကစားပုံ ကို အနည်းငယ် အပြောင်းအလဲ လုပ်ခဲ့ပေမယ့် ခြေစွမ်းကတော့ ထူးမခြားလာခဲ့ပါဘူး။ တိုက်စစ်မှာ ထုံးစံအတိုင်း ရော်နယ်ဒိုနဲ့ ဒီဘားလား တို့ကို တွဲဖက်ပေးခဲ့ပြီး ကွင်းလယ်မှာ‌တော့ ဘာနက်ဒက်ရှီ၊ မက်ကင်နီ၊ ဘန်တန်ကာ၊ ကွာဒွာဒို၊ နောက်တန်းမှာတော့ ဒန်နီလို၊ ဆန်ဒရို၊ ဒီလစ်ဂျ်၊ ဘိုနူချီ၊ ဂိုးမှာ ရှက်ဇီနီနဲ့ ပွဲထွက်လာခဲ့ပါတယ်။ အိမ်ရှင် အူးဒီးနီးစ်ကလည်း ဂျူဗင်တပ်စ်ကို မနှစ်ကလို အိမ်ကွင်းမှာ ဒုက္ခပေးနိုင်ဖို့ မျှော်လင့်ခဲ့ပြီး ရိုဒရီဂို ဒီပေါလ်၊ ရော်ဘတ်တို ပီရေးရား၊ မိုလီနို၊ ဘရမ်းနူတင့်ခ်၊ ဘီကာအို၊ ဘွန်နီဖာဇီ တို့လို အမာခံ ကစားသမားတွေနဲ့ ပွဲထွက်လာပါတယ်။

 
ပွဲစတာနဲ့ အူးဒီးနီးစ်တို့ တောင်ပံက မိုလီနာရဲ့ ရုန်းအားတွေနဲ့ ဂျူဗင်တပ်စ် နောက်တန်းကို အလုပ်ပေးခဲ့ပြီး ပွဲချိန် ၁၀ မိနစ်  မှာတော့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ဒီဂိုး  ကိုတော့ ပြစ်ဒဏ်ကနေ ဒီပေါလ်ရဲ့ မထင်မှတ်တဲ့ ပေးပို့မှုကနေ မိုလီနာက လျင်လျင်မြန်မြန် ပြေးထွက်သွားပြီး ဂိုးပေါက်ထဲကို ထောင့်ဖြတ် အပြေးကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရတဲ့ ဂျူဗင်တပ်စ်တို့ ချေပဂိုးတွေ ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ရော်နယ်ဒိုက လွဲလို့ ဘယ်သူ့ဆီကမှ ထိရောက်တဲ့ အားထုတ်မှုတွေ မြင်တွေ့ခဲ့ရခြင်း မရှိပါဘူး။ ရော်နယ်ဒို အနေနဲ့ ကလည်း အူးဒီးနီးစ် နောက်ခံလူတွေရဲ့ တောက်လျောက် လူကပ် ကစားတာ ခံနေရလို့ ဂိုးသွင်းဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ် အတွက် ပွဲချိန် ၈၂ မိနစ်မှာ ရတဲ့ ရော်နယ်ဒို ရဲ့ ဖရီးကစ်ဟာ ပွဲအတွက် အလှည့်အပြောင်း ဖြစ်သွားစေခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ကန်ချက်ကို လူတံတိုင်းပိတ်ကာခဲ့တဲ့ ဒီပေါလ်ဟာ ဂိုးဧရိယာထဲမှာ လက်နဲ့ ပုတ်ထုတ်မိခဲ့လို့ ဂျူဗင်တပ်စ်တို့ ပင်နယ်တီ ကန်ခွင့်ရသွားပါတယ်။ ပင်နယ်တီ ကိုတော့ ရော်နယ်ဒို က အတည်ငြိမ်ဆုံး အဆုံးသတ်ပေးခဲ့ပြီး ကစားသမားတွေလည်း လက်ကျန်မိနစ်တွေမှာ စိတ်ဓာတ်တက်သွားတာ တွေ့ရပါတယ်။ အဲ့နောက် ၈၉ မိနစ် အရောက်မှာ ကွင်းလယ်က ရာဘီရု့တ် ဂိုးဧရိယာထဲ လှမ်းတင်ပေးတဲ့ ဘောလုံးကို ခရစ္စတီယာနို ရော်နယ်ဒို ကပဲ ပြိုင်ဘက် နောက်ခံလူ နှစ်ယောက်အကြားကနေ အမိအရ ခေါင်းတိုက် သွင်းယူပေးခဲ့လို့ ဂျူဗီတို့ ဒုတိယဂိုး ရသွားခဲ့ပြီး ပွဲအပြီးမှာ ၁-၂ ရလဒ်နဲ့ စီးရီးအေ နိုင်ပွဲရသွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အူးဒီးနီးစ် ကတော့ စီးရီးအေ မှာ အမှတ်မလိုတော့သလို လာမယ့်ပွဲမှာ ဘိုလော့ဂ်နာနဲ့ ကစားရမှာ ဖြစ်လို့ ဖိအားကင်းနေပါလိမ့်မယ်။
စီးရီးအေ နောက်ဆုံး ၅ ပွဲမှာ နိုင်လိုက်၊ ရှုံးလိုက် ဖြစ်နေတဲ့ အူးဒီးနီးစ်

