နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရို ၂၀၂၀ ကို ကြိုတင် ခန့်မှန်းကြည့်ခြင်း | ပြင်သစ်

အခုတစ်ခါမှာတော့ ယူရို ၂၀၂၀ ကစားမယ့် အသင်းတွေရဲ့ အုပ်စု အခြေအနေ၊ လူစာရင်းနဲ့ ကစားကွက်၊ စောင့်ကြည့်ရမယ့် ကစားသမား၊ အလားအလာတွေနဲ့ ပတ်သတ်လို့ ကြိုတင်ခန့်မှန်းချက်တွေကို  ကျွန်တော်များ SBOTOP ကနေ တင်ဆက် ဖော်ပြပေးနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အသင်းတွေ အားလုံးထဲမှာ အတောင့်တင်းဆုံး လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ် အကြောင်း တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

ဒက်ချမ့်စ်ရဲ့ ပြင်သစ် ကတော့ ကမ္ဘာ့ဖလား ယူပြီးတဲ့ နောက်မှာ ယူရို ၂၀၂၀ ချန်ပီယံဆုကိုပါ ထပ်ပြီး ကိုင်မြှောက်နိုင်ဖို့ ကြိုးပမ်းလာမှာ ဖြစ်ပါတယ်။ လက်ရှိ လူစာရင်း၊ ခြေစွမ်းအရ ဆိုရင်လည်း ပြင်သစ်တို့ ဘာမဆို မျှော်လင့်လို့ ရနေတဲ့ အခြေအနေမှာ ရှိနေလို့ လက်ရှိချန်ပီယံ ပေါ်တူဂီ၊ ဂျာမနီ၊ ဟန်ဂေရီတို့ ပါဝင်တဲ့ မရဏအုပ်စုမှာ ကျရောက်နေတာတောင် ချန်ပီယံဖြစ်ဖို့ ထိပ်ဆုံးက ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။
 

သမိုင်းကြောင်း

ဘောလုံးသမိုင်းမှာ ပြန်ကြည့်မယ် ဆိုရင် ပြင်သစ်ဟာ ဘရာဇီးလ်၊ ဂျာမနီ၊ အီတလီ တို့လောက် မအောင်မြင်ခဲ့ဘူး ဆိုရင်တောင် မနိမ့်ကျတဲ့ အခြေအနေမှာ ရှိပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၁၅ ကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး ချန်ပီယံ ၂ ကြိမ်၊ ဒုတိယ ၁ ကြိမ်၊ တတိယ ၃ ကြိမ်၊ စတုတ္ထ ၁ ကြိမ်၊ ရှုံးထွက်အဆင့် ၃ ကြိမ် ရောက်ရှိတဲ့ အထိ အောင်မြင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား ၂ ကြိမ် ရဖူးတဲ့ အသင်းပီပီ ဥရောပချန်ပီယံရှစ် မှာလည်း ချန်ပီယံ ၂ ကြိမ် ဖြစ်ထားပြီး ဂျာမနီနဲ့ စပိန်တို့ရဲ့ အောင်မြင်မှုကို လိုက်မှီဖို့ ၁ ကြိမ်ပဲ လိုပါတော့တယ်။ ထူးခြားချက်က ပြင်သစ်တို့ ၁၉၉၈ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ပြီး ၂ နှစ် အကြာ ယူရို ၂၀၀၀ မှာ ချန်ပီယံ ဖြစ်ခဲ့ဖူးတာကြောင့် လက်ရှိ အနေအထားအရ ဆိုရင် တိုက်တိုက်ဆိုင်ဆိုင်ပဲ သမိုင်းတစ်ပတ် ပြန်လည်ပြီး ယူရို ၂၀၂၀ ချန်ပီယံ ဖြစ်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာတော့ ပြင်သစ်တို့ သမိုင်းတစ်လျှောက် တတိယအကြိမ် အိမ်ရှင် ပြုလုပ်ခွင့် ရရှိခဲ့ပြီး ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်း ဖြစ်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ပေါ်တူဂီကို မထင်မှတ်ပဲ အချိန်ပိုမှ အီဒါရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ရှုံးနိမ့်ထားခဲ့ ပါတယ်။ ဒါ့ကြောင့် ဒက်စ်ရွှမ့်စ်ရဲ့ အသင်းက နောက်ထပ် နှစ်နှစ်အကြာမှာ ကျင်းပတဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ကိုတော့ အရယူပြီး စိတ်ဖြေခဲ့ရပါတယ်။
 