အခုနိုင်ပွဲက ပီယာလိုနဲ့ ဂျူဗင်တပ်စ် အတွက် ရော်နယ်ဒို ရှာပေးခဲ့တဲ့ တန်ဖိုးရှိတဲ့ စီးရီးအေ နိုင်ပွဲ ဖြစ်ပါတယ်။ ဒီပွဲမှာသာ ဂျူဗင်တပ်စ်တို့ ရှုံးနိမ့်ခဲ့မယ် ဆိုရင် စီးရီးအေ အဆင့် ၆ နေရာလောက် အထိ ရောက်သွားနိုင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ပါ ခက်ခဲသွားနိုင်မယ့် အခြေအနေ ဖြစ်ပါတယ်။ ဘာပဲပြောပြော နည်းပြ ပီယာလိုရဲ့ စွမ်းဆောင်ရည်က ဘယ်လိုမှ အရည်အသွေး မမှီသေးဘူး ဆိုတာ သိသာစေခဲ့တဲ့ နောက်ထပ် ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒါနဲ့ ပီယာလိုကို ဘာ့ကြောင့် အခုလို ဝေဖန်သလဲလို့ မေးကောင်း မေးလာနိုင်ပါတယ်။ အဖြေက ရှင်းရှင်းလေးပါပဲ။ ၂၀၁၁ ကစလို့ အသင်းကို ကိုင်တွယ်ခဲ့ကြတဲ့ ဘယ်နည်းပြ မဆို ဂျူဗင်တပ်စ်ရဲ့ စီးရီးအေ ရာသီဆက် ချန်ပီယံ စံချိန်ကိုတော့ ထိန်းပေးနိုင်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး သေချာ ပြန်စဉ်းစားကြည့်မယ် ဆိုရင် ပီယာလိုရဲ့ အသင်းမှာ တကယ့်ကို အရည်အသွေးရှိတဲ့ ကစားသမားတွေ ဒုနဲ့ဒေး ရှိနေတဲ့ အပြင် ဒီရာသီမှာဆိုရင် ရော်နယ်ဒို ရှိနေပြီးသား တိုက်စစ် အတွက် မိုရာတာနဲ့ အင်အားထပ်ဖြည့်ခဲ့ပြီး မက်ကင်နီ၊ အာသာ၊ ခီယေဇာတို့ကိုပါ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ မည်သို့ပင် ဆိုပါစေ ဂျူဗီရဲ့ ၉ ရာသီဆက် စီးရီးအေ ဆုဖလားရရှိမှု စံချိန် ကတော့ ကစားသမားဟောင်းကြီး ပီယာလို လက်ထက်မှာ ရပ်တန့်သွားခဲ့ရပါပြီ။ အဲ့ထက် ပိုဆိုးတာက ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့တောင် အသည်းအသန် ကစားနေရတဲ့ ဂျူဗင်တပ်စ်တို့ လာမယ့်ရာသီ အတွက် အဓိကပြင်ဆင်ရမှာက ဘယ်အပိုင်း ကိုလည်း ဆိုတာ နားလည်သဘောပေါက် လောက်ပါပြီ။
 

လာမယ့်ပွဲစဉ်များ

လာမယ့် တစ်ပတ်မှာ အေစီမီလန်နဲ့ ကစားရမှာ ဖြစ်လို့ ဂျူဗင်တပ်စ်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ကတော့ ဂယောက်ဂယက်တွေ ဖြစ်လာဦးမှာပါ။ အူးဒီးနီးစ် ကတော့ စီးရီးအေ မှာ အမှတ်မလိုတော့သလို လာမယ့်ပွဲမှာ ဘိုလော့ဂ်နာနဲ့ ကစားရမှာ ဖြစ်လို့ ဖိအားကင်းနေပါလိမ့်မယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်