နည်းပြ

ဒီဒီယာ ဒက်စ်ရွှမ့်စ်

မာဆေးလ်၊ ဂျူဗင်တပ်စ်၊ ချဲလ်ဆီး၊ ဗလင်စီယာတို့မှာ ကစားသမားဘဝ ဖြတ်သန်းခဲ့တဲ့ ဒက်စ်ရွှမ့်စ် အနေနဲ့ ပြည်တွင်း ဆုဖလားတွေ သာမက ၁၉၉၃ ခုနှစ်မှာ မာဆေးလ်နဲ့ အတူ ချန်ပီယံလိဂ် ဖလား ရရှိခဲ့ပြီး ၂ နှစ် အကြာမှာ ဂျူဗင်တပ်စ်နဲ့ နောက်ထပ် တစ်ကြိမ် ချန်ပီယံလိဂ် ဖလား ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားနဲ့ ၂၀၀၀ ခုနှစ် ယူရိုပြိုင်ပွဲ တွေမှာ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ကစားသမားဘဝ အနားယူပြီး နည်းပြ စတင် လုပ်ကိုင်ပြီး မကြာခင်မှာပဲ မိုနာကို အတွက် ကိုပါပြင်သစ်ဖလား ယူပေးပြီး ချန်ပီယံလိဂ် မှာလည်း ဒုတိယရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ အဲ့နောက် ဂျူဗင်တပ်စ်ကို တစ်ရာသီပဲ ကိုင်တွယ်ပြီး စီးရီးဘီ ကနေ စီးရီးအေဆီ ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ကစားသမားဘဝ စတင်ရာ မာဆေးလ်ကို ပြန်ခဲ့ပြီး ၂၀၀၉ ကနေ ၂၀၁၂ အထိ ပြင်သစ် ပြည်တွင်း ဖလား ၆ လုံး ရယူပေးခဲ့ပါတယ်။ ၂၀၁၂ မှာတော့ လောရန့်ဘလန့် နေရာမှာ အစားထိုး ခန့်အပ်ခံရပြီး ပြင်သစ် အသင်းကို လက်ရှိအချိန်အထိ အကောင်းဆုံး ကိုင်တွယ်ထားနိုင်တာ တွေ့ရပါတယ်။ ပြင်သစ်နဲ့ ကစားသမားဘဝမှာ ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားကို နည်းပြ ဘဝမှာ ထပ်မံရရှိထား ခဲ့ပေမယ့် ယူရို ပြိုင်ပွဲမှာတော့ ဒုတိယနဲ့ပဲ ကျေနပ်ထားရဆဲ ဖြစ်ပါတယ်။
 

လက်ရှိ အခြေအနေ

ထူးခြားချက်က ပြင်သစ်တို့ ၁၉၉၈ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ပြီး ၂ နှစ် အကြာ ယူရို ၂၀၀၀ မှာ ချန်ပီယံ ဖြစ်ခဲ့ဖူးတာကြောင့် လက်ရှိ အနေအထားအရ ဆိုရင် တိုက်တိုက်ဆိုင်ဆိုင်ပဲ သမိုင်းတစ်ပတ် ပြန်လည်ပြီး ယူရို ၂၀၂၀ ချန်ပီယံ ဖြစ်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ပြင်သစ် ကို ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူပေးထားပြီး ယူရို ပြိုင်ပွဲမှာ ဒုတိယ ရရှိအောင် စွမ်းဆောင်ပေးထားတဲ့ နည်းပြ ဒက်စ်ရွှမ့်စ်

ပြင်သစ်ဟာ အချိန်ကြာလာလေ နည်းပြ ဒက်စ်ရွှမ့်စ် ထုဆစ်နေတဲ့ ပုံစံက တဖြည်းဖြည်း ရုပ်လုံးပေါ်လာလေပါပဲ။ ပြင်သစ် အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ ဒက်စ်ရွှမ့်စ်ရဲ့ နည်းပြ သက်တမ်းဟာ အကြာဆုံး ဖြစ်နေတာကို ကြည့်တာနဲ့ အသင်းတာဝန်ရှိသူနဲ့ ကစားသမားတွေကြားမှာ ဘယ်လောက်အထိ အဆင်ပြေပြေနဲ့ စီမံခန့်ခွဲထားနိုင်သလဲ ဆိုတာ အဖြေပေါ်ပါတယ်။ နောက်တစ်ချက် ပြင်သစ်ရဲ့ အဓိကကစားသမား တော်တော်များများဟာ အောင်မြင်မှု ဘယ်လို ရအောင် ယူရမယ် ဆိုတာ သိသလို အောင်ပွဲခံရတဲ့ အရသာကိုလည်း ကောင်းကောင်းကြီး ခံစားတတ်သူတွေ ဖြစ်ပါတယ်။ တစ်သင်းလုံး အတိုင်းအတာနဲ့ အင်္ဂလန်လို့ လူငယ်ကြယ်ပွင့်တွေ အများကြီး မပိုင်ဆိုင်ထားပေမယ့် ကစားသမားဘဝရဲ့ အကောင်းဆုံး အချိန်ကို ဖြတ်သန်းနေသူတွေ များပါတယ်။ ဒါ့ကြောင့် တည်ငြိမ်မှု အပြည့်ရှိသလို နိုင်ပွဲ ဆာလောင်စိတ် လည်း ရှိနေကြပါတယ်။ လက်ရှိ ဒက်စ်ချမ့်စ် ရွေးချယ်ထားတဲ့ အပြီးသတ် လူစာရင်းအရ ဆိုရင် ကမ္ဘာ့အကောင်းဆုံး ဆိုတဲ့ ကစားသမားတွေ အပြည့်ရှိနေတဲ့ တိုက်စစ်နဲ့ ကွင်းလယ်က လုံးဝ စိတ်ချထားလို့ ရပေမယ့် အန်ဘာပေး၊ အန်ဂိုလို ကန်တေ၊ ပေါ့ဘာတို့ ဒဏ်ရာပြသနာ မကြုံဖို့တော့ လိုပါတယ်။ ခံစစ်ပိုင်း ကတော့ အနည်းငယ် စိတ်ပူစရာ ရှိပေမယ့် ကင်ပမ်ဘီ၊ ဗာရန်း ဗဟိုခံစစ် အတွဲက တည်ငြိမ်နေပြီ ဖြစ်သလို ပါဗက်၊ လူးကပ်စ် ဟာနန်ဒက်စ် တို့က အစောပိုင်း ကတည်းက အပြစ်ပြောစရာ မရှိခဲ့သူတွေ ဖြစ်ပါတယ်။ ဒီလို ကစားသမားတွေ အပြင် လူးကပ်စ် ဒီဂနေး၊ ဇူးမား၊ လန်းဂ်လတ်၊ ဒူဘွိုက်စ်၊  ကွန်ဒေး တို့လည်း ရှိနေသေးပါတယ်။ ဒါပေမယ့် အကျပိုင်း ရောက်လာတဲ့ စပါးဂိုးသမား လိုရစ်ကို အဓိက သုံးနေရတာ ကတော့ မထင်မှတ်ပဲ ဆုံးရှုံးမှုတွေ ကြီးသွားနိုင်လို့ ဒက်စ်ရွှမ့်စ် အနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။
 

စောင့်ကြည့်ရမယ့် ကစားသမား

ကီလီယန် အန်ဘာပေး (တိုက်စစ်)

ပြင်သစ်ရဲ့ အဓိကထား စောင့်ကြည့်ရမယ့် ကစားသမား ဆိုရင် အကုန်လုံးနီးပါးက ကီလီယန် အန်ဘာပေး လို့ပဲ ရွေးကြပါလိမ့်မယ်။ ကစားဟန် မတူကြပေမယ့် မက်ဆီ၊ ရော်နယ်ဒို ခေတ်အလွန် ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ထိုက်တန်ခဲ့သူဟာ အန်ဘာပေးပဲ ရှိပါတယ်။ ပီအက်စ်ဂျီ အသင်းဖော် နေမာ တောင် အန်ဘာပေးရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ပိုင်းကို လုံးဝမမှီပါဘူး။ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီနဲ့ အဓိကဆုဖလားတွေ လွဲချော်ခဲ့ပေမယ့် အခုနှစ်အတွက် ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဆန်ကာတင်စာရင်း ထိပ်ဆုံး ၃ ဦးနေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။ အသက် ၂၀ မပြည့်ခင်မှာပဲ ကမ္ဘာ့ဖလား ရရှိထားပြီး ဖြစ်သလို အခု အသက် ၂၃ နှစ် မပြည့်ခင် နိုင်ငံအသင်း အတွက် အဓိက ဆုဖလားကို ထပ်ပြီး ရယူပေးနိုင်ခဲ့မယ်ဆိုရင် ဘယ်လွန်ဒေါဆုက ပြင်သစ်သားလေး အတွက် လုံးဝကို ပစ်မလွဲပါပဲ။
 

အုပ်စု အလားအလာ

ယူရို ၂၀၂၀ မှာ အုပ်စု(အက်ဖ်)က တကယ့်ကို မရဏအုပ်စုပါပဲ။ အုပ်စု (အက်ဖ်)မှာ ထူးထူးခြားခြားပဲ လက်ရှိ ယူရိုပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း ဂျာမနီ၊ လက်ရှိ ချန်ပီယံ ပေါ်တူဂီ အပြင် ခြေစွမ်း မာကျောလာတဲ့ ဟန်ဂေရီနဲ့  အတူ ကမ္ဘာ့ချန်ပီယံ ပြင်သစ်လည်း တစ်အုပ်စုတည်း ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအသင်းတွေ အားလုံးထဲမှာ ပြင်သစ်ဟာ ခေါင်းတစ်လုံး ပိုမြင့်နေတာရယ်၊ ပြိုင်ပွဲကျင်းပတဲ့ ပုံစံအသစ်ကြောင့်ရယ် ကျိန်းသေပေါက် နောက်တစ်ဆင့် တက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အုပ်စု ပထမနေရာ ရရင် ဆီမီးဖိုင်နယ်အထိ အသာအယာ ကျော်ဖြတ်သွားနိုင်မှာ ဖြစ်လို့ ဒက်စ်ရွှမ့်စ်နဲ့ အပြာရောင် တပ်သားတို့ ယူရို ၂၀၂၀ အုပ်စု ပွဲစဉ်တွေ ကတော့ လုံးဝကို အမှားခံလို့တော့ မရတဲ့ သဘောမှာ ရှိပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